■တရုတ်အပေါ် အလွန်မှီခိုနေရသော နိုင်ငံများအား ၂ ကြိမ်ပြန်စဉ်းစားရန် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး သတိပေး

■တရုတ်အပေါ် အလွန်မှီခိုနေရသော နိုင်ငံများအား ၂ ကြိမ်ပြန်စဉ်းစားရန် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး သတိပေး

ဥရောပနှင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများအနေဖြင့် စီးပွားရေးနှင့် နိုင်ငံရေးအရ တရုတ်နိုင်ငံအပေါ် အလွန်အမင်း မှီခိုခြင်းမပြုမီ ထပ်မံစဉ်းစားရန် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက တိုက်တွန်းလိုက်သည်။
” တရုတ်နိုင်ငံကို မှီခိုနေရတယ်လို့ ထင်ရင် အဲဒီနိုင်ငံခြား ရေးမူဝါဒက အကျပ်ခံနေရပါပြီ” ဟု အမေရိကန်မှ ထောက်ပံ့ပေးထားသော Radio Free Europe နှင့် အောက်တိုဘာ ၂၇ ရက်က ပရာ့ဂ်မြို့တွင် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ဝူက ပြောကြားခဲ့သည်။

” တရုတ်နိုင်ငံကို မှီခိုနေရတယ်လို့ ထင်ရင် သက်ဆိုင်ရာ လုပ်ဆောင်ချက်တွေ ဒါမှမဟုတ် မူဝါဒတွေ၊ အပြုအမှုတွေကို သတိထားဖို့လိုနေပါပြီ မိမိရဲ့ စီးပွားရေးအခွင့်အလမ်းတွေကို မထိခိုက်စေချင်ဘူးဆိုပေါ့”
တရုတ်၏ စစ်ရေးခြိမ်းခြောက်မှုများ တိုးလာနေချိန်တွင် ဥရောပသမဂ္ဂက ထိုင်ဝမ်ကို ထောက်ခံကြောင်း ကတိပြု လိုက်ချိန်တွင် ယင်းပြောကြားချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ ဥရောပသမဂ္ဂက ထိုင်ဝမ်ကို ထောက်ခံကြောင်း ထပ်လောင်းပြောကြားပြီးနောက် ရက်ပိုင်းအတွင်း ဝူသည် ဥရောပသို့ အလည်အပတ်ခရီး စတင်ခဲ့သည်။

ဝန်ကြီး၏ ဥရောပခရီးစဉ်အတွင်း ဥရောပသမဂ္ဂသည် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ နယ်မြေချဲ့ထွင်မှုများ အပါအဝင် ဒါဇင်ပေါင်းများစွာသောကိစ္စရပ်များတွင် တရုတ်နိုင်ငံကို ပိတ်ဆို့ရန် ကြိုးပမ်းနေသည့် အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျတို့နှင့်အတူ ဥရောပသမဂ္ဂက ပြတ်ပြတ်သားသား သတင်းစကားပေးပို့ခြင်းဖြစ်ကြောင်း တိုရွန်တိုအခြေစိုက် ပညာရှင်အဖွဲ့ IFFRAS က ပြောကြားခဲ့သည်။

ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးများက ဒေသတွင်းတွင် တရုတ်၏ ကြီးထွားလာနေသော စစ်ရေးကျူးကျော်မှုများကို ဝေဖန်ရှုတ်ချနေကြသည်။ ထိုသို့သော အခြေအနေမျိုးတွင် ဥရောပသမဂ္ဂ၏ ဝင်ရောက်ဟန့်တားမှုသည် ထိုင်ဝမ်ကို သိမ်းပိုက်မည့် တရုတ်၏ ရည်မှန်းချက်အတွက် အတားအဆီး ဖြစ်စေခဲ့သည်ဟု ပညာရှင်အဖွဲ့က ပြောကြားခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်၏ စစ်ရေးလှုပ်ရှားမှုများ မြင့်တက်လာပြီးနောက် ဥရောပ၏ လုံခြုံရေးနှင့် သာယာဝပြောရေး အတွက် ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို ဥရောပကော်မရှင် အမှုဆောင် ဒုဥက္ကဌက လည်း စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

crd

zawgyi

■တ႐ုတ္အေပၚ အလြန္မွီခိုေနရေသာ နိုင္ငံမ်ားအား ၂ ႀကိမ္ျပန္စဥ္းစားရန္ ထိုင္ဝမ္နိုင္ငံျခားေရးဝန္ႀကီး သတိေပး

