■ဂျပန်၏ ဒုတိယမြောက် Taigei-Class ရေငုပ်သင်္ဘော Hakugei ကို ရေချစမ်းသပ်

■ဂျပန်၏ ဒုတိယမြောက် Taigei-Class ရေငုပ်သင်္ဘော Hakugei ကို ရေချစမ်းသပ်

ဂျပန်နိုင်ငံဟာ Lithium-ion စွမ်းအင်သုံး ရေငုပ်သင်္ဘောအမျိုးအစားအား သ‌င်္ဘောကို ရေချပြီးသည့် နေ့ကစ၍ တစ်နှစ်တိတိ ပြည့်သည့်နေ့တွင် ဒီဇယ်- လျှပ်စစ်သုံးရေငုပ် သင်္ဘောအမျိုးအစားသစ်ကို ဒုတိယအကြိမ် မြောက် သင်္ဘောရေချနိုင်ခဲ့ပါတယ်။

Hakugei သို့မဟုတ် ဝေလငါးဖြူဟု အမည်ပေးထားသည့် ရေငုပ်သင်္ဘောအသစ် အား ကိုဘီမြို့ရှိ ကာဝါစကီအကြီးစားသင်္ဘော ကျင်းစက်မှုလုပ်ငန်း၌ ရေချခဲ့ပါတယ်။

ယခု ရေငုပ်သင်္ဘောအား ၂၀၂၃ ခုနှစ်၊ မတ်လတွင် ဂျပန်နိုင်ငံကာ ကွယ်ရေးရေတပ်၌ စတင်တာဝန်ထမ်းဆောင်နိုင်ရန် စီစဉ်ထားပြီး တာဝန်မထမ်းဆောင်မီ နောက်ဆုံးအနေဖြင့် ပင်လယ်ပြင်စမ်းသပ် စစ်ဆေးမှုများနှင့် တည်ဆောက်ပြုပြင်မှုများ၊ ပြုလုပ်ခြင်းဖြစ် ပါတယ်။

Hakugei သည် ဒုတိယမြောက် Taigei-class ရေငုပ်သင်္ဘော ဖြစ်ပါတယ်။ ၎င်းကို ဂျပန်ဧကရာဇ် အကီအီတိုက နန်းစံသက် ၂၉ နှစ်မြောက်တွင် နာမည်ပေးခဲ့ခြင်းဖြစ်ပြီး ယခင်က 29SS အတန်းအစားရေငုပ်သင်္ဘောဟု လူသိများပါသည်။

၄င်းသည် တန် ၃၀၀၀ အလေးချိန်ရှိပြီး ၈၄ မီတာ (၂၇၅ ပေ) ရှည်လျားသော ဒီဇယ်- လျှပ်စစ်သုံးတိုက်ခိုက်ရေးရေငုပ်သင်္ဘောဖြစ်ပါသည်။

ပထမဆုံးတည်ဆောက်ခဲ့သည့် Taigei Class ရေငုပ်သင်္ဘော အား ၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာလတွင် စတင်တည်ဆောက်ခဲ့ကာ ယခုနှစ်ဇူလိုင်လတွင် ပင်လယ်ပြင်စမ်းသပ်စစ်ဆေးမှုများ စတင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

၎င်းကို ၂၀၂၂ ခုနှစ် မတ်လတွင် စတင်တာဝန်ထမ်းဆောင်နိုင်လိမ့်မည်ဟု ခန့်မှန်းထားပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ဂျပန်နိုင်ငံကာကွယ်ရေးရတပ် ၌ ၎င်းတို့၏ ရေငုပ်သင်္ဘောများအား ပြန်လည်ပြုပြင်တည်ဆောက်ရန် ခွင့်ပြုပေးမည်ဖြစ်ပြီး ရေတပ်တွင် လက်ရှိတာဝန်ထမ်းဆောင် နေသောသင်္ဘောများအပါအဝင် ရေငုပ်သင်္ဘောအရေအတွက် ၂၂ စင်း တာဝန်ထမ်းဆောင်ခွင့်ရမည်ဖြစ်ပါတယ်။

