■တရားခွင်မှာ‌ကြောင်လိုမနားတမ်းအော်နေတဲ့ တရားခံ

■တရားခွင်မှာ‌ကြောင်လိုမနားတမ်းအော်နေတဲ့ တရားခံ

အာဂျင်တီးနားနိုင်ငံမှာနေတဲ့ အစ္စရေးနိုင်ငံသား Nicolas Gil Pereg ကို Catman လို့နာမည်ပေးထားကြပါတယ်။
သူ့ကိုလောလောဆယ်တရားစီရင်ရာမှာ မေးသမျှမဖြေပဲ မြောင် …. မြောင် …. မြောင်နဲ့ နားငြီးအောင်ကြောင်လိုအော်နေတဲ့အတွက် အချုပ်ထဲပြန်ပို့ထားတာဖြစ်ပါတယ်။

Nicolas Gil Pereg ဟာအသက် ၄၀ အရွယ်ရှိပြီး အစ္စရေးကလာလည်တဲ့ သူ့အမေနဲ့သူ့အဒေါ်တို့ကို သတ်ပြီးအလောင်းဖျောက်မှုနဲ့ အာဂျင်တီးရဲကဖမ်းထားတာပါ။
သူဟာအိမ်မှာခွေး (၄) ကောင်နဲ့ ကြောင် (၃၇) ကောင်မွေးထားပါတယ်။

တရားခွင်မှာသူဟာ Meow Meow အော်လိုက် မြောင် … မြောင် နဲ့ နားဆူအောင် (၅၅) ကြိမ်ကျယ်ကျယ်လောင်လောင် အော်ခဲ့တယ်လို့ ဆိုပါတယ်။
သူဟာ တရားစီရင်ခံရဖို့ စိတ်ကျန်းမာလျှက်ရှိနေတယ်လို့ သူ့ရဲ့ခုခံချေပမှုတွေကိုသက်သေထူပြီး အစိုးရရှေ့နေကဆိုထားပါတယ်။

သူ့အဒေါ်နဲ့အမေကို အုတ်နဲ့ကျောက်တွေအောက်မှာဖွက်ထားရာက ရဲကအလောင်းဖော်စစ်ဆေးရာမှာ သူ့အဒေါ်ကသေနတ်ဒဏ်ရာနဲ့သေဆုံးပြီး သူ့အမေကအရိုက်ခံရလို့သေဆုံးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
အကယ်လို့အပြစ်ရှိကြောင်းခိုင်လုံခဲ့ရင် ထောင်ဒဏ်တစ်သက်ကျခံရပါလိမ့်မယ်။

crd- Richard Myo Thant

zawgyi






crd- Richard Myo Thant