ဥေရာပႏွင့္ ကမၻာတစ္ဝန္းရွိ နိုင္ငံမ်ားအေနျဖင့္ စီးပြားေရးႏွင့္ နိုင္ငံေရးအရ တ႐ုတ္နိုင္ငံအေပၚ အလြန္အမင္း မွီခိုျခင္းမျပဳမီ ထပ္မံစဥ္းစားရန္ ထိုင္ဝမ္နိုင္ငံျခားေရးဝန္ႀကီး ဂ်ိဳးဇက္ဝူက တိုက္တြန္းလိုက္သည္။
” တ႐ုတ္နိုင္ငံကို မွီခိုေနရတယ္လို႔ ထင္ရင္ အဲဒီနိုင္ငံျခား ေရးမူဝါဒက အက်ပ္ခံေနရပါၿပီ” ဟု အေမရိကန္မွ ေထာက္ပံ့ေပးထားေသာ Radio Free Europe ႏွင့္ ေအာက္တိုဘာ ၂၇ ရက္က ပရာ့ဂ္ၿမိဳ႕တြင္ ေတြ႕ဆုံေမးျမန္းမႈတစ္ခုတြင္ ဝူက ေျပာၾကားခဲ့သည္။

” တ႐ုတ္နိုင္ငံကို မွီခိုေနရတယ္လို႔ ထင္ရင္ သက္ဆိုင္ရာ လုပ္ေဆာင္ခ်က္ေတြ ဒါမွမဟုတ္ မူဝါဒေတြ၊ အျပဳအမႈေတြကို သတိထားဖို႔လိုေနပါၿပီ မိမိရဲ့ စီးပြားေရးအခြင့္အလမ္းေတြကို မထိခိုက္ေစခ်င္ဘူးဆိုေပါ့”
တ႐ုတ္၏ စစ္ေရးၿခိမ္းေျခာက္မႈမ်ား တိုးလာေနခ်ိန္တြင္ ဥေရာပသမဂၢက ထိုင္ဝမ္ကို ေထာက္ခံေၾကာင္း ကတိျပဳ လိုက္ခ်ိန္တြင္ ယင္းေျပာၾကားခ်က္ထြက္ေပၚလာျခင္းျဖစ္သည္။ ဥေရာပသမဂၢက ထိုင္ဝမ္ကို ေထာက္ခံေၾကာင္း ထပ္ေလာင္းေျပာၾကားၿပီးေနာက္ ရက္ပိုင္းအတြင္း ဝူသည္ ဥေရာပသို႔ အလည္အပတ္ခရီး စတင္ခဲ့သည္။

ဝန္ႀကီး၏ ဥေရာပခရီးစဥ္အတြင္း ဥေရာပသမဂၢသည္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ား၊ နယ္ေျမခ်ဲ႕ထြင္မႈမ်ား အပါအဝင္ ဒါဇင္ေပါင္းမ်ားစြာေသာကိစၥရပ္မ်ားတြင္ တ႐ုတ္နိုင္ငံကို ပိတ္ဆို႔ရန္ ႀကိဳးပမ္းေနသည့္ အေမရိကန္၊ ဂ်ပန္ႏွင့္ ၾသစေၾတးလ်တို႔ႏွင့္အတူ ဥေရာပသမဂၢက ျပတ္ျပတ္သားသား သတင္းစကားေပးပို႔ျခင္းျဖစ္ေၾကာင္း တိုရြန္တိုအေျခစိုက္ ပညာရွင္အဖြဲ႕ IFFRAS က ေျပာၾကားခဲ့သည္။

ကမၻာ့ဒီမိုကေရစီနိုင္ငံႀကီးမ်ားက ေဒသတြင္းတြင္ တ႐ုတ္၏ ႀကီးထြားလာေနေသာ စစ္ေရးက်ဴးေက်ာ္မႈမ်ားကို ေဝဖန္ရႈတ္ခ်ေနၾကသည္။ ထိုသို႔ေသာ အေျခအေနမ်ိဳးတြင္ ဥေရာပသမဂၢ၏ ဝင္ေရာက္ဟန္႔တားမႈသည္ ထိုင္ဝမ္ကို သိမ္းပိုက္မည့္ တ႐ုတ္၏ ရည္မွန္းခ်က္အတြက္ အတားအဆီး ျဖစ္ေစခဲ့သည္ဟု ပညာရွင္အဖြဲ႕က ေျပာၾကားခဲ့သည္။

ထိုင္ဝမ္ေရလက္ၾကားတြင္ တ႐ုတ္၏ စစ္ေရးလႈပ္ရွားမႈမ်ား ျမင့္တက္လာၿပီးေနာက္ ဥေရာပ၏ လုံျခဳံေရးႏွင့္ သာယာဝေျပာေရး အတြက္ ျဖစ္နိုင္ေျခရွိေသာ အႏၲရာယ္မ်ားကို ဥေရာပေကာ္မရွင္ အမႈေဆာင္ ဒုဥကၠဌက လည္း စိုးရိမ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

crd