ဂျပန်နိုင်ငံကာကွယ်ရေးရေတပ်၌ ရေငုပ်သင်္ဘောအင်အား ကို သင်္ဘော ၁၆ စင်းမှ ထပ်မံတိုးမြှင့်ရန် ဆုံးဖြတ်ချက်ချမှတ် ခဲ့ကြောင်း ၂၀၁၀ ပြည့်နှစ် အမျိုးသားကာကွယ်ရေးအစီအစဉ်လမ်း ညွှန်ချက်များအရ ကြေညာခဲ့ပါတယ်။

အဆိုပါကြေညာချက်ဟာ တရုတ်နိုင်ငံ၏ ဒေသတွင်း၌ စစ်လက်နက်ပစ္စည်းများ ခေတ်မီတိုးတက်ရေးနှင့် စစ်ရေးအင်အားတိုးမြင့်လာရေးကြိုးပမ်း မှုများအပေါ် ဂျပန်နိုင်ငံက သတိထားစောင့်ကြည့်နေချိန်တွင် တစ် ပြိုင်တည်းထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။

နောက်ဆုံးတည်ဆောက်ခဲ့သည့် Soryuအတန်းအစားနှင့် Taigei-Class ရေငုပ်သင်္ဘော ၂ စင်းကဲ့သို့ပင် Hakugei ရေငုပ်သင်္ဘော တွင် စွမ်းအင်အရင်းအမြစ်အဖြစ် Lithium-ion ဘက်ထရီများ တပ်ဆင်အသုံးပြုမည်ဖြစ်ပါတယ်။

ဂျပန်နိုင်ငံသည် ၂၀၀၀ ခုနှစ် မတိုင်မီအစောပိုင်းကာလများ၌ ရေငုပ်သင်္ဘောများတွင် Lithium ion ဘက်ထရီများအသုံးပြုနိုင်ရန် ကျယ်ကျယ်ပြန့်ပြန့်သုတေ သနပြုလုပ်ခဲ့တာပါ။

၎င်းဘက်ထရီများဟာ ပြုပြင်ထိန်းသိမ်းမှုအနည်းငယ်သာ လုပ်ဆောင်ရန်လိုအပ်ပြီးစွမ်းဆောင်ရည်အားဖြင့် ခဲ- အက်စစ်ဘက်ထရီသုံး ရေငုပ်သင်္ဘောများနှင့်နှိုင်းယှဉ်လျှင် ရေအောက်တွင် အရှိန်နှုန်းအမြင့်ဖြင့် သွားလာမှု အား ပိုမိုကြာရှည်စွာလုပ်ဆောင်နိုင်သည်ဟု ဆိုပါတယ်။

ဂျပန်နိုင်ငံသည် Lithium-ion ဘက်ထရီများအသုံးပြုထားသည့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများကိုပိုင်ဆိုင်သည့် တစ်ခုတည်း သောနိုင်ငံလည်းဖြစ်ပါတယ်။

အရွယ်အစားကြီးမားသောငုပ်သင်္ဘော တပ်ဖွဲ့၏ ဖွဲ့စည်းမှုတွင် Oyashio အတန်းအစား ရေငုပ်သင်္ဘော ၈ စင်း၊ Soryuအတန်းအစား ရေငုပ်သင်္ဘော ၁၂ စင်း၊Taigei-class ရေငုပ်သင်္ဘော ၂ စင်းတို့ပါဝင်မည်ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ သည် Taigei Class ရေငုပ်သင်္ဘော ၁ စင်းကို ရေချပြီးနောက် နောက်ထပ် ရေငုပ်သင်္ဘော ၂ စင်းထပ်မံတည်ဆောက်ရန်အတွက် ဘဏ္ဍာငွေအား အတည်ပြုခွင့်ပြုပေးထားပြီးဖြစ်ပါတယ်။

ရေငုပ် သင်္ဘော နောက်ထပ်တစ်စင်းအတွက် ကာကွယ်ရေးဝန်ကြီးဌာနက ဘတ်ဂျက်ငွေဒေါ်လာ ၆ဝ၂ ဒသမ ၃ သန်းအား နောက်ဆုံးအတည် ပြုခွင့်ပြုပေးထားခဲ့ပါတယ်။

Crd