■တရုတ်ရဲ့ သတိပေးမှုတွေရှိနေမယ့် အမေရိကန်နဲ့ ကနေဒါရေတပ်သင်္ဘောများ တိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

■တရုတ်ရဲ့ သတိပေးမှုတွေရှိနေမယ့် အမေရိကန်နဲ့ ကနေဒါရေတပ်သင်္ဘောများ တိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

၁၇ အောက်တိုဘာ ၂၀၂၁
အမေရိကိန် စစ်သင်္ဘော USS Dewey (DDG-105) နဲ့ ကနေဒါတော်ဝင်ရေတပ်က HMCS Winnipeg တိုက်သင်္ဘော အုပ်စု တိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခဲ့ကြောင်း အမေရိကန် အမှတ် ၇ ရေတပ်မတော်က အတည်ပြုပြောဆိုပါတယ်။

အောက်တိုဘာ ၁၄ နဲ့ ၁၅ ရက်နေ့က တိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခဲ့တယ်ဆိုပါတယ်။ လွန်လပ်စွာ ရေကြောင်းသွားလာရေးသတ်မှတ်ချက်တွေအတိုင်း လွတ်လပ်စွာ ဖြတ်သန်းခဲ့တာလို့ ရေတပ်စခန်းတာဝန်ခံကပြောပါတယ်။

တရုတ်အစိုးရအာဘော်သတင်းတွေကတော့ အမေရိကန်နဲ့ ကနေဒါရေတပ်သင်္ဘောတွေ တိုင်ဝမ်ရေလက်ကြားမှာ ရှိနေတာဟာ တရုတ်ရဲ့ တိုင်ဝမ်အပေါ်သဘောထားကို ပြောင်းလဲစေမှာမဟုတ်ဘူးလို့ ဖေါ်ပြပါတယ်။

ထူးခြားတာကတော့ အမေရိကန်နဲ့ကနေဒါရေတပ်ဖြတ်သန်းသွားတာကို တရုတ်ရေတပ်က သိရှိပုံမရဘူးဆို့တဲ့ ဝေဖန်ချက်တွေပါ။ နိုင်ငံတကာသတင်းတွေနဲ့ အမေရိကန်ရေတပ်က တရားဝင်ထုတ်ဖေါ်ပြောပြီးမှ တရုတ်အစိုးရအာဘော်သတင်းဌာနတွေက သိပုံရတယ်လို့ တိုင်ဝမ်အခြေစိုက် သတင်းသမားတချို့ကပြောပါတယ်။

crd
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။