■တရုတ်ရဲ့ စိန်ခေါ်မှုကို ဂရုမစိုက်တဲ့ လစ်သူရေးနီးယား

■တရုတ်ရဲ့ စိန်ခေါ်မှုကို ဂရုမစိုက်တဲ့ လစ်သူရေးနီးယား

တိုင်ဝမ်အမည်နဲ့ ကိုယ်စားလှယ်ရုံးမဖွင့်ဖို့ တရုတ်ကခြိမ်းခြောက်ခဲ့ပေမယ့် ဥရောပသမဂ္ဂအဖွဲ့ဝင် လစ်သူရေးနီးယားနိုင်ငံဟာ တိုင်ဝမ်ကိုယ်စားလှယ်ရုံးကို အခုနှစ်ဒီဇင်ဘာလထဲမှာ ဖွင့်ခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။

ရုံးဖွင့်ပွဲနဲ့ ၂ နိုင်ငံစီးပွါးရေးတိုးမြှင့်ရေးအတွက် ဆိုပြီး တိုင်ဝမ်အစိုးရတာဝန်ရှိသူတွေနဲ့ တိုင်ဝမ်လုပ်ငန်းရှင်တွေလည်း အောက်တိုဘာ၂၇ ရက်နေ့က လစ်သူရေးနီးယားနိုင်ငံကိုရောက်ရှိနေကြပြီဖြစ်ပါတယ်။ လစ်သူရေးနီးယားကိုယ်စားလှယ်ရုံးကိုလည်း လာမယ့် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ တိုင်ဝမ်မှာ စတင်ဖွင့်လှစ်မယ်ဆိုပါတယ်။

တိုင်ဝမ်အမည်နဲ့ ရုံးဖွင့်ခွင့်ပေးရင် နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ တရုတ်အစိုးရက သတိပေးခဲ့ပေမယ့် ”လစ်သူရေးနီးယားနိုင်ငံဟာ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်တာမို့ ဘယ်သူနဲ့ဘယ်လိုဆက်ဆံရမယ်ဆိုတာကို တရုတ်အနေနဲ့ ဝင်ရောက် ပြောဆို စွက်ဖက်ခွင့်မရှိဘူး”လို့ လစ်သူရေးနီးယားအစိုးရက တုန့်ပြန်ပြီး တိုင်ဝမ်ရုံးဖွင့်ခွင့်ပြုလိုက်တာပါ။

လောလောဆယ်မှာကို လစ်သူရေးနီးယားနိုင်ငံမှာ လစ်သူရေးနီးယား-တိုင်ဝမ် ၂ နိုင်ငံ စီးပွါးရေးဖိုရမ်တခုကျင်းပနေသလို ၂ နိုင်ငံဆက်သွယ်ရေးရုံးတွေ တ်ုးမြှင့်ဖွင့်ဖို့ ဆွေးနွေးသဘောတူခဲ့ကြပါတယ်။

လစ်သူရေးနီးယားအပေါ် ဖိအားပေးဖို့ တရုတ်က ရုရှားကို အကူအညီ တောင်းခဲ့ပါသေးတယ်။ ဒါပေမယ့် လူဦးရေ ၃ သန်းနီးပါးပဲရှိတဲ့ လစ်သူရေးနီးယားဟာ တချိန်က အင်အားကြီး ကွန်မြူနစ်ဆိုဗီယက်တွေကို နှစ်ပေါင်းများစွာ ခုခံတော်လှန် အောင်မြင်ခဲ့တဲ့နိုင်ငံဖြစ်သလို ဆိုဗီယက်တွေရဲ့လူမဆန်စွာရက်စက်မှုတွေရှိခဲ့တာမို့ ဒီကနေ့ ရုရှားနိုင်ငံဟာ လစ်သူရေးနီးယား-တရုတ်ပြသနာမှာ တစုံတရာဝင်ရောက်ပြောဆို ဖိအားပေးတာမရှိပါဘူး။

ဘော်လတစ်နိုင်ငံတွေလို့ လူသိများတဲ့ လစ်သူရေးနီးယား လပ်ဗီယာ နဲ့ အက်စတိုနီးယား နိုင်ငံတွေဟာ အာဏာရှင်တရုတ်ကွန်မြူနစ်အစိုးရကို ဆန့်ကျင်ပြီး ဒီမိုကရေစီတိုင်ဝမ်နဲ့ ဆက်ဆံရေးတွေ တိုးမြှင့်နေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ အလားတူ မြန်မာနိုင်ငံက စစ်တပ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံး ဆန်ကျင်နေသလို မြန်မာစစ်တပ်ကို နိုင်ငံတကာကနေ အထိရောက်ဆုံး ပိတ်ဆို့ဒဏ်ခတ်ဖို့ စည်းရုံးကျိုးစားနေတဲ့ နိုင်ငံတွေလည်းဖြစ်ပါတယ်။

