■ခြင်္သေ့ပေါက်လေးကို ခိုးယူပြီး သစ်ပင်ပေါ်ကနေ အပြတ်ရှင်းပစ်ဖို့ကြံနေတဲ့ ဘာဘွန်းမျောက်ကြီး

■ခြင်္သေ့ပေါက်လေးကို ခိုးယူပြီး သစ်ပင်ပေါ်ကနေ အပြတ်ရှင်းပစ်ဖို့ကြံနေတဲ့ ဘာဘွန်းမျောက်ကြီး

ဘာဘွန်းမျောက်ထီးတစ်ကောင်ကခြင်္သေ့ပေါက်လေးကိုခိုးယူပြီး သစ်ပင်ပေါ်မှာအလုပ်ရှုပ်နေတာကို Kurt Schultz ကမြင်လိုက်ရတယ်။
အာဖရိကမှာ ဆာဖာရီဂိုက်လုပ်တဲ့သက်တမ်းတစ်လျောက်လုံး ဒါမျိုးတစ်ခါမှသူမမြင်ဖူးဘူး။
ဘာဘွန်းမျောက်ဟာဘာလို့ခြင်္သေ့ပေါက်လေးကိုခိုးယူပြီးသစစ်ပင်ပေါ်မှာလျောက်သွားနေတာလဲ

စိတ်ကူးယဉ်တတ်သူတွေက ဒစ္စနေရဲ့ Lion King ကာတွန်းကားထဲမှာ ဘာဘွန်းမျောက်ထီးကြီးက ခြင်္သေ့ပေါက်လေးကို blessing ပေးဖို့ လေထဲမြှောက်ထားသလို blessing ပေးဖို့ ခိုးယူတယ်လို့ထင်ရင်မှားမယ်။
ဒီနေရာမှာ ဘာဘွန်းမျောက်တွေဟာ ကျားသစ်ပေါက်လေးတွေကို သူ့အမေအစာရှာထွက်ချိန်မှာ ခိုးယူပြီးအပြတ်ရှင်းပစ်တတ်တဲ့အကျင့်ရှိကြတယ်။
သဘောကတော့ အန္တရာယ်ပေးနိုင်တဲ့ကောင်ကို ငယ်ငယ်ကတည်းကကြိုရှင်းပစ်ထားတာပဲ။ သို့သော်ခြင်္သေ့ပေါက်ကို ခိုးယူပြီးရှင်းပစ်တာမျိုးတော့မမြင်ဖူးကြသေးဘူး။

ဘာဘွန်းမျောက်ထီးကြီးဟာ ခြင်္သေ့လေးကိုမွေးစားဖို့တော့ ခိုးယူခဲ့တာဖြစ်ဖို့မလွယ်ဘူး။
အသားစားသတ္တဝါခြင်္သေ့ကိုသူဘယ်လိုမွေးစားမလဲ? ဘာဘွန်းမျောက်တွေလည်းအသားစားပါတယ်။ ဒါပေမယ့်ခြင်္သေ့ပေါက်လေးကို ရေရှည်ကြီးပြင်တဲ့အထိမွေးစားဖို့ဆိုတာ မဖြစ်နိုင်ဘူး။

Kurt Schultz တို့ဟာ ဘာဘွန်းမျောက်ကြီးကိုဆက်လက်စောင့်ကြည့်ပေမယ့် မျောက်ကြီးဟာသစ်ပင်ပေါ်မှာ ခြင်္သေ့ပေါက်လေးကို ချထားလိုက်၊ ပြန်ကောက်ချီလိုက်နဲ့ အချိန်အတော်ကြာလျှောက်ပြေးနေတာကိုတွေ့ခဲ့ရပါသတဲ့။
အခုလည်း ဘာဘွန်းမျောက်ကြီးဟာ အန္တရာယ်ကောင်ရဲ့ မျိုးဆက်ကိုဖြတ်ပစ်ဖို့
ခိုးယူခဲ့တာဆိုရင် ဉာဏ်ကောင်းလွန်းတယ်လို့ပြောရမယ်။

crd
Richard Myo Thant
2-November -2021

zawgyi

■ျခေသၤ့ေပါက္ေလးကို ခိုးယူၿပီး သစ္ပင္ေပၚကေန အျပတ္ရွင္းပစ္ဖို႔ႀကံေနတဲ့ ဘာဘြန္းေမ်ာက္ႀကီး

