■ဂျပန်နိုင်ငံက ကမ္ဘာ့ပထမဆုံး လက်‌တွေ့ကျကျ လေပေါ်မှာဝဲပျံနိုင်တဲ့ Hoverbike ယာဉ်ကို မိတ်ဆက်

■ဂျပန်နိုင်ငံက ကမ္ဘာ့ပထမဆုံး လက်‌တွေ့ကျကျ လေပေါ်မှာဝဲပျံနိုင်တဲ့ Hoverbike ယာဉ်ကို မိတ်ဆက်

စိတ်ကူးယာဉ်သိပ္ပံဇာတ်ကားဖြစ်တဲ့ star war ထဲက Speeder bike လို စွမ်းဆောင်နိုင်မည့် လေပေါ်ဝဲပျံနိုင်တဲ့ယာဉ်တွေနဲ့ လူသားတွေ သွားလာမောင်းနှင်နိုင်တော့မှာဖြစ်ပါတယ်။

ဂျပန်အခြေစိုက် နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ A.L.I. Technologies ဟာ အနာဂတ်သယ်ယူပို့ဆောင်ရေးပုံစံအဖြစ် မျှော်မှန်းထားသည့် ၎င်းတို့၏ လေပေါ်ဝဲပျံနိုင်တဲ့ hoverbike ယာဉ်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။

A.L.I. Technologies ကို Mitsubishi ကုမ္ပဏီ နှင့် နာမည်ကျော် ဘောလုံးသမား Keisuke Honda တို့က ကျောထောက်နောက်ခံ ပြုထားပေး ထားပါတယ်။A.L.I. Technologies ဟာ ဒရုန်းနဲ့ Hoverbike ယာဉ်တွေကို နှစ်ပေါင်းများစွာ စမ်းသပ်ခဲ့ပြီး ဖြစ်ပါတယ်။

မကြာသေးမီကပဲ ဖူဂျီတောင်အနီးရှိ တိုကျိုပြိုင်ကွင်းမှာ အဆိုပါ Hoverbike ယာဉ်အား လေကြောင်း ပျံသန်း လှုပ်ရှားမှုများကို ပြသခဲ့ပါတယ်။

ကန့်သက်ထုတ်လုပ်မည့် “Xturismo Limited Edition” မော်ဒယ် Hoverbike ယာဉ် အတွက် အမှာစာများ ရရှိနေပြီဖြစ်ပြီး ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် ပို့ဆောင်ပေးနိုင်ဖို့ မျှော်လင့်ထားတယ် လို့ဆိုပါတယ်။

Hoverbike ယာဉ်ကို ကာဗွန်ဖိုက်ဘာကို အသုံးပြု၍ တည်ဆောက်ထားပြီး မော်တော်ဆိုင်ကယ်နှင့်တူသော ကိုယ်ထည်ပါရှိပါတယ်။

ယာဥ်ရဲ့အလယ်မှာတပ်ထားတဲ့ ပန်ကာကြီး၂လုံးနဲ့ လေထဲမှာလွင့်မျောနိုင်ပြီး အရှေ့အနောက်ပန်ကာ၄ခုတပ်ထားမူကြောင့် ထိန်းချုပ်မူလည်းကောင်းကောင်းလုပ်နိုင်ပါတယ်လို့ဆိုပါတယ်။

အဆိုပါ Hoverbike ယာဉ်တွင် သမားရိုးကျအင်ဂျင်နှင့် ဘက်ထရီပါဝါသုံး မော်တာလေးလုံးတို့ကို တပ်ဆင်ထားပါတယ်။အားတစ်ကြိမ်သွင်းလျှင် တစ်နာရီ ၆၂ မိုင်နှုန်းဖြင့် မိနစ် ၄၀ကြာ မောင်းနှင်ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။

XTurismo Limited Edition မော်ဒယ်ဟာ အလျား ၃ ဒသမ၇ မီတာ၊ အနံ ၂ ဒသမ ၄ နှင့် အမြင့် ၁ ဒသမ ၅ မီတာရှိပြီး အလေးချိန်မှာ ၃၀၀ ကီလိုဂရမ်ရှိပါတယ်။

၎င်းယာဉ်ကို အခက်အခဲမရှိပဲ မြေပြင်မှ လေ‌‌ပေါ်ပျံတက်ကာ မောင်းနှင်နိုင်ပါတယ်။ ယာဉ်မှာပါတဲ့ ကောင်းကင်မြေပုံ လို့နာမည်ပေးထားသည့် 3Dမြေပုံကို ကြည့်ပြီး မောင်းနှင်ရမှာပါ။

အဆိုပါယာဉ်ယာ တစ်‌ယောက်စီးယာဉ်ဖြစ်ပြီး စီးနင်းသူဟာ အလေးချိန် ၁၀၀ ကီလိုဂရမ် (၂၂၀ ပေါင်) အထိ သာ ရှိတဲ့သူဖြစ်ရပါမယ်။ (ဝတဲ့သူတွေ နဲ့ ကောင်မလေးတင်ပြီး အတူတူစီးချင်လို့တော့ မရပါဘူး။)

ဂျပန်နိုင်ငံရှိ စည်းမျဉ်းများအရ အများပြည်သူ လမ်းများပေါ်တွင် ပျံသန်းခြင်းမပြုရန် တားမြစ်ထားပါတယ်။မကြာမီကာလအတွင်း ၎င်းယာဉ်ကို အသုံးပြုရန်နှင့် သရုပ်ပြပျံသန်းမှုများအတွက် ပြုလုပ်နိုင်သည့် လမ်းကြောင်းအမျိုးအစားကို ကန့်သတ်ပေးထားမည်ဖြစ်ပါတယ်။

ကယ်ဆယ်‌ရေးလုပ်ငန်းများတွင် ကယ်ဆယ်ရေးအဖွဲ့များ လက်လှမ်းမမီသောနေရာများသို့ အမြန်ရောက်ရှိရန် Hoverbike ယာဉ်စီးသွားခြင်းဖြင့် အကျိုးကျေးဇူးများရရှိနိုင်မည်ဟုလည်း မျှော်လင့်ရပါတယ်။

“XTurismo Limited Edition” hoverbike ယာဉ်ကို စူပါကားဝါသနာအိုးများအား ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်နေပြီး လက်ရှိမှာ ယန်း ၇၇.၇ သန်း (ဒေါ်လာ ၆၈၀,၀၀၀ ဝန်းကျင်) ဖြင့် စတင်ရောင်းချနေတယ်လို့ သိရပါတယ်။

crd