■ကုလစင်မြင့်တွင် အစ္စရေးသံအမတ် ဒေါသထွက်ပြီး အစီရင်ခံစာကို ဆုတ်ဖြဲ

■ကုလစင်မြင့်တွင် အစ္စရေးသံအမတ် ဒေါသထွက်ပြီး အစီရင်ခံစာကို ဆုတ်ဖြဲ

သောကြာနေ့က ကျင်းပသော UN အစည်းအဝေး၌ ကုသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီး ဂျီလတ်အာဒန်သည် အစ္စရေးနိုင်ငံအပေါ် မမျှတစွာ ရှုတ်ချသည်ဟုဆိုကာ ကုလလူ့အခွင့်အရေးကောင်စီကို ပြစ်တင်ဝေဖန်ခဲ့ပြီး ကုလနှစ်ပတ်လည် အစီရင်ခံစာကို ဆွဲဖြဲခဲ့ကြောင်း Times of Israel သတင်းဌာနက ဖော်ပြထားသည်။

အစ္စရေးသံတမန်သည် ကောင်စီ၏နှစ်ပတ်လည်အစီရင်ခံစာကို တင်ပြသည့် အထူးအစည်းအဝေးအတွင်း ၎င်း၏မိန့်ခွန်းတွင် “အစွဲအလမ်းကြီးသော အစ္စရေးဆန့်ကျင်ရေးဘက်လိုက်မှု” အတွက်ဟုဖော်ပြကာ ကုလလူ့အခွင့်အရေးကောင်စီကို ပြစ်တင်ခဲ့သည်။
“လွန်ခဲ့တဲ့ ၁၅ နှစ်ကစလို့ ကောင်စီက အစ္စရေးကို အီရန်လို ၁၀ ကြိမ် ဒါမှမဟုတ် ဆီးရီးယားလို ၃၅ ကြိမ်လောက် မကဘဲ ပိုပြီးအပြစ်တင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လူ့အခွင့်အရေးကောင်စီက အစ္စရေးကို ဆုံးဖြတ်ချက် ၉၅ ချက်နဲ့ တိုက်ခိုက်ခဲ့ပါတယ်” ဟု အာဒန်က အစည်းအဝေးတွင် ဆိုသည်။

ဂျူးလူမျိုးများ အမျိုးသားရေးခိုလှုံရာပိုင်ဆိုင်ခွင့်ကို လူမျိုးရေးခွဲခြားသည်ဟု ကြေညာဖူးခဲ့သည့် Herzog’s November 1975 မိန့်ခွန်းကို ပြန်လည်ရည်ညွှန်းကာ “ဒါဟာ ဂျူးလူမျိုးအနွယ်ဝင်များနဲ့ မသက်ဆိုင်တဲ့ တစ်ဖက်သတ်ဆန်ဆန် အစီရင်ခံချက်ကို ဘာလုပ်သင့်တယ် ဆိုတာပါပဲ” ဟု ထောက်ပြခဲ့သည်။
အစီရင်ခံစာကို ဆုတ်ဖြဲပြီး အစည်းအဝေးခန်းမမှ မထွက်ခွာမီ အစီရင်ခံစာ၏ အဓိကဆိုလိုချင်သည့် အခန်းကဏ္ဍမှာ “အစီရင်ခံစာဟာ ဂျူးလူမျိုးအနွယ်ဝင်များနှင့် မသက်ဆိုင်သော အမှိုက်တခု” ဟူသော ရည်ညွှန်းချက်သာ ဖြစ်သည်ဟု အာဒန်က ပြောခဲ့သည်။

သောကြာနေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ အဆိုပါ ကုလလူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် မြန်မာ၊ အာဖဂန်၊ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတို့ကို အရေးပေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး အစ္စရေး အကြောင်း ဆွေးနွေးနေစဉ် အာဒန်က ကုလသည် အစ္စရေးအပေါ် တရားမျှတမှုမရှိဟု ဆိုကာ အစည်းအဝေး၏ အစီရင်ခံစာကို ဆုတ်ဖြဲခဲ့ခြင်းဖြစ်သည်။

Ref : Times of Israel
သတင်းတမန်
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

