■ကီလိုမီတာ ငါးထောင်အကွာအဝေး နျူကလီးယားစွမ်းရည်ရှိ Agni -5 ပဲ့ထိန်းဒုံးကျည်ကို အိန္ဒိယ အောင်မြင်စွာစမ်းသပ်နိုင်ခဲ့

■ကီလိုမီတာ ငါးထောင်အကွာအဝေး နျူကလီးယားစွမ်းရည်ရှိ Agni -5 ပဲ့ထိန်းဒုံးကျည်ကို အိန္ဒိယ အောင်မြင်စွာစမ်းသပ်နိုင်ခဲ့

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက အိန္ဒိယအစိုးရဟာ အိုရှီဒါ ကမ်းလွန် အေပီဂျေ အက်ဘ်ဒူ ခလန်ကျွန်း မြေပြင်မှ မြေပြင်ပစ်ပဲ့ ထိန်းဒုံးကျည် Agni-5 ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း သိရပါတယ်။

ကီလိုမီတာ ငါးထောင် အကွာအဝေးရှိ နျူကလီးယားစွမ်းအင်ရှိ ပဲ့ထိန်းဒုံးကျည်ကို ဒေသစံတော်ချိန် ည ၈ နာရီဝန်း ကျင်ခန့်မှာ ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။

အဆင့်သုံးဆင့်လောင်စာဆီသုံး အင်ဂျင်ကို အသုံးပြုထားတဲ့ ဒုံးကျည်ဟာ ကီလိုမီတာ ငါးထောင် အကွာ အဝေးအထိ ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်စွမ်း မြင့်မားတယ်လို့ သိရပါတယ်။

အိန္ဒိယအစိုးရရဲ့ အောင်မြင်စွာပစ်လွှတ်နိုင်ခဲ့တဲ့ ဒုံးကျည်ဟာ နျူကလီးယားလက်နက်ကို ရန်သူက ပထမဆုံးမတိုက်ခိုက်ပဲ နျူလက်နက် အသုံးမပြုဖို့

ကတိကဝတ် မူဝါဒကို လိုက်နာပြီး အခြေခံ ယုံကြည်ရလောက်တဲ့ အနိမ့်ဆုံး ဟန့်တားမှု ရှိတယ်ဆိုတဲ့ စည်းကမ်းတွေကို လိုက်နာမှုရှိတယ်လို့ သိရပါတယ်။

ကာကွယ်ရေးသုတေသန ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကနေ တည်ဆောက်ထားတဲ့ အဆိုပါ ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်မှုဟာ လာဒါခ် အရှေ့ပိုင်းမှာ တရုတ်နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ကြားမှ ထွက်ပေါ်လာခြင်းလည်း ဖြစ်ပါတယ်။

ဒုံးကျည် ပထမဆုံးစမ်းသပ်ပစ်ခတ်မှုကို ၂၀၁၂ ခုနှစ် ဧပြီလမှာပြုလုပ်ခဲ့ပြီး ယခင်တစ်ကြိမ်ကို လွန်ခဲ့သော ၃ နှစ်ခန့်က ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

Crd..Myanmar PlatForm

zawgyi

■ကီလိုမီတာ ငါးေထာင္အကြာအေဝး န်ဴကလီးယားစြမ္းရည္ရွိ Agni -5 ပဲ့ထိန္းဒုံးက်ည္ကို အိႏၵိယ ေအာင္ျမင္စြာစမ္းသပ္နိုင္ခဲ့

ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔တုန္းက အိႏၵိယအစိုးရဟာ အိုရွီဒါ ကမ္းလြန္ ေအပီေဂ် အက္ဘ္ဒူ ခလန္ကၽြန္း ေျမျပင္မွ ေျမျပင္ပစ္ပဲ့ ထိန္းဒုံးက်ည္ Agni-5 ကို ေအာင္ျမင္စြာ စမ္းသပ္ပစ္လႊတ္ခဲ့ေၾကာင္း သိရပါတယ္။

ကီလိုမီတာ ငါးေထာင္ အကြာအေဝးရွိ န်ဴကလီးယားစြမ္းအင္ရွိ ပဲ့ထိန္းဒုံးက်ည္ကို ေဒသစံေတာ္ခ်ိန္ ည ၈ နာရီဝန္း က်င္ခန႔္မွာ ပစ္လႊတ္ခဲ့တာျဖစ္ပါတယ္။

အဆင့္သုံးဆင့္ေလာင္စာဆီသုံး အင္ဂ်င္ကို အသုံးျပဳထားတဲ့ ဒုံးက်ည္ဟာ ကီလိုမီတာ ငါးေထာင္ အကြာ အေဝးအထိ ပစ္မွတ္ကို တိက်စြာ ပစ္ခတ္နိုင္စြမ္း ျမင့္မားတယ္လို႔ သိရပါတယ္။

အိႏၵိယအစိုးရရဲ့ ေအာင္ျမင္စြာပစ္လႊတ္နိုင္ခဲ့တဲ့ ဒုံးက်ည္ဟာ န်ဴကလီးယားလက္နက္ကို ရန္သူက ပထမဆုံးမတိုက္ခိုက္ပဲ န်ဴလက္နက္ အသုံးမျပဳဖို႔

ကတိကဝတ္ မူဝါဒကို လိုက္နာၿပီး အေျခခံ ယုံၾကည္ရေလာက္တဲ့ အနိမ့္ဆုံး ဟန႔္တားမႈ ရွိတယ္ဆိုတဲ့ စည္းကမ္းေတြကို လိုက္နာမႈရွိတယ္လို႔ သိရပါတယ္။

ကာကြယ္ေရးသုေတသန ဖြံ့ၿဖိဳးတိုးတက္ေရးအဖြဲ႕ကေန တည္ေဆာက္ထားတဲ့ အဆိုပါ ဒုံးက်ည္ကို ေအာင္ျမင္စြာ စမ္းသပ္ပစ္ခတ္မႈဟာ လာဒါခ္ အေရွ႕ပိုင္းမွာ တ႐ုတ္နဲ႔ နယ္နမိတ္ခ်င္း ထိစပ္ေနတဲ့ ၾကားမွ ထြက္ေပၚလာျခင္းလည္း ျဖစ္ပါတယ္။

ဒုံးက်ည္ ပထမဆုံးစမ္းသပ္ပစ္ခတ္မႈကို ၂၀၁၂ ခုႏွစ္ ဧၿပီလမွာျပဳလုပ္ခဲ့ၿပီး ယခင္တစ္ႀကိမ္ကို လြန္ခဲ့ေသာ ၃ ႏွစ္ခန႔္က ျပဳလုပ္ခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ဖူးပါတယ္။

Crd..Myanmar PlatForm