ဘာဘြန္းေမ်ာက္ထီးတစ္ေကာင္ကျခေသၤ့ေပါက္ေလးကိုခိုးယူၿပီး သစ္ပင္ေပၚမွာအလုပ္ရႈပ္ေနတာကို Kurt Schultz ကျမင္လိုက္ရတယ္။
အာဖရိကမွာ ဆာဖာရီဂိုက္လုပ္တဲ့သက္တမ္းတစ္ေလ်ာက္လုံး ဒါမ်ိဳးတစ္ခါမွသူမျမင္ဖူးဘူး။
ဘာဘြန္းေမ်ာက္ဟာဘာလို႔ျခေသၤ့ေပါက္ေလးကိုခိုးယူၿပီးသစစ္ပင္ေပၚမွာေလ်ာက္သြားေနတာလဲ

စိတ္ကူးယဥ္တတ္သူေတြက ဒစၥေနရဲ့ Lion King ကာတြန္းကားထဲမွာ ဘာဘြန္းေမ်ာက္ထီးႀကီးက ျခေသၤ့ေပါက္ေလးကို blessing ေပးဖို႔ ေလထဲေျမႇာက္ထားသလို blessing ေပးဖို႔ ခိုးယူတယ္လို႔ထင္ရင္မွားမယ္။
ဒီေနရာမွာ ဘာဘြန္းေမ်ာက္ေတြဟာ က်ားသစ္ေပါက္ေလးေတြကို သူ႔အေမအစာရွာထြက္ခ်ိန္မွာ ခိုးယူၿပီးအျပတ္ရွင္းပစ္တတ္တဲ့အက်င့္ရွိၾကတယ္။
သေဘာကေတာ့ အႏၲရာယ္ေပးနိုင္တဲ့ေကာင္ကို ငယ္ငယ္ကတည္းကႀကိဳရွင္းပစ္ထားတာပဲ။ သို႔ေသာ္ျခေသၤ့ေပါက္ကို ခိုးယူၿပီးရွင္းပစ္တာမ်ိဳးေတာ့မျမင္ဖူးၾကေသးဘူး။

ဘာဘြန္းေမ်ာက္ထီးႀကီးဟာ ျခေသၤ့ေလးကိုေမြးစားဖို႔ေတာ့ ခိုးယူခဲ့တာျဖစ္ဖို႔မလြယ္ဘူး။
အသားစားသတၱဝါျခေသၤ့ကိုသူဘယ္လိုေမြးစားမလဲ? ဘာဘြန္းေမ်ာက္ေတြလည္းအသားစားပါတယ္။ ဒါေပမယ့္ျခေသၤ့ေပါက္ေလးကို ေရရွည္ႀကီးျပင္တဲ့အထိေမြးစားဖို႔ဆိုတာ မျဖစ္နိုင္ဘူး။

Kurt Schultz တို႔ဟာ ဘာဘြန္းေမ်ာက္ႀကီးကိုဆက္လက္ေစာင့္ၾကည့္ေပမယ့္ ေမ်ာက္ႀကီးဟာသစ္ပင္ေပၚမွာ ျခေသၤ့ေပါက္ေလးကို ခ်ထားလိုက္၊ ျပန္ေကာက္ခ်ီလိုက္နဲ႔ အခ်ိန္အေတာ္ၾကာေလၽွာက္ေျပးေနတာကိုေတြ႕ခဲ့ရပါသတဲ့။
အခုလည္း ဘာဘြန္းေမ်ာက္ႀကီးဟာ အႏၲရာယ္ေကာင္ရဲ့ မ်ိဳးဆက္ကိုျဖတ္ပစ္ဖို႔
ခိုးယူခဲ့တာဆိုရင္ ဉာဏ္ေကာင္းလြန္းတယ္လို႔ေျပာရမယ္။

crd
Richard Myo Thant
2-November -2021