■ကမ္ဘာပေါ်မှာ စစ်ရေယာဉ်အများဆုံးပိုင်ဆိုင်ထားတဲ့ တရုတ်ရေတပ်

■ကမ္ဘာပေါ်မှာ စစ်ရေယာဉ်အများဆုံးပိုင်ဆိုင်ထားတဲ့ တရုတ်ရေတပ်

အမေရိကန်ကာကွယ်ရေးဌာန(Department of Defence) ရဲ့ တရုတ်၏ ၂၀၂၀ ပြည့်နှစ်ထိ စစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာတစ်ခုအရ တရုတ်ရေတပ်ဟာ အဓိကရေပြင်သွားတိုက်ခိုက်ရေးစစ်ရေယာဉ် ၁၄၅ စီးကျော် နှင့်

ရေငုပ်သင်္ဘောများအပါအဝင် စစ်ရေယာဉ်ပေါင်း ၃၅၅ စီးနီးပါးပိုင်ဆိုင်ထားသည့် ကမ္ဘာ့ပေါ်မှာ စစ်ရေယာဉ်အများဆုံးပိုင်ဆိုင်ထားသည့် ရေတပ်ဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ(People’s Republic of China-PRC)အစိုးရသည် တရုတ်ပြည်သူ့လွတ်မြောက်ရေတပ်မတော်(People’s Liberation Army-PLA) ၏ ကာကွယ်ရေးမူဝါဒများနှင့် စစ်ရေးမဟာဗျူဟာများကို

ထိန်း‌ကျောင်းမောင်းနှင်မည့် အမျိုးသားရေး မဟာဗျူဟာနှင့် မဟာဗျူဟာရည်မှန်းချက်များကို ချမှတ်ဆောက်ရွက် ခဲ့ရာ တရုတ်ရေတပ်အဓိကအခန်းကဏ္ဍအဖြစ် အနီးပိုင်းပင်လယ်ပြင်ကာကွယ်ရေးနှင့်

အဝေးပိုင်းပင်လယ်ပြင်ကာကွယ်ရေး မဟာဗျူဟာရည်မှန်းချက်များ ပါဝင်လာသည်။ အနီးပိုင်းပင်လယ်ပြင်ကာကွယ်ရေးမှသည် အဝေးပိုင်းပင်လယ်ပြင်ကာကွယ်ရေး လုပ်ငန်းတာဝန်အား

အရှိန်အဟုန်မြှင့်တင်စွမ်းအားပြည့်လုပ်ဆောင်နိုင်ရန် တရုတ် အစိုးရသည် ခေတ်မီပြီး စွမ်းရည်မြင့်မားတဲ့ရေတပ်ဖွဲ့ တည်ဆောက်နိုင်ရေး ရည်မှန်းချက်ထားလုပ်ဆောင်လျက်ရှိရာ

သက်တမ်းကြာမြင့်ပြီး ခေတ်သစ်စစ်ဆင်ရေး အတွက် ကန့်သတ်ချက်များဖြစ်လာတဲ့ စစ်ရေယာဉ်များ၊ လက်နက်နှင့်လက်နက်စနစ် များနှင့် အာရုံခံကိရိယာများနေရာတွင် ခေတ်မီစစ်ရေယာဉ်သစ်များ၊ မျိုးဆက်သစ် လက်နက်ကိရိယာများဖြင့် အစားထိုးနိုင်ရေး

အရှိန်အဟုန်မြှင့်တင် တည်ဆောက် လျက်ရှိသည်။ မဟာဗျူဟာ ရည်မှန်းချက်အတိုင်း ၂၀၂၀ ပြည့်နှစ်အရောက်တွင် တရုတ်ရေတပ်အား ခေတ်မီ ဘက်စုံစစ်ရေယာဉ်များဖြင့်ဖွဲ့စည်းလာနိုင်ခဲ့ပြီး မဝေးတော့သည့် အနာဂတ် တွင်လည်း

မြေပြင်ပစ်မှတ်များအား ၎င်းတို့၏ရေငုပ်သင်္ဘောနှင့် စစ်ရေယာဉ်များကနေ မြေပြင်ပစ်အနိမ့်ပျံတာဝေးပစ်ဒုံးပျံ(Land-attack cruise missile)များဖြင့် အလွန်ကွာ ဝေးတဲ့နေရာမှ

တိတိကျကျပစ်ခတ်တိုက်ခိုက်နိုင်သည့်စွမ်းရည် ပိုင်ဆိုင်လာတော့ မည်ဖြစ်သည်။ ဒါ့အပြင် ၎င်းတို့၏ လေယာဉ်တင်သင်္ဘောများနှင့် တိုက်ချင်းပစ်ဒုံးပျံ ပစ်ခတ်နိုင်သည့် ရေငုပ်သင်္ဘောများကို ရန်သူရေအောက်တိုက်ခိုက်မှုရန်မှ ကာကွယ်

