■■■ပန်းခြံထဲရှိနေချိန် ခြံဝင်းပေါ်က ဖြတ်ပျံတဲ့ လေယာဉ်ပျံကကျလာတဲ့ မစင်တွေကြောင့် အီးမုန်တိုင်းနဲ့ ရင်ဆိုင်လိုက်ရတဲ့ ဗြိတိန်အမျိုးသား

■■■ပန်းခြံထဲရှိနေချိန် ခြံဝင်းပေါ်က ဖြတ်ပျံတဲ့ လေယာဉ်ပျံကကျလာတဲ့ မစင်တွေကြောင့် အီးမုန်တိုင်းနဲ့ ရင်ဆိုင်လိုက်ရတဲ့ ဗြိတိန်အမျိုးသား

အင်္ဂလန်အရှေ့တောင်ပိုင်းက အမျိုးသားတစ်ဦးဟာ မကြုံစဖူး အကြုံထူးတဲ့ ဖြစ်ရပ်တစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဇူလိုင်လအတွင်းက သူ့နေအိမ်ခြံအပေါ်ကနေ လေယာဉ်တစ်စီး ဖြတ်ပျံသန်းချိန်မှာ လေယာဉ်ပေါ်ကနေ မစင်တွေကျလာခဲ့ပြီး သူ့နေအိမ်၊ ပန်းခြံ၊ နဲ့ လူကိုယ်တိုင်အပေါ် ထိမှန်ခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ နေအိမ်ခြံတစ်ခုလုံးမှာ စွန့်ပစ်အညစ်အကြေးတွေ ပျံ့နှံ့သွားခဲ့ပြီး လူသန်းပေါင်းများစွာမှာမှ တစ်ယောက်တောင် ကြုံရဖို့ခက်တဲ့အဖြစ်အပျက်နဲ့ ရင်ဆိုင်လိုက်ရတာပဲဖြစ်ပါတယ်။ ဒီအကြောင်းကို ဗြိတိန်က လေ ကြောင်းဖိုရမ်တစ်ခုဖြစ်တဲ့ Royal Borough of Windsor & Maidenhead မှာ ဖော်ပြခဲ့တာဖြစ်ပြီး ကောင်စီဝင်တစ်ဦးဖြစ်သူ Karen Davies လည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး သူမက ပြောဆိုခဲ့ရာမှာ “လေယာဉ်ပေါ်က အညစ်အကြေးတွေ အခုလို မ တော်တဆဖြစ်တဲ့အကြောင်းအရာတွေကို ကျွန်မကြားဖူးပါတယ်၊ ဒါပေမယ့် အခုလိုမျိုး ပန်းခြံတစ်ခုလုံးနဲ့ မနှစ်မြို့စရာဖြစ်ရလောက်တဲ့အထိ ဖြစ်တာမျိုးတော့ မကြုံဖူးပါဘူး၊ ပြီးတော့ အဲဒီအချိန်မှာ သူက ပန်းခြံထဲမှာရှိနေတော့ ပိုပြီးဆိုးရွားသွားခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ပုံမှန်အားဖြင့်တော့ လေယာဉ်သန့်စင်ခန်းအတွင်းမှာ အညစ်အကြေးတွေကို အေးခဲအောင်ပြုလုပ်ကာ မြေပြင်ပေါ်ကို ရောက်ချိန်မှာ စွန့်ထုတ်ပစ်ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စနစ်ချို့ယွင်းပြီး အခုလိုမျိုး ပြုတ်ကျခဲ့ချိန်မှာတော့ အပူချိန်ကြောင့် ပိုမိုရွံရှာစရာကောင်းတဲ့အရာအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဒါကို ရင် ဆိုင်ခဲ့ရတဲ့ အမျိုးသားအတွက်တော့ တော်တော်လေးကို စိတ်ညစ်စရာကောင်းစေခဲ့မှာ သေချာပါတယ်။

အခုလိုဖြစ်ခဲ့တာကို ဒေသအာဏာပိုင်တွေဆီ အဆိုပါအမျိုးသားက အကြောင်းကြားခဲ့ပြီး တစ်စုံတစ်ရာတောင်းဆိုမှုမျိုးတော့မရှိခဲ့ဘူးလို့ဆိုပါတယ်။ လေ ကြောင်းလိုင်းဘက်ကလည်း ရှင်းလင်းချက်၊ တောင်း ပန်မှုတွေမလုပ်သေးဘူးလို့ သိရပါတယ်။လေယာဉ်လမ်းကြောင်းခြေရာခံ app မသုံးခင်အထိ ဒီလိုဖြစ်ပျက်ခဲ့တာမျိုးမရှိခဲ့ဘူးလို့လည်း ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။