■ဇနီးဟောင်းဖြစ်သူ အိမ်ဂျလီနာဂျိုလီနှင့် အမှုကိစ္စမှာ အယူခံဝင်မှုပယ်ချခံလိုက်ရပြန်တဲ့ ဘရတ်ပစ်

■ဇနီးဟောင်းဖြစ်သူ အိမ်ဂျလီနာဂျိုလီနှင့် အမှုကိစ္စမှာ အယူခံဝင်မှုပယ်ချခံလိုက်ရပြန်တဲ့ ဘရတ်ပစ်

သားသမီးအုပ်ထိန်းခွင့်နှင့်ပတ်သတ်ပြီး ဘရတ်ပစ်က ထိန်းသိမ်းစောင့်ရှောက်ခွင့် အရည်အချင် မပြည့်မှီဘူးဆိုတဲ့ ဆုံးဖြတ်ချက်နှင့်ပတ်သတ်ပြီး ဘရတ်ပစ်ရဲ့ အယူခံဝင်မှုကို တရားရုံးက ပယ်ချလိုက်တယ်လို့ သိရပါတယ်။ အယူခံဝင်မှုကို ပယ်ချခဲ့တာကြောင့် အိန်ဂျလီနာဂျိုလီနှင့် အမှုကို ပြန်လည်စတင်ဖို့ရှိတယ်လို့ သုံးသပ်ထားကြပါတယ်။

ကယ်လီဖိုးနီးယား တရားရုံးက ဘရတ်ပစ်နှင့် သူ့အမျိုးသမီးဖြစ်သူ အိန်ဂျယ်လီနာဂျီလီ တို့ရဲ့ ခါးသီးလှတဲ့တိုက်ပွဲမှာ မိခင်ဘက်က သားသမီးတွေကို ထိန်းသိမ်းစောင့်ရှောက်ခွင့် ရရှိသွားတာနဲ့ပတ်သတ်ပြီး ဖြေလျော့ပေးဖို့ အယူခံဝင်မှုကို ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

တရားရုံးဘက်ကလည်း မစ္စဂျိုလီက သူမရဲ့ ကလေးတွေကို အာရုံစိုက်မှုအများကြီးပေးထားတာကြောင့် သားသမီးတွေကို ကောင်းမွန်စွာပြုစုပျိုးထောင်နိုင်မယ့်သူဖြစ်ပြီး သိက္ခာမဲ့တဲ့အပြုတွေနဲ့ ပြုစုပျိုးထောင်ပေးမယ်သူမျိုးမဟုတ်တာကြောင့် ဆုံးဖြတ်ချက်ကို ကျေနပ်မိပါတယ်လို့ ပြောပါတယ်။

ဘရတ်ပစ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း “ကျွမ်းကျင်သူတွေရဲ့ အသေးစိတ် တွေ့ရှိချက်တွေကို အခြေခံပြီး တရားဝင် လိုအပ်တဲ့ အရာမှန်သမျှကို ကျွန်တော်တို့ ဆက်လက် လုပ်ဆောင်သွားမှာပါ။”လို့ ပြန်လည်ဖြေကြားထားပါတယ်။

သားသမီး ၆ ယောက်မှာ ၃ ယောက်က မွေးစားထားတာဖြစ်ပြီး ၃ ယောက်က သွေးရင်းဖြစ်ပါတယ်။ ဘရတ်ပစ်အတွက် ဒုတိယအိမ်ထောင်ဖြစ်ပြီး ဂျိုလီအတွက်ကတော့ တတိယအိမ်ထောင်ဖြစ်ပါတယ်။

