■ဂျပန်မင်းသမီးလေးဟာ တော်ဝင်မင်းသမီးဘဝနဲ့ ငွေကြေးအဆောင်အယောင်တွေကို စွန့်လွှတ်ပြီး ချစ်ရသူနဲ့ Fairytale ထဲကလိုအတူနေရာမှာ အခက်အခဲတွေကိုစတင်ကြုံတွေ့နေရ

■ဂျပန်မင်းသမီးလေးဟာ တော်ဝင်မင်းသမီးဘဝနဲ့ ငွေကြေးအဆောင်အယောင်တွေကို စွန့်လွှတ်ပြီး ချစ်ရသူနဲ့ Fairytale ထဲကလိုအတူနေရာမှာ အခက်အခဲတွေကိုစတင်ကြုံတွေ့နေရ

ဂျပန်မင်းသမီးလေးဟာ တော်ဝင်မင်းသမီးဘဝနဲ့ ငွေကြေးအဆောင်အယောင်တွေကို စွန့်လွှတ်ပြီး ချစ်ရသူနဲ့ Fairytale ထဲကလိုအတူနေရာမှာ အခက်အခဲတွေကိုစတင်ကြုံတွေ့နေရပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က သူ့ချစ်သူ Kei Komuro နဲ့မထင်မရှားမင်္ဂလာဆောင်ကာ တိုင်းပြည်ကထွက်ခွာပြီး အမေရိကန်မှာအမြန်ဆုံး ဇာတ်မြုပ်နေဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။

Kei Komuro ရဲ့အမေရဲ့ ငွေကြေးအရှုပ်တော်ပုံသတင်းထွက်ခဲ့ပြီး ယခုတော့ဖြေရှင်းပြီးပြီလို့ဆိုပါတယ်။
ဖြစ်ချင်တော့ New York State Board of Law Examiners နယူးယောက်ဝတ်လုံတော်ရစာမေးပွဲအောင်မြင်သူ အယောက် (၆၀၀၀) စာရင်းထဲမှာ သူ့ချစ်သူ Kei Komuro ရဲ့အမည်ပါမလာခဲ့ပါဘူး။

ရွှေမင်းသမီးလေးအနေနဲ့ ချစ်သူကိုယုံမှတ်လို့ပုံအပ်ပြီး တသက်လုံးမှီခိုဖို့အစီအစဉ်မှာ လောကဓံနဲ့ရင်ဆိုင်ရတာဖြစ်ပါတယ်။
သူ့ချစ်သူအနေနဲ့လည်း ချစ်ရသူရွှေမင်းသမီးလေးဂုဏ်ယူစရာ ဝတ်လုံတော်ရစာမေးပွဲအောင်ချင်ပါလိမ့်မယ်။
Kei Komuro ဟာ မေလက Fordham University ကနေ ဥပဒေပညာနဲ့ကျောင်းပြီးခဲ့ကာ New Jersey ရှိ Lowenstein Sandler LLP မှာ ဥပဒေရေးရာစာရေးအဖြစ်အလုပ်လုပ်နေသူဖြစ်ပါတယ်။

အခုအခါမှာ တစ်နှစ်ကိုလစာ ပေါင် ၃၈၀၀၀ လောက်ရပြီး အကယ်လို့များ Kei Komuro အနေနဲ့ ဝတ်လုံတော်ရစာမေးပွဲအောင်မြင်ခဲ့ရင် လစာ ၄ ဆလောက်ခုန်တက်သွားမှာဖြစ်ပါတယ်။
ရွှေမင်းသမီးလေးကတော့ ဝတ်လုံတော်ရဘွဲ့မရလည်းဆက်ချစ်နေမယ့်ပုံပါ။

crd
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi






crd