နိုင်ရေးအတွက် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ဆင်မှုစွမ်းရည်ပိုမိုမြင့်မားလာအောင် မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ ဒါ့အပြင် တရုတ်ရေတပ်အား ကြည်းတပ်/ လေတပ်များနှင့်

လည်းပူးပေါင်းစစ်ဆင်ရေးဆောင်ရွက်နိုင်အောင် အလေးထား တည်ဆောက်လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ်အထိ တရုတ်ရေတပ်တွင် အဓိကရေပြင်သွား တိုက်ခိုက်ရေး စစ်ရေယာဉ်များ၊ ရေငုပ်သင်္ဘောများ၊

လေယာဉ်တင်သင်္ဘောများ၊ ကုန်းရေ နှစ်သွယ်စစ်ဆင်ရေးရေယာဉ်ကြီးများ၊ မိုင်းစစ်ဆင်ရေးရေယာဉ်များနှင့် ရေယာဉ်စု ထောက်ပံ့ရေးစစ်ရေယာဉ်များ အပါအဝင် အဓိကစစ်ရေယာဉ်ပေါင်း

၃၅၅ စီးနီးပါးရှိနိုင်ပြီး အဆိုပါစာရင်းတွင် ဒုံးပျံတင်အမြန်သွားတိုက်ခိုက်ရေး ရေယာဉ် ငယ်များနှင့် ကင်းလှည့် တိုက်ရေယာဉ် ၈၅ စီးပါဝင်ခြင်းမရှိသေးပေ။ အနာဂတ် ရည်မှန်းချက်အတွက်လည်း ၂၀၂၅ ခုနှစ်တွင် စစ်ရေယာဉ်အစီးရေ ၄၂၀ စီးနှင့် နှင့်

၂၀၃၀ ပြည့်နှစ်တွင် ၄၆၀စီးထိပိုင်ဆိုင်လာနိုင်ရေးမျှော်မှန်းထားသည်။လက်ရှိအချိန်တွင်တရုတ်ရေတပ်တွင်လေယာဉ်တင်သင်္ဘော ၂ စီးပိုင်ဆိုင်ထားပြီး ပြည်တွင်းတွင်တည်ဆောက်သည့်

ဒုတိမြောက်လေယာဉ်တင်သင်္ဘောအား ၂၀၂၄ ခုနှစ်တွင် တပ်တော်ဝင်နိုင်ရန်စီစဉ်ထားသည်။ ဒါ့အပြင် တိုက်ခိုက်ရေးရဟတ်ယာဉ် ၃၀ စီးထိတင်ဆောင်နိုင်မည့် Type 075 Yushen အတန်းစား ရဟတ်ယာဉ်တင်

သင်္ဘောများအား တည်ဆောက်လျက်ရှိရာ ၂ စီးရေချထားပြီးဖြစ်ပြီး တစ်စီးအား တည်ဆောက်လျက်ရှိသလို Type 071 Yuzhao အတန်းစား ကုန်းရေ နှစ်သွယ်စစ်ဆင်ရေးရေယာဉ်ကြီး ၇ စီးကိုအသုံးပြုလျက်ရှိပြီး

၈ စီးမြောက်အား ပင်လယ်ပြင်စက်စမ်းမောင်နှင့်မှုများပြုလုပ်ထားပြီးဖြစ်သည်။ တရုတ်ရေတပ်သည် ရေငုပ်သင်္ဘောတပ်ဖွဲ့အား ခေတ်မီရေးအဆင့်မြှင့်တင်မှုများအား အဓိကဦးစားပေးအဖြစ် လုပ်ဆောင်လျက်ရှိပြီး

ပိုမိုအင်အားတောင့်တင်းသည့် ရေငုပ်သင်္ဘောတပ်ဖွဲ့ဖြစ်စေရေးအတွက် နည်းပညာအသစ်များပေါင်းစပ်ကာ သင်္ဘောကျင်းများတွင် တိုးချဲ့တည်ဆောက်လျက်ရှိသည်။ လက်ရှိအချိန်တွင် တိုက်ချင်းပစ်ဒုံးပျံပစ်ခတ်နိုင်သည့်

နျူကလီးယာစွမ်းအင်သုံးရေငုပ်သင်္ဘော(Type 094 Jin-class SSBN) ၆ စီး၊ နျူကလီးယားစွမ်းအင်သုံးတိုက်ခိုက်ရေးရေငုပ်သင်္ဘော(Type 093/Type 093A SSN) ၆ စီးနှင့် ရေယာဉ်ဖျက်ဒုံးပျံပစ်ခတ်နိုင်သည့်