■ကုလစင္ျမင့္တြင္ အစၥေရးသံအမတ္ ေဒါသထြက္ၿပီး အစီရင္ခံစာကို ဆုတ္ျဖဲ

ေသာၾကာေန႔က က်င္းပေသာ UN အစည္းအေဝး၌ ကုသမဂၢဆိုင္ရာ အစၥေရးသံအမတ္ႀကီး ဂ်ီလတ္အာဒန္သည္ အစၥေရးနိုင္ငံအေပၚ မမၽွတစြာ ရႈတ္ခ်သည္ဟုဆိုကာ ကုလလူ႔အခြင့္အေရးေကာင္စီကို ျပစ္တင္ေဝဖန္ခဲ့ၿပီး ကုလႏွစ္ပတ္လည္ အစီရင္ခံစာကို ဆြဲျဖဲခဲ့ေၾကာင္း Times of Israel သတင္းဌာနက ေဖာ္ျပထားသည္။

အစၥေရးသံတမန္သည္ ေကာင္စီ၏ႏွစ္ပတ္လည္အစီရင္ခံစာကို တင္ျပသည့္ အထူးအစည္းအေဝးအတြင္း ၎၏မိန႔္ခြန္းတြင္ “အစြဲအလမ္းႀကီးေသာ အစၥေရးဆန႔္က်င္ေရးဘက္လိုက္မႈ” အတြက္ဟုေဖာ္ျပကာ ကုလလူ႔အခြင့္အေရးေကာင္စီကို ျပစ္တင္ခဲ့သည္။
“လြန္ခဲ့တဲ့ ၁၅ ႏွစ္ကစလို႔ ေကာင္စီက အစၥေရးကို အီရန္လို ၁၀ ႀကိမ္ ဒါမွမဟုတ္ ဆီးရီးယားလို ၃၅ ႀကိမ္ေလာက္ မကဘဲ ပိုၿပီးအျပစ္တင္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ လူ႔အခြင့္အေရးေကာင္စီက အစၥေရးကို ဆုံးျဖတ္ခ်က္ ၉၅ ခ်က္နဲ႔ တိုက္ခိုက္ခဲ့ပါတယ္” ဟု အာဒန္က အစည္းအေဝးတြင္ ဆိုသည္။

ဂ်ဴးလူမ်ိဳးမ်ား အမ်ိဳးသားေရးခိုလႈံရာပိုင္ဆိုင္ခြင့္ကို လူမ်ိဳးေရးခြဲျခားသည္ဟု ေၾကညာဖူးခဲ့သည့္ Herzog’s November 1975 မိန႔္ခြန္းကို ျပန္လည္ရည္ညႊန္းကာ “ဒါဟာ ဂ်ဴးလူမ်ိဳးအႏြယ္ဝင္မ်ားနဲ႔ မသက္ဆိုင္တဲ့ တစ္ဖက္သတ္ဆန္ဆန္ အစီရင္ခံခ်က္ကို ဘာလုပ္သင့္တယ္ ဆိုတာပါပဲ” ဟု ေထာက္ျပခဲ့သည္။
အစီရင္ခံစာကို ဆုတ္ျဖဲၿပီး အစည္းအေဝးခန္းမမွ မထြက္ခြာမီ အစီရင္ခံစာ၏ အဓိကဆိုလိုခ်င္သည့္ အခန္းက႑မွာ “အစီရင္ခံစာဟာ ဂ်ဴးလူမ်ိဳးအႏြယ္ဝင္မ်ားႏွင့္ မသက္ဆိုင္ေသာ အမွိုက္တခု” ဟူေသာ ရည္ညႊန္းခ်က္သာ ျဖစ္သည္ဟု အာဒန္က ေျပာခဲ့သည္။

ေသာၾကာေန႔က ထုတ္ျပန္ခဲ့ေသာ အစီရင္ခံစာအရ အဆိုပါ ကုလလူ႔အခြင့္အေရးေကာင္စီအစည္းအေဝးတြင္ ျမန္မာ၊ အာဖဂန္၊ အစၥေရး-ပါလက္စတိုင္း ပဋိပကၡတို႔ကို အေရးေပး ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားၿပီး အစၥေရး အေၾကာင္း ေဆြးေႏြးေနစဥ္ အာဒန္က ကုလသည္ အစၥေရးအေပၚ တရားမၽွတမႈမရွိဟု ဆိုကာ အစည္းအေဝး၏ အစီရင္ခံစာကို ဆုတ္ျဖဲခဲ့ျခင္းျဖစ္သည္။

Ref : Times of Israel
သတင္းတမန္
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။