■ကွယ်လွန်သွားပြီဖြစ်တဲ့ သူငယ်ချင်းဖြစ်သူ မင်းသားကြီး Paul Walker ရဲ့သမီးလေး မင်္ဂလာပွဲကို သူငယ်ချင်းကိုယ်စား ဖခင်နေရာကနေ တတ်ရောက်ပေးခဲ့တဲ့ မင်းသားကြီး Vin Diesel

Fast and furious ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ် ဆောင်ခဲ့တဲ့ မင်းသားကြီး Paul Walker ဟာ ၂၀၁၃ ခုနှစ်တုန်းက ယာဉ်မတော်တဆမှုတစ်ခုကြောင့် ကွယ်လွန်ကြွေလွင့်သွားခဲ့ရတဲ့သူပါ။သရုပ်ဆောင်အရမ်းတော်တဲ့သူဖြစ်သလို အရမ်းကို နာမည်ကြီးတဲ့သူဖြစ်တာကြောင့် ကွယ်လွန်သွားချိန်မှာ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေ အရမ်းကို စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။

Paul Walker သေဆုံးသွားချိန်မှာ သူရိုက်ကူးနေဆဲဖြစ်တဲ့ Fast and Furious season 7 တောင်အဆုံးသတ်ထိ မရိုက်ကူးလိုက်နိုင်ခဲ့ပါဘူး။Paul Walker ကွယ်လွန်သွားချိန်မှာ Meadow Rain Walker လို့ခေါ်တဲ့ သမီးလေးတစ်ယောက်ကျန်ရှိခဲ့ပါတယ်။ Paul Walker ဟာ သမီးဖြစ်သူလေး အရွယ်မတိုင်ခင်မှာပဲ နှုတ်ဆက်ထွက်ခွာသွားခဲ့ရတဲ့သူ ဖြစ်တာကြောင့်

သမီးလေးအတွက် စိတ်ချနိုင်မှာမဟုတ်ဘူးဆိုပြီး လူတော်တော်များများက စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။
ဒါပေမယ့် Paul Walker နဲ့ ညီအစ်ကိုလိုမျိုး ခင်မင်ရင်းနှီးတဲ့ Vin Diesel ကတော့ သူငယ်ချင်းဖြစ်သူရဲ့ သမီးလေး မင်္ဂလာဆောင်ပွဲမှာ ဖခင်နေရာကနေ တာဝန်ကျေပွန်နိုင်ခဲ့ပါတယ်။

ဒါကြောင့် Paul Walker သာ တမလွန်ကနေ ကြည့်နေနိုင်ဦးမယ်ဆိုရင် သူ့သူငယ်ချင်းဖြစ်သူရဲ့ လုပ်ရပ်ကြောင့် အရမ်းကို ကျေနပ်ဝမ်းသာနေရှာမှာပါ။ဟောလိဝုဒ် သရုပ်ဆောင်မင်းသားကြီးတွေ ဖြစ်ကြတဲ့ Paul Walker နှင့် Vin Diesel တို့ဟာ Fast and Furious လို့ခေါ်တဲ့ ဇာတ်လမ်းတွဲမှာ အတွဲညီညီသရုပ်ဆောင်နိုင်ခဲ့တဲ့သူတွေဖြစ်ကြပြီး အပြင်မှာလည်း

တကယ့် ညီအစ်ကိုအရင်းတွေလိုမျိုး ခင်မင်ကြပါတယ်။ ဒါကြောင့် Paul Walker ရဲ့ သမီးလေးဖြစ်သူ မင်္ဂလာပွဲမှာ အခုလိုမျိုး ဖခင်တစ်ယောက်နေရာကနေပြီး တာဝန်ကျေပွန်စွာ တတ်ရောက်ပေးခဲ့တာဖြစ်ပါတယ်။

အရမ်းကြည်နူးဖို့ကောင်းတဲ့ မြင်ကွင်းလေးပဲနော် .. သူငယ်ချင်းဖြစ်သူရဲ့ သမီးလေး မျက်နှာမငယ်ရလေအောင် Vin Diesel ကြီးက သူကိုယ်တိုင် ဖခင်နေရာကနေ မင်္ဂလာပွဲတတ်ပေးရှာတာ။

crd
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi







crd