ဂျိုလီ (၄၆) နှစ် နှင့် ဘရက်ပစ် (၅၇) နှစ်တို့ဟာ ဟောလိဝုဒ်၏ အထင်ရှားဆုံး စုံတွဲများထဲက တစ်တွဲဖြစ်ပြီး (၁၂) နှစ်ကြာအောင် တွဲခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။ လော့စ်အိန်ဂျလိစ် အထက်တန်းတရားရုံး တရားသူကြီးဟောင်း John Ouderkirk က သူတို့စုံတွဲရဲ့ မင်္ဂလာပွဲကို ၂၀၁၄ ခုနှစ်မှာ စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် မှာလည်း လက်ထပ်မှုကို ဖျက်သိမ်းရန် ဂျိုလီက ကွာရှင်းမှုပြုလုပ်ရန် တရားသူကြီးဟောင်း John Ouderkirk ကိုပြန်လည် ငှားရမ်းခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ သူတို့နှစ်ယောက် ကွာရှင်းပြတ်စဲခဲ့သော်လည်း ကလေးထိန်းသိမ်းမှုကိစ္စများနှင့်ပတ်သတ်ပြီး ပြဿနာ ဆက်လက်ဖြစ်ခဲ့ပါတယ်။

အိန်ဂျလီနာ ဂျိုလီနှင့် ဘရတ်ပစ် တို့မှာ သားသမီးခြောက်ဦးရှိခဲ့ပြီး သားသမီးများမှာ – အသက် 20 နှစ်အရွယ် Maddox၊ 17 နှစ်အရွယ် Pax၊ 16 နှစ်အရွယ် Zahara ၊ 15 နှစ်အရွယ် Shiloh ၊ 13 နှစ်အရွယ် Vivienne နှင့် 13 နှစ်အရွယ် Knox တို့ဖြစ်ကြပါတယ်။ အဲဒီထဲက အရွယ်မရောက်သေးသူ ငါးဦးသာ ထိန်းသိမ်းစောင့်ရှောက်ခွင့်ဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်မှာဖြစ်ပါတယ်။

crd-original

zawgyi

■ဇနီးေဟာင္းျဖစ္သူ အိမ္ဂ်လီနာဂ်ိဳလီႏွင့္ အမႈကိစၥမွာ အယူခံဝင္မႈပယ္ခ်ခံလိုက္ရျပန္တဲ့ ဘရတ္ပစ္

သားသမီးအုပ္ထိန္းခြင့္ႏွင့္ပတ္သတ္ၿပီး ဘရတ္ပစ္က ထိန္းသိမ္းေစာင့္ေရွာက္ခြင့္ အရည္အခ်င္ မျပည့္မွီဘူးဆိုတဲ့ ဆုံးျဖတ္ခ်က္ႏွင့္ပတ္သတ္ၿပီး ဘရတ္ပစ္ရဲ့ အယူခံဝင္မႈကို တရား႐ုံးက ပယ္ခ်လိုက္တယ္လို႔ သိရပါတယ္။ အယူခံဝင္မႈကို ပယ္ခ်ခဲ့တာေၾကာင့္ အိန္ဂ်လီနာဂ်ိဳလီႏွင့္ အမႈကို ျပန္လည္စတင္ဖို႔ရွိတယ္လို႔ သုံးသပ္ထားၾကပါတယ္။

ကယ္လီဖိုးနီးယား တရား႐ုံးက ဘရတ္ပစ္ႏွင့္ သူ႔အမ်ိဳးသမီးျဖစ္သူ အိန္ဂ်ယ္လီနာဂ်ီလီ တို႔ရဲ့ ခါးသီးလွတဲ့တိုက္ပြဲမွာ မိခင္ဘက္က သားသမီးေတြကို ထိန္းသိမ္းေစာင့္ေရွာက္ခြင့္ ရရွိသြားတာနဲ႔ပတ္သတ္ၿပီး ေျဖေလ်ာ့ေပးဖို႔ အယူခံဝင္မႈကို ျငင္းဆန္ခဲ့တာျဖစ္ပါတယ္။

