■တရုတ်ရဲ့အဆင့်မြင့်လက်နက်စမ်းသပ်မှုဟာ အမေရိကန်အတွက် စိန်ခေါ်မှုဖြစ်လာပြီလို့ အမေရိကန်ထိပ်တန်းစစ်ဗိုလ်ချုပ်ပြော

■တရုတ်ရဲ့အဆင့်မြင့်လက်နက်စမ်းသပ်မှုဟာ အမေရိကန်အတွက် စိန်ခေါ်မှုဖြစ်လာပြီလို့ အမေရိကန်ထိပ်တန်းစစ်ဗိုလ်ချုပ်ပြော

တရုတ်ကနေ စမ်းသပ်နေတဲ့ အဆင့်မြင့်လက်နက်တွေဟာ အမေရိကန်အတွက် စိန်ခေါ်မှုမျိုးဖြစ်လာပြီလို့ အမေရိကန်ထိပ်တန်းစစ်ဗိုလ်ချုပ် မိုက်ခ်မီလ်လေး က သတိပေးပြောကြားလိုက်ပါတယ်။

တရုတ်ဟာ အခုရက်ပိုင်းအတွင်း အသံထက် ငါးဆမြန်တဲ့ လက်နက်သစ်တွေကို စမ်းသပ်ခဲ့ကြောင်း သတင်းတွေထွက်ပေါ်နေပြီး ဒါဟာ အမေရိကန်အတွက် သတိကြီးကြီးထားရမယ့်အချက်တစ်ခုလည်းဖြစ်တယ်လို့ ဗိုလ်ချုပ် မီလ်လေးက ပြောကြားသွားခဲ့ပါတယ်။

၁၉၅၇ ခုနှစ်တုန်း အာကာသပတ်လမ်းဆီကို ဆိုဗီယက်ယူနီယံကနေပြီး စပွတ်ညစ်ဆိုတဲ့ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်လိုက်နိုင်ချိန်တုန်းက အမေရိကန်ပြည်ထောင်စုတစ်ခုလုံး

တုန်လှုပ်စိုးထိတ်ခဲ့ရတဲ့အခြေအနေမျိုးဟာ သမိုင်းတစ်ပတ် ပြန်လည်လာနေပြီလို့လည်း ဗိုလ်ချုပ် မီလ်လေးက မှတ်ချက်ပေးထားပါတယ်။
တရုတ်ဟာ ကိုဗစ်ကပ်ဘေးကာလအတွင်း

လက်နက်သစ် စမ်းသပ်မှုတွေ၊ စစ်ရေးအင်အား တိုးချဲ့မှုတွေ၊ အာကာသမှာ အင်အားတိုးချဲ့မှုတွေ အရမ်းပဲဆောင်ရွက်လာခဲ့လို့ ဒါဟာ ကမ္ဘာတစ်ခုလုံးအတွက် စိုးရိမ်စရာကောင်းကြောင်းလည်း ဗိုလ်ချုပ် မီလ်လေးက အသိပေးသွားခဲ့ပါတယ်။

တရုတ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ ဩဂုတ်လတွေမှာ လက်နက်သစ်စမ်းသပ်မှုတွေ အများအပြား ဆောင်ရွက်ခဲ့ပြီး အဲ့ဒီလက်နက်တွေထဲက တချို့ဟာ အရမ်းကို နည်းပညာအဆင့်မြင့်ကြောင်း အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်ကနေ အချက်အလက်တွေ ရထားပြီလည်းဖြစ်ပါတယ်။
သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
ကိုးကား – BBC

zawgyi

■တ႐ုတ္ရဲ့အဆင့္ျမင့္လက္နက္စမ္းသပ္မႈဟာ အေမရိကန္အတြက္ စိန္ေခၚမႈျဖစ္လာၿပီလို႔ အေမရိကန္ထိပ္တန္းစစ္ဗိုလ္ခ်ဳပ္ေျပာ

တ႐ုတ္ကေန စမ္းသပ္ေနတဲ့ အဆင့္ျမင့္လက္နက္ေတြဟာ အေမရိကန္အတြက္ စိန္ေခၚမႈမ်ိဳးျဖစ္လာၿပီလို႔ အေမရိကန္ထိပ္တန္းစစ္ဗိုလ္ခ်ဳပ္ မိုက္ခ္မီလ္ေလး က သတိေပးေျပာၾကားလိုက္ပါတယ္။

တ႐ုတ္ဟာ အခုရက္ပိုင္းအတြင္း အသံထက္ ငါးဆျမန္တဲ့ လက္နက္သစ္ေတြကို စမ္းသပ္ခဲ့ေၾကာင္း သတင္းေတြထြက္ေပၚေနၿပီး ဒါဟာ အေမရိကန္အတြက္ သတိႀကီးႀကီးထားရမယ့္အခ်က္တစ္ခုလည္းျဖစ္တယ္လို႔ ဗိုလ္ခ်ဳပ္ မီလ္ေလးက ေျပာၾကားသြားခဲ့ပါတယ္။

၁၉၅၇ ခုႏွစ္တုန္း အာကာသပတ္လမ္းဆီကို ဆိုဗီယက္ယူနီယံကေနၿပီး စပြတ္ညစ္ဆိုတဲ့ၿဂိဳဟ္တုကို ေအာင္ျမင္စြာ လႊတ္တင္လိုက္နိုင္ခ်ိန္တုန္းက အေမရိကန္ျပည္ေထာင္စုတစ္ခုလုံး

တုန္လႈပ္စိုးထိတ္ခဲ့ရတဲ့အေျခအေနမ်ိဳးဟာ သမိုင္းတစ္ပတ္ ျပန္လည္လာေနၿပီလို႔လည္း ဗိုလ္ခ်ဳပ္ မီလ္ေလးက မွတ္ခ်က္ေပးထားပါတယ္။
တ႐ုတ္ဟာ ကိုဗစ္ကပ္ေဘးကာလအတြင္း

လက္နက္သစ္ စမ္းသပ္မႈေတြ၊ စစ္ေရးအင္အား တိုးခ်ဲ႕မႈေတြ၊ အာကာသမွာ အင္အားတိုးခ်ဲ႕မႈေတြ အရမ္းပဲေဆာင္ရြက္လာခဲ့လို႔ ဒါဟာ ကမၻာတစ္ခုလုံးအတြက္ စိုးရိမ္စရာေကာင္းေၾကာင္းလည္း ဗိုလ္ခ်ဳပ္ မီလ္ေလးက အသိေပးသြားခဲ့ပါတယ္။

တ႐ုတ္ဟာ ၿပီးခဲ့တဲ့ ဇူလိုင္လနဲ႔ ဩဂုတ္လေတြမွာ လက္နက္သစ္စမ္းသပ္မႈေတြ အမ်ားအျပား ေဆာင္ရြက္ခဲ့ၿပီး အဲ့ဒီလက္နက္ေတြထဲက တခ်ိဳ႕ဟာ အရမ္းကို နည္းပညာအဆင့္ျမင့္ေၾကာင္း အေမရိကန္စစ္ဌာနခ်ဳပ္ ပင္တဂြန္ကေန အခ်က္အလက္ေတြ ရထားၿပီလည္းျဖစ္ပါတယ္။
သတင္း – စံေတာ္ခ်ိန္ဒစ္ဂ်စ္တယ္
ကိုးကား – BBC