BurmaNewsNetwork
crd

zawgyi

■တ႐ုတ္ရဲ့ စိန္ေခၚမႈကို ဂ႐ုမစိုက္တဲ့ လစ္သူေရးနီးယား

တိုင္ဝမ္အမည္နဲ႔ ကိုယ္စားလွယ္႐ုံးမဖြင့္ဖို႔ တ႐ုတ္ကၿခိမ္းေျခာက္ခဲ့ေပမယ့္ ဥေရာပသမဂၢအဖြဲ႕ဝင္ လစ္သူေရးနီးယားနိုင္ငံဟာ တိုင္ဝမ္ကိုယ္စားလွယ္႐ုံးကို အခုႏွစ္ဒီဇင္ဘာလထဲမွာ ဖြင့္ခြင့္ေပးလိုက္ၿပီျဖစ္ပါတယ္။

႐ုံးဖြင့္ပြဲနဲ႔ ၂ နိုင္ငံစီးပြါးေရးတိုးျမႇင့္ေရးအတြက္ ဆိုၿပီး တိုင္ဝမ္အစိုးရတာဝန္ရွိသူေတြနဲ႔ တိုင္ဝမ္လုပ္ငန္းရွင္ေတြလည္း ေအာက္တိုဘာ၂၇ ရက္ေန႔က လစ္သူေရးနီးယားနိုင္ငံကိုေရာက္ရွိေနၾကၿပီျဖစ္ပါတယ္။ လစ္သူေရးနီးယားကိုယ္စားလွယ္႐ုံးကိုလည္း လာမယ့္ ၂၀၂၂ ခုႏွစ္ ႏွစ္ဆန္းပိုင္းမွာ တိုင္ဝမ္မွာ စတင္ဖြင့္လွစ္မယ္ဆိုပါတယ္။

တိုင္ဝမ္အမည္နဲ႔ ႐ုံးဖြင့္ခြင့္ေပးရင္ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြနဲ႔ ရင္ဆိုင္ရလိမ့္မယ္လို႔ တ႐ုတ္အစိုးရက သတိေပးခဲ့ေပမယ့္ ”လစ္သူေရးနီးယားနိုင္ငံဟာ လြတ္လပ္တဲ့ အခ်ဳပ္အျခာအာဏာပိုင္နိုင္ငံျဖစ္တာမို႔ ဘယ္သူနဲ႔ဘယ္လိုဆက္ဆံရမယ္ဆိုတာကို တ႐ုတ္အေနနဲ႔ ဝင္ေရာက္ ေျပာဆို စြက္ဖက္ခြင့္မရွိဘူး”လို႔ လစ္သူေရးနီးယားအစိုးရက တုန္႔ျပန္ၿပီး တိုင္ဝမ္႐ုံးဖြင့္ခြင့္ျပဳလိုက္တာပါ။

ေလာေလာဆယ္မွာကို လစ္သူေရးနီးယားနိုင္ငံမွာ လစ္သူေရးနီးယား-တိုင္ဝမ္ ၂ နိုင္ငံ စီးပြါးေရးဖိုရမ္တခုက်င္းပေနသလို ၂ နိုင္ငံဆက္သြယ္ေရး႐ုံးေတြ တ္ုးျမႇင့္ဖြင့္ဖို႔ ေဆြးေႏြးသေဘာတူခဲ့ၾကပါတယ္။

လစ္သူေရးနီးယားအေပၚ ဖိအားေပးဖို႔ တ႐ုတ္က ႐ုရွားကို အကူအညီ ေတာင္းခဲ့ပါေသးတယ္။ ဒါေပမယ့္ လူဦးေရ ၃ သန္းနီးပါးပဲရွိတဲ့ လစ္သူေရးနီးယားဟာ တခ်ိန္က အင္အားႀကီး ကြန္ျမဴနစ္ဆိုဗီယက္ေတြကို ႏွစ္ေပါင္းမ်ားစြာ ခုခံေတာ္လွန္ ေအာင္ျမင္ခဲ့တဲ့နိုင္ငံျဖစ္သလို ဆိုဗီယက္ေတြရဲ့လူမဆန္စြာရက္စက္မႈေတြရွိခဲ့တာမို႔ ဒီကေန႔ ႐ုရွားနိုင္ငံဟာ လစ္သူေရးနီးယား-တ႐ုတ္ျပသနာမွာ တစုံတရာဝင္ေရာက္ေျပာဆို ဖိအားေပးတာမရွိပါဘူး။

ေဘာ္လတစ္နိုင္ငံေတြလို႔ လူသိမ်ားတဲ့ လစ္သူေရးနီးယား လပ္ဗီယာ နဲ႔ အက္စတိုနီးယား နိုင္ငံေတြဟာ အာဏာရွင္တ႐ုတ္ကြန္ျမဴနစ္အစိုးရကို ဆန္႔က်င္ၿပီး ဒီမိုကေရစီတိုင္ဝမ္နဲ႔ ဆက္ဆံေရးေတြ တိုးျမႇင့္ေနတဲ့ နိုင္ငံေတြျဖစ္ပါတယ္။ အလားတူ ျမန္မာနိုင္ငံက စစ္တပ္အာဏာသိမ္းမႈကို အျပင္းထန္ဆုံး ဆန္က်င္ေနသလို ျမန္မာစစ္တပ္ကို နိုင္ငံတကာကေန အထိေရာက္ဆုံး ပိတ္ဆို႔ဒဏ္ခတ္ဖို႔ စည္း႐ုံးက်ိဳးစားေနတဲ့ နိုင္ငံေတြလည္းျဖစ္ပါတယ္။

BurmaNewsNetwork
crd