တရား႐ုံးဘက္ကလည္း မစၥဂ်ိဳလီက သူမရဲ့ ကေလးေတြကို အာ႐ုံစိုက္မႈအမ်ားႀကီးေပးထားတာေၾကာင့္ သားသမီးေတြကို ေကာင္းမြန္စြာျပဳစုပ်ိဳးေထာင္နိုင္မယ့္သူျဖစ္ၿပီး သိကၡာမဲ့တဲ့အျပဳေတြနဲ႔ ျပဳစုပ်ိဳးေထာင္ေပးမယ္သူမ်ိဳးမဟုတ္တာေၾကာင့္ ဆုံးျဖတ္ခ်က္ကို ေက်နပ္မိပါတယ္လို႔ ေျပာပါတယ္။

ဘရတ္ပစ္ရဲ့ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးကလည္း “ကၽြမ္းက်င္သူေတြရဲ့ အေသးစိတ္ ေတြ႕ရွိခ်က္ေတြကို အေျခခံၿပီး တရားဝင္ လိုအပ္တဲ့ အရာမွန္သမၽွကို ကၽြန္ေတာ္တို႔ ဆက္လက္ လုပ္ေဆာင္သြားမွာပါ။”လို႔ ျပန္လည္ေျဖၾကားထားပါတယ္။

သားသမီး ၆ ေယာက္မွာ ၃ ေယာက္က ေမြးစားထားတာျဖစ္ၿပီး ၃ ေယာက္က ေသြးရင္းျဖစ္ပါတယ္။ ဘရတ္ပစ္အတြက္ ဒုတိယအိမ္ေထာင္ျဖစ္ၿပီး ဂ်ိဳလီအတြက္ကေတာ့ တတိယအိမ္ေထာင္ျဖစ္ပါတယ္။

ဂ်ိဳလီ (၄၆) ႏွစ္ ႏွင့္ ဘရက္ပစ္ (၅၇) ႏွစ္တို႔ဟာ ေဟာလိဝုဒ္၏ အထင္ရွားဆုံး စုံတြဲမ်ားထဲက တစ္တြဲျဖစ္ၿပီး (၁၂) ႏွစ္ၾကာေအာင္ တြဲခဲ့ၾကတဲ့သူေတြျဖစ္ပါတယ္။ ေလာ့စ္အိန္ဂ်လိစ္ အထက္တန္းတရား႐ုံး တရားသူႀကီးေဟာင္း John Ouderkirk က သူတို႔စုံတြဲရဲ့ မဂၤလာပြဲကို ၂၀၁၄ ခုႏွစ္မွာ စီစဥ္ေပးခဲ့တာျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္ မွာလည္း လက္ထပ္မႈကို ဖ်က္သိမ္းရန္ ဂ်ိဳလီက ကြာရွင္းမႈျပဳလုပ္ရန္ တရားသူႀကီးေဟာင္း John Ouderkirk ကိုျပန္လည္ ငွားရမ္းခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္မွာ သူတို႔ႏွစ္ေယာက္ ကြာရွင္းျပတ္စဲခဲ့ေသာ္လည္း ကေလးထိန္းသိမ္းမႈကိစၥမ်ားႏွင့္ပတ္သတ္ၿပီး ျပႆနာ ဆက္လက္ျဖစ္ခဲ့ပါတယ္။

အိန္ဂ်လီနာ ဂ်ိဳလီႏွင့္ ဘရတ္ပစ္ တို႔မွာ သားသမီးေျခာက္ဦးရွိခဲ့ၿပီး သားသမီးမ်ားမွာ – အသက္ 20 ႏွစ္အရြယ္ Maddox၊ 17 ႏွစ္အရြယ္ Pax၊ 16 ႏွစ္အရြယ္ Zahara ၊ 15 ႏွစ္အရြယ္ Shiloh ၊ 13 ႏွစ္အရြယ္ Vivienne ႏွင့္ 13 ႏွစ္အရြယ္ Knox တို႔ျဖစ္ၾကပါတယ္။ အဲဒီထဲက အရြယ္မေရာက္ေသးသူ ငါးဦးသာ ထိန္းသိမ္းေစာင့္ေရွာက္ခြင့္ဆိုင္ရာ ဆုံးျဖတ္ခ်က္မ်ား ခ်မွတ္နိုင္မွာျဖစ္ပါတယ္။

crd-original