ရေငုပ်သင်္ဘောများ အပါအဝင် သမာရိုးကျတိုက်ခိုက်ရေးရေငုပ်သင်္ဘော ၄၆ စီးအသုံးပြုနေပြီး သက်တမ်းကြာမြင့်ပြီဖြစ်တဲ့ ရေငုပ်သင်္ဘောများနေရာတွင် ခေတ်မီရေငုပ်သင်္ဘော များဖြင့် တစ်စီးဆောက်တစ်စီးလဲစနစ်ဖြင့် ရေငုပ်သင်္ဘောတပ်ဖွဲ့အား

အဆင့်မြှင့် တင်တည်ဆောက်လျက်ရှိသည်။ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော ၁၂ စီး လုံးသည် တရုတ်၏ ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောများဖြစ်ပြီး Type 094 ပိုမိုအဆင့်မြင့်သည့် Type 096 SSBN အား ထပ်မံတည်ဆောက်သွားရန်ရှိပြီး

၂၀၃၀ တွင် ၂ စီးအသုံးပြုနိုင်ရန်စီစဉ်ထားသည်။ ဒါ့အပြင် Type 093A အားအဆင့်မြှင့် တင်ထားသည့် Type 093B SSN အတန်းစားရေငုပ်သ​င်္ဘောအသစ် ၂ စီးကိုလည်း တည်ဆောက်လျက်ရှိသည်။

တစ်ချိန်တည်းမှာပင် ရေယာဉ်ဖျက်ဒုံးပျံပစ်ခတ်နိုင်သည့် သမာရိုးကျတိုက်ခိုက်ရေးရေငုပ်သင်္ဘာများကိုလည်း ထပ်တိုးတည်ဆောက်လျက်ရှိရာ

တရုတ်သင်္ဘောကျင်းများသည် တရုတ်ရေတပ်အတွက် သင်္ဘောဖျက်ဒုံးပျံ ပစ်ခတ်နိုင်သည့် Song အတန်းစား ရေငုပ်သင်္ဘော ၁၃ စီးနှင့် Yuan အတန်းစား ရေငုပ်သင်္ဘော ၁၇

စီးတည်ဆောက်ပေးခဲ့ပြီး ၂၀၂၅ ထိ နောက်ထပ် Yuan အတန်းစား ၂၅ စီးနှင့် အထက် တည်ဆောက်ပေးသွားရန် မျှော်မှန်းထားသည်။

ရေပြင်သွားတိုက်ခိုက်ရေးစစ်ရေယာဉ်များအား အင်အားတိုးချဲ့တည်ဆောက်မှု တွင်လည်း ရေပြင်/ဝေဟင်/ရေအောက် စစ်ဆင်နိုင်စွမ်းရှိသည့် ခရူဇာစစ်ရေယာဉ်များ၊ ဖျက်သင်္ဘောများ၊

ဖရီဂိတ်စစ်ရေယာဉ်များနှင့် ကော်ဗက်စစ်ရေယာဉ်များစသည့် ရေပြင်သွားတိုက်ခိုက်ရေးစစ်ရေယာဉ်များကိုလည်း ပိုမိုခေတ်မီသည့် နည်းပညာ များအသုံးပြုကာ ပြည်တွင်းသင်္ဘောကျင်းများတွင်

တိုးမြှင့်တည်ဆောက် လျက်ရှိသည်။ လက်ရှိအချိန်တွင် ရေပြင်သွားစစ်ရေယာဉ်များအား အင်အားတိုးချဲ့တည်ဆောက်နေသည့် အစီအစဉ်အဖြစ်

Luyang III DDG(Type 052D) အတန်းစားဖျက်သင်္ဘောများနှင့် Renhai CG အတန်းစားခရူဇာစစ်ရေယာဉ်များ တိုးမြှင့်တည်ဆောက်ရေး အစီအစဉ် ၂ ခုဖြင့် အကောင်အထည်ဖော် လုပ်ဆောင်နေသည်။

လက်ရှိအချိန်တွင် Luyang III အတန်းစားဖျက်သင်္ဘော ၁၈ စီး အသုံးပြုနေပြီး ၂၀၂၀ ခုနှစ်အထိ Luyang III နှင့် ပိုမိုအဆင့်မြှင့်တင်ထားသည့်

Luyang III MOD အတန်းစားဖျက်သင်္ဘော ၂၅ စီးထိ တည်ဆောက်ထားပြီးဖြစ်သည်။ အဆိုပါ ဖျက်သင်္ဘောများသည် အနိမ့်ပျံရေယာဉ်ဖျက်ဒုံးပျံများ၊ ဝေဟင်ပစ်ဒုံးပျံများနှင့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးဒုံးပျံများ ပစ်ခတ်နိုင်သည့်

ဒေါင်လိုက်ပစ်ပြွန် ၆၄ ခု တပ်ဆင်ထားသည်။ Renhai CG အတန်းစားခရူဇာစစ်ရေယာဉ်ပထမဆုံးအစီးအား ၂၀၂၀ ခုနှစ်တွင် တပ်တော်ဝင်ခဲ့ပြီး ယခုအချိန်တွင် ၈ စီးမြောက်စစ်ရေယာဉ်အား ရေချထားပြီးဖြစ်သည်။

Renhai CG အတန်းစားခရူဇာစစ်ရေယာဉ်များတွင် ဒေါင်လိုက်ပစ်ပြွန် ၁၁၂ ခုထိပါရှိသည်။ တရုတ်ရေတပ်သည် တိုက်စွမ်းအားမြင့် စစ်ရေယာဉ်များတိုးမြှင့်တည်ဆောက်လျက်ရှိသလို တစ်ဖက်တွင်လည်း လက်ရှိ အသုံးပြုလျက်ရှိသည့်

ဖရီဂိတ်နှင့် ကောဗက်စစ်ရေယာဉ်များ၏ ရေပြင်တိုက်စွမ်း အားမြှင့်လားစေရန် ရေပြင်နှင့် မြေပြင်ပစ်မှတ်များအား ပစ်ခတ်နိုင်သည့် ပိုမို ခေတ်မီပြီးစွမ်းရည်ပြည့်၀သည့်

ဒုံးပျံများအား ယခင်ဒုံးပျံများနေရာတွင် အစားထိုး တပ်ဆင်လာခဲ့သည်။ လက်ရှိအချိန်တွင် တရုတ်ရေတပ်တွင် ခရူဇာ၊ ဖျက်သင်္ဘော၊ ဖရီဂိတ်နှင့် ကော်ဗက်စသည့် အဓိကရေပြင်သွား

တိုက်ခိုက်ရေးရေယာဉ် အစီးရေ၂၀၀ နီးပါးအသုံးပြုလျက်ရှိသည်။တရုတ်သည် အင်ဒို-ပစိဖိတ်ဒေသတွင်းတွင်လေယာဉ်တင်သင်္ဘော၊ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောအပါအဝင် စစ်ရေယာဉ်မျိုးစုံ၊

အရွယ်အစားအစုံအား ပြည်တွင်းမှာပင်တည်ဆောက်ပေးနိုင်သည့် ရေယာဉ်တည်ဆောက်ရေးစွမ်းရည် မြင့်မားသည့် နိုင်ငံဖြစ်သည်။ ၁၉၉၀ ခုနှစ်နောက်ပိုင်း ရေယာဉ်တည်ဆောက်မှု

စွမ်းရည်ပိုမိုတိုးတက်လာခဲ့ပြီး နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများအပါအဝင် ခေတ်မီစစ်ရေယာဉ်စုံအား အလုံးအရင်းနှင့်တည်ဆောက်ပေးနိုင်ခဲ့သည်။ ယနေ့အချိန်တွင် တရုတ်ရေတပ်သည်

တိုက်ခိုက်ရေးရေယာဉ်ငယ်များ မပါဝင်ဘဲ အဓိက တိုက်ခိုက်ရေးစစ်ရေယာဉ်အစီးရေပေါင်း ၃၅၀ ကျော်ရှိနေသည့် ကမ္ဘာ့ပေါ်တွင် စစ်ရေယာဉ်အများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်လာခဲ့သည်။

ယခုကဲ့သို့ ကမ္ဘာပေါ်တွင် စစ်ရေယာဉ်အများဆုံးပိုင်ဆိုင်သည့် ရေတပ်အင်အားကြီး နိုင်ငံတစ်ခုဖြစ်လာစေရေးအတွက် တရုတ်ပြည်တွင်း သင်္ဘောကျင်းများ၏

ရေယာဉ်တည်ဆောက် ရေးစွမ်းရည် တိုးတက်အောင်ဆောင်ရွက်ခဲ့မှုနှင့် အားသွန်ခွန်စိုက် တည်ဆောက်ပေးမှုသည် အဓိကအကျဆုံးသော အခန်းကဏ္ဍကြီးတစ်ရပ်အဖြစ် ရပ်တည်နေလျက်ရှိသည်။
Crd..Blue Ocean Diary

zawgyi

■ကမၻာေပၚမွာ စစ္ေရယာဥ္အမ်ားဆုံးပိုင္ဆိုင္ထားတဲ့ တ႐ုတ္ေရတပ္

အေမရိကန္ကာကြယ္ေရးဌာန(Department of Defence) ရဲ့ တ႐ုတ္၏ ၂၀၂၀ ျပည့္ႏွစ္ထိ စစ္ေရးနဲ႔ လုံျခဳံေရးဆိုင္ရာ ဖြံ့ၿဖိဳးတိုးတက္မႈအစီရင္ခံစာတစ္ခုအရ တ႐ုတ္ေရတပ္ဟာ အဓိကေရျပင္သြားတိုက္ခိုက္ေရးစစ္ေရယာဥ္ ၁၄၅ စီးေက်ာ္ ႏွင့္

ေရငုပ္သေဘၤာမ်ားအပါအဝင္ စစ္ေရယာဥ္ေပါင္း ၃၅၅ စီးနီးပါးပိုင္ဆိုင္ထားသည့္ ကမၻာ့ေပၚမွာ စစ္ေရယာဥ္အမ်ားဆုံးပိုင္ဆိုင္ထားသည့္ ေရတပ္ျဖစ္သည္။

တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံ(People’s Republic of China-PRC)အစိုးရသည္ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရတပ္မေတာ္(People’s Liberation Army-PLA) ၏ ကာကြယ္ေရးမူဝါဒမ်ားႏွင့္ စစ္ေရးမဟာဗ်ဴဟာမ်ားကို

ထိန္း‌ေက်ာင္းေမာင္းႏွင္မည့္ အမ်ိဳးသားေရး မဟာဗ်ဴဟာႏွင့္ မဟာဗ်ဴဟာရည္မွန္းခ်က္မ်ားကို ခ်မွတ္ေဆာက္ရြက္ ခဲ့ရာ တ႐ုတ္ေရတပ္အဓိကအခန္းက႑အျဖစ္ အနီးပိုင္းပင္လယ္ျပင္ကာကြယ္ေရးႏွင့္

အေဝးပိုင္းပင္လယ္ျပင္ကာကြယ္ေရး မဟာဗ်ဴဟာရည္မွန္းခ်က္မ်ား ပါဝင္လာသည္။ အနီးပိုင္းပင္လယ္ျပင္ကာကြယ္ေရးမွသည္ အေဝးပိုင္းပင္လယ္ျပင္ကာကြယ္ေရး လုပ္ငန္းတာဝန္အား

အရွိန္အဟုန္ျမႇင့္တင္စြမ္းအားျပည့္လုပ္ေဆာင္နိုင္ရန္ တ႐ုတ္ အစိုးရသည္ ေခတ္မီၿပီး စြမ္းရည္ျမင့္မားတဲ့ေရတပ္ဖြဲ႕ တည္ေဆာက္နိုင္ေရး ရည္မွန္းခ်က္ထားလုပ္ေဆာင္လ်က္ရွိရာ

သက္တမ္းၾကာျမင့္ၿပီး ေခတ္သစ္စစ္ဆင္ေရး အတြက္ ကန႔္သတ္ခ်က္မ်ားျဖစ္လာတဲ့ စစ္ေရယာဥ္မ်ား၊ လက္နက္ႏွင့္လက္နက္စနစ္ မ်ားႏွင့္ အာ႐ုံခံကိရိယာမ်ားေနရာတြင္ ေခတ္မီစစ္ေရယာဥ္သစ္မ်ား၊ မ်ိဳးဆက္သစ္ လက္နက္ကိရိယာမ်ားျဖင့္ အစားထိုးနိုင္ေရး

အရွိန္အဟုန္ျမႇင့္တင္ တည္ေဆာက္ လ်က္ရွိသည္။ မဟာဗ်ဴဟာ ရည္မွန္းခ်က္အတိုင္း ၂၀၂၀ ျပည့္ႏွစ္အေရာက္တြင္ တ႐ုတ္ေရတပ္အား ေခတ္မီ ဘက္စုံစစ္ေရယာဥ္မ်ားျဖင့္ဖြဲ႕စည္းလာနိုင္ခဲ့ၿပီး မေဝးေတာ့သည့္ အနာဂတ္ တြင္လည္း

ေျမျပင္ပစ္မွတ္မ်ားအား ၎တို႔၏ေရငုပ္သေဘၤာႏွင့္ စစ္ေရယာဥ္မ်ားကေန ေျမျပင္ပစ္အနိမ့္ပ်ံတာေဝးပစ္ဒုံးပ်ံ(Land-attack cruise missile)မ်ားျဖင့္ အလြန္ကြာ ေဝးတဲ့ေနရာမွ

တိတိက်က်ပစ္ခတ္တိုက္ခိုက္နိုင္သည့္စြမ္းရည္ ပိုင္ဆိုင္လာေတာ့ မည္ျဖစ္သည္။ ဒါ့အျပင္ ၎တို႔၏ ေလယာဥ္တင္သေဘၤာမ်ားႏွင့္ တိုက္ခ်င္းပစ္ဒုံးပ်ံ ပစ္ခတ္နိုင္သည့္ ေရငုပ္သေဘၤာမ်ားကို ရန္သူေရေအာက္တိုက္ခိုက္မႈရန္မွ ကာကြယ္

နိုင္ေရးအတြက္ ေရငုပ္သေဘၤာတိုက္ဖ်က္ေရး စစ္ဆင္မႈစြမ္းရည္ပိုမိုျမင့္မားလာေအာင္ ျမႇင့္တင္ေဆာင္ရြက္လ်က္ရွိသည္။ ဒါ့အျပင္ တ႐ုတ္ေရတပ္အား ၾကည္းတပ္/ ေလတပ္မ်ားႏွင့္

လည္းပူးေပါင္းစစ္ဆင္ေရးေဆာင္ရြက္နိုင္ေအာင္ အေလးထား တည္ေဆာက္လ်က္ရွိသည္။ ၂၀၂၀ ျပည့္ႏွစ္အထိ တ႐ုတ္ေရတပ္တြင္ အဓိကေရျပင္သြား တိုက္ခိုက္ေရး စစ္ေရယာဥ္မ်ား၊ ေရငုပ္သေဘၤာမ်ား၊

ေလယာဥ္တင္သေဘၤာမ်ား၊ ကုန္းေရ ႏွစ္သြယ္စစ္ဆင္ေရးေရယာဥ္ႀကီးမ်ား၊ မိုင္းစစ္ဆင္ေရးေရယာဥ္မ်ားႏွင့္ ေရယာဥ္စု ေထာက္ပံ့ေရးစစ္ေရယာဥ္မ်ား အပါအဝင္ အဓိကစစ္ေရယာဥ္ေပါင္း

၃၅၅ စီးနီးပါးရွိနိုင္ၿပီး အဆိုပါစာရင္းတြင္ ဒုံးပ်ံတင္အျမန္သြားတိုက္ခိုက္ေရး ေရယာဥ္ ငယ္မ်ားႏွင့္ ကင္းလွည့္ တိုက္ေရယာဥ္ ၈၅ စီးပါဝင္ျခင္းမရွိေသးေပ။ အနာဂတ္ ရည္မွန္းခ်က္အတြက္လည္း ၂၀၂၅ ခုႏွစ္တြင္ စစ္ေရယာဥ္အစီးေရ ၄၂၀ စီးႏွင့္ ႏွင့္

၂၀၃၀ ျပည့္ႏွစ္တြင္ ၄၆၀စီးထိပိုင္ဆိုင္လာနိုင္ေရးေမၽွာ္မွန္းထားသည္။လက္ရွိအခ်ိန္တြင္တ႐ုတ္ေရတပ္တြင္ေလယာဥ္တင္သေဘၤာ ၂ စီးပိုင္ဆိုင္ထားၿပီး ျပည္တြင္းတြင္တည္ေဆာက္သည့္

ဒုတိေျမာက္ေလယာဥ္တင္သေဘၤာအား ၂၀၂၄ ခုႏွစ္တြင္ တပ္ေတာ္ဝင္နိုင္ရန္စီစဥ္ထားသည္။ ဒါ့အျပင္ တိုက္ခိုက္ေရးရဟတ္ယာဥ္ ၃၀ စီးထိတင္ေဆာင္နိုင္မည့္ Type 075 Yushen အတန္းစား ရဟတ္ယာဥ္တင္

သေဘၤာမ်ားအား တည္ေဆာက္လ်က္ရွိရာ ၂ စီးေရခ်ထားၿပီးျဖစ္ၿပီး တစ္စီးအား တည္ေဆာက္လ်က္ရွိသလို Type 071 Yuzhao အတန္းစား ကုန္းေရ ႏွစ္သြယ္စစ္ဆင္ေရးေရယာဥ္ႀကီး ၇ စီးကိုအသုံးျပဳလ်က္ရွိၿပီး

၈ စီးေျမာက္အား ပင္လယ္ျပင္စက္စမ္းေမာင္ႏွင့္မႈမ်ားျပဳလုပ္ထားၿပီးျဖစ္သည္။ တ႐ုတ္ေရတပ္သည္ ေရငုပ္သေဘၤာတပ္ဖြဲ႕အား ေခတ္မီေရးအဆင့္ျမႇင့္တင္မႈမ်ားအား အဓိကဦးစားေပးအျဖစ္ လုပ္ေဆာင္လ်က္ရွိၿပီး

ပိုမိုအင္အားေတာင့္တင္းသည့္ ေရငုပ္သေဘၤာတပ္ဖြဲ႕ျဖစ္ေစေရးအတြက္ နည္းပညာအသစ္မ်ားေပါင္းစပ္ကာ သေဘၤာက်င္းမ်ားတြင္ တိုးခ်ဲ႕တည္ေဆာက္လ်က္ရွိသည္။ လက္ရွိအခ်ိန္တြင္ တိုက္ခ်င္းပစ္ဒုံးပ်ံပစ္ခတ္နိုင္သည့္

န်ဴကလီးယာစြမ္းအင္သုံးေရငုပ္သေဘၤာ(Type 094 Jin-class SSBN) ၆ စီး၊ န်ဴကလီးယားစြမ္းအင္သုံးတိုက္ခိုက္ေရးေရငုပ္သေဘၤာ(Type 093/Type 093A SSN) ၆ စီးႏွင့္ ေရယာဥ္ဖ်က္ဒုံးပ်ံပစ္ခတ္နိုင္သည့္

ေရငုပ္သေဘၤာမ်ား အပါအဝင္ သမာရိုးက်တိုက္ခိုက္ေရးေရငုပ္သေဘၤာ ၄၆ စီးအသုံးျပဳေနၿပီး သက္တမ္းၾကာျမင့္ၿပီျဖစ္တဲ့ ေရငုပ္သေဘၤာမ်ားေနရာတြင္ ေခတ္မီေရငုပ္သေဘၤာ မ်ားျဖင့္ တစ္စီးေဆာက္တစ္စီးလဲစနစ္ျဖင့္ ေရငုပ္သေဘၤာတပ္ဖြဲ႕အား

အဆင့္ျမႇင့္ တင္တည္ေဆာက္လ်က္ရွိသည္။ န်ဴကလီးယားစြမ္းအင္သုံးေရငုပ္သေဘၤာ ၁၂ စီး လုံးသည္ တ႐ုတ္၏ ျပည္တြင္းျဖစ္ ေရငုပ္သေဘၤာမ်ားျဖစ္ၿပီး Type 094 ပိုမိုအဆင့္ျမင့္သည့္ Type 096 SSBN အား ထပ္မံတည္ေဆာက္သြားရန္ရွိၿပီး

၂၀၃၀ တြင္ ၂ စီးအသုံးျပဳနိုင္ရန္စီစဥ္ထားသည္။ ဒါ့အျပင္ Type 093A အားအဆင့္ျမႇင့္ တင္ထားသည့္ Type 093B SSN အတန္းစားေရငုပ္သ​ေဘၤာအသစ္ ၂ စီးကိုလည္း တည္ေဆာက္လ်က္ရွိသည္။

တစ္ခ်ိန္တည္းမွာပင္ ေရယာဥ္ဖ်က္ဒုံးပ်ံပစ္ခတ္နိုင္သည့္ သမာရိုးက်တိုက္ခိုက္ေရးေရငုပ္သဘၤာမ်ားကိုလည္း ထပ္တိုးတည္ေဆာက္လ်က္ရွိရာ

တ႐ုတ္သေဘၤာက်င္းမ်ားသည္ တ႐ုတ္ေရတပ္အတြက္ သေဘၤာဖ်က္ဒုံးပ်ံ ပစ္ခတ္နိုင္သည့္ Song အတန္းစား ေရငုပ္သေဘၤာ ၁၃ စီးႏွင့္ Yuan အတန္းစား ေရငုပ္သေဘၤာ ၁၇

စီးတည္ေဆာက္ေပးခဲ့ၿပီး ၂၀၂၅ ထိ ေနာက္ထပ္ Yuan အတန္းစား ၂၅ စီးႏွင့္ အထက္ တည္ေဆာက္ေပးသြားရန္ ေမၽွာ္မွန္းထားသည္။

ေရျပင္သြားတိုက္ခိုက္ေရးစစ္ေရယာဥ္မ်ားအား အင္အားတိုးခ်ဲ႕တည္ေဆာက္မႈ တြင္လည္း ေရျပင္/ေဝဟင္/ေရေအာက္ စစ္ဆင္နိုင္စြမ္းရွိသည့္ ခ႐ူဇာစစ္ေရယာဥ္မ်ား၊ ဖ်က္သေဘၤာမ်ား၊

ဖရီဂိတ္စစ္ေရယာဥ္မ်ားႏွင့္ ေကာ္ဗက္စစ္ေရယာဥ္မ်ားစသည့္ ေရျပင္သြားတိုက္ခိုက္ေရးစစ္ေရယာဥ္မ်ားကိုလည္း ပိုမိုေခတ္မီသည့္ နည္းပညာ မ်ားအသုံးျပဳကာ ျပည္တြင္းသေဘၤာက်င္းမ်ားတြင္

တိုးျမႇင့္တည္ေဆာက္ လ်က္ရွိသည္။ လက္ရွိအခ်ိန္တြင္ ေရျပင္သြားစစ္ေရယာဥ္မ်ားအား အင္အားတိုးခ်ဲ႕တည္ေဆာက္ေနသည့္ အစီအစဥ္အျဖစ္

Luyang III DDG(Type 052D) အတန္းစားဖ်က္သေဘၤာမ်ားႏွင့္ Renhai CG အတန္းစားခ႐ူဇာစစ္ေရယာဥ္မ်ား တိုးျမႇင့္တည္ေဆာက္ေရး အစီအစဥ္ ၂ ခုျဖင့္ အေကာင္အထည္ေဖာ္ လုပ္ေဆာင္ေနသည္။

လက္ရွိအခ်ိန္တြင္ Luyang III အတန္းစားဖ်က္သေဘၤာ ၁၈ စီး အသုံးျပဳေနၿပီး ၂၀၂၀ ခုႏွစ္အထိ Luyang III ႏွင့္ ပိုမိုအဆင့္ျမႇင့္တင္ထားသည့္

Luyang III MOD အတန္းစားဖ်က္သေဘၤာ ၂၅ စီးထိ တည္ေဆာက္ထားၿပီးျဖစ္သည္။ အဆိုပါ ဖ်က္သေဘၤာမ်ားသည္ အနိမ့္ပ်ံေရယာဥ္ဖ်က္ဒုံးပ်ံမ်ား၊ ေဝဟင္ပစ္ဒုံးပ်ံမ်ားႏွင့္ ေရငုပ္သေဘၤာတိုက္ဖ်က္ေရးဒုံးပ်ံမ်ား ပစ္ခတ္နိုင္သည့္

ေဒါင္လိုက္ပစ္ႁပြန္ ၆၄ ခု တပ္ဆင္ထားသည္။ Renhai CG အတန္းစားခ႐ူဇာစစ္ေရယာဥ္ပထမဆုံးအစီးအား ၂၀၂၀ ခုႏွစ္တြင္ တပ္ေတာ္ဝင္ခဲ့ၿပီး ယခုအခ်ိန္တြင္ ၈ စီးေျမာက္စစ္ေရယာဥ္အား ေရခ်ထားၿပီးျဖစ္သည္။

Renhai CG အတန္းစားခ႐ူဇာစစ္ေရယာဥ္မ်ားတြင္ ေဒါင္လိုက္ပစ္ႁပြန္ ၁၁၂ ခုထိပါရွိသည္။ တ႐ုတ္ေရတပ္သည္ တိုက္စြမ္းအားျမင့္ စစ္ေရယာဥ္မ်ားတိုးျမႇင့္တည္ေဆာက္လ်က္ရွိသလို တစ္ဖက္တြင္လည္း လက္ရွိ အသုံးျပဳလ်က္ရွိသည့္

ဖရီဂိတ္ႏွင့္ ေကာဗက္စစ္ေရယာဥ္မ်ား၏ ေရျပင္တိုက္စြမ္း အားျမႇင့္လားေစရန္ ေရျပင္ႏွင့္ ေျမျပင္ပစ္မွတ္မ်ားအား ပစ္ခတ္နိုင္သည့္ ပိုမို ေခတ္မီၿပီးစြမ္းရည္ျပည့္၀သည့္

ဒုံးပ်ံမ်ားအား ယခင္ဒုံးပ်ံမ်ားေနရာတြင္ အစားထိုး တပ္ဆင္လာခဲ့သည္။ လက္ရွိအခ်ိန္တြင္ တ႐ုတ္ေရတပ္တြင္ ခ႐ူဇာ၊ ဖ်က္သေဘၤာ၊ ဖရီဂိတ္ႏွင့္ ေကာ္ဗက္စသည့္ အဓိကေရျပင္သြား

တိုက္ခိုက္ေရးေရယာဥ္ အစီးေရ၂၀၀ နီးပါးအသုံးျပဳလ်က္ရွိသည္။တ႐ုတ္သည္ အင္ဒို-ပစိဖိတ္ေဒသတြင္းတြင္ေလယာဥ္တင္သေဘၤာ၊ န်ဴကလီးယားစြမ္းအင္သုံး ေရငုပ္သေဘၤာအပါအဝင္ စစ္ေရယာဥ္မ်ိဳးစုံ၊

အရြယ္အစားအစုံအား ျပည္တြင္းမွာပင္တည္ေဆာက္ေပးနိုင္သည့္ ေရယာဥ္တည္ေဆာက္ေရးစြမ္းရည္ ျမင့္မားသည့္ နိုင္ငံျဖစ္သည္။ ၁၉၉၀ ခုႏွစ္ေနာက္ပိုင္း ေရယာဥ္တည္ေဆာက္မႈ

စြမ္းရည္ပိုမိုတိုးတက္လာခဲ့ၿပီး န်ဴကလီးယားစြမ္းအင္သုံးေရငုပ္သေဘၤာမ်ားအပါအဝင္ ေခတ္မီစစ္ေရယာဥ္စုံအား အလုံးအရင္းႏွင့္တည္ေဆာက္ေပးနိုင္ခဲ့သည္။ ယေန႔အခ်