■ကုမ္ပဏီနာမည်ပြောင်းလိုက်တဲ့ မာ့ခ်ဇူဘတ်ရဲ့ ပုံရိပ်ယောင်ကမ္ဘာခြေလှမ်းသစ်

■ကုမ္ပဏီနာမည်ပြောင်းလိုက်တဲ့ မာ့ခ်ဇူဘတ်ရဲ့ ပုံရိပ်ယောင်ကမ္ဘာခြေလှမ်းသစ်

Facebook ဟာ သူတို့ရဲ့ ကုမ္ပဏီနာမည်ကို Meta ဆိုတဲ့နာမည်အဖြစ် ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။ အဓိကအမှတ်တံဆိပ်တစ်ခုအဖြစ် အရေးကြီးတဲ့ပြောင်းလဲမှုတစ်ခုကို မာ့ခ်ဇူကာဘတ်က ပြောင်းလဲခဲ့တာဖြစ်ပြီး ဒီအတွက်လည်း စိတ်လှုပ်ရှားမိကြောင်း ပြောဆိုခဲ့ပြီး ကုမ္ပဏီနာမည်ပြောင်းလဲမှုက အရေးပါတဲ့ခြေလှမ်းတစ်ခုအဖြစ် ရှိလာခဲ့ပါတယ်။

ဆိုရှယ်မီဒီယာကိုကျော်လွန်ပြီး Vitual Reality (VR) လို နယ်ပယ်ကို စတင်ဖို့အတွက် ရည်ရွယ်ထားတာဖြစ်ပြီး ဒါဟာ ပိုမိုကောင်းမွန်စေလိမ့်မယ်လို့ ကုမ္ပဏီဘက်ကပြောဆိုခဲ့ပါတယ်။ ဒီလိုပြောင်းလဲမှုဟာ Facebook, Instagram နဲ့ Whatapp တို့လို လူမှုမီဒီယာပလက် ဖောင်းတွေရဲ့ မိခင်ကုမ္ပဏီအဖြစ်နဲ့ ဆက်လက်ရှိနေမှာဖြစ်ပြီး လူမှုကွန်ရက်တွေအပေါ် သက်ရောက်မှုတော့ရှိမှာမဟုတ်ပါဘူး။

ဝန်ထမ်းဟောင်းတစ်ဦးရဲ့ ဖွင့်ချမှုကြောင့် Facebook ရဲ့ သတင်းဆိုးတွေ ဆက်တိုက်ထွက်ပေါ်နေတဲ့နောက်မှာ အခုလို ကုမ္ပဏီနာမည်ပြောင်းလဲမှုက မြန်မြန်ဆန်ဆန်ဖြစ်ပေါ်လာခဲ့တာပါ။ ၂၀၁၅ ခုနှစ်အတွင်းကလည်း Google ဟာ Alphabet ဆိုတဲ့ နာမည်ကို မိခင်ကုမ္ပဏီအဖြစ် ပြောင်းလဲခဲ့ပြီး မာ့ခ်ဇူကာဘတ်ရဲ့ အခုပြောင်း လဲမှုကတော့ အားလုံးရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

VR နားကြပ်တွေအသုံးပြုကာ ဂိမ်းကစားခြငး၊ အလုပ်နဲ့ဆက်သွယ်နိုင်တဲ့ အွန်လိုင်းလောက၊ အခြားသောကမ္ဘာသစ်ကြီးတစ်ခုအဖြစ် ခံစားစေရမယ့် ပတ်ဝန်း ကျင်ကို ဖန်တီးဖို့ စီစဉ်ထားကြောင်း မာ့ခ်ဇူကာဘတ်က ပြောကြားခဲ့ပြီးနောက် နာမည်သစ်ကို အတည်ပြုကြေညာခဲ့ကာ “ကျွန်တော်တို့ရဲ့ လုပ်ငန်းကို အပိုင်းနှစ်ပိုင်းအဖြစ် ကွဲပြားစေပြီး တစ်ခုကတော့ apps မိသားစုအတွက်ဖြစ်ပြီး နောက်တစ်ခုက အနာဂတ်ပလက် ဖောင်းတွေအတွက်ဖြစ်ပါတယ်” လို့ သူက ကွန်ဖရင့်မှာ ပြောဆိုခဲ့ပါတယ်။

Meta ဆိုတဲ့ စကားလုံးကတော့ ဂရိဘာသာစကားကနေ ဆင်းသက်လာတာဖြစ်ပြီး Beyond လို့ ဆိုလိုတာဖြစ်ပါတယ်။ အင်တာနက်ရဲ့ အနာဂတ်ဖြစ်နိုင်တယ်လို့ အချို့က ယုံကြည်နေပြီး ဒစ်ဂျစ်တယ်အမျိုးအစားအားလုံးနဲ့ ချိတ်ဆက်နိုင်မယ့် VR အဖြစ်နဲ့ ထိုးဖောက်မှာဖြစ်ပါတယ်။

ပုံရိပ်ယောင်ကမ္ဘာတစ်မျိုးလို့ ယူဆရမှာဖြစ်ပြီး အနာဂတ်မှာ ကွန်ပျူတာမလိုအပ်ဘဲ meatverse တေ်မှာ နားကြပ်၊ မျက်လုံးမှာ ကွန်ပျူတာမျက်နှာပြင်တပ်ပြီး အွန်လိုင်းကမ္ဘာကို ဝင်ရောက်ချိတ်ဆက်အသုံးပြုရမှာဖြစ်တယ်လို့ BBC က ဖော်ပြရှင်းလင်းထားပါတယ်။

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi







ပုံရိပ်ယောင်ကမ္ဘာတစ်မျိုးလို့ ယူဆရမှာဖြစ်ပြီး အနာဂတ်မှာ ကွန်ပျူတာမလိုအပ်ဘဲ meatverse တ်ေမှာ နားကြပ်၊ မျက်လုံးမှာ ကွန်ပျူတာမျက်နှာပြင်တပ်ပြီး အွန်လိုင်းကမ္ဘာကို ဝင်ရောက်ချိတ်ဆက်အသုံးပြုရမှာဖြစ်တယ်လို့ BBC က ဖော်ပြရှင်းလင်းထားပါတယ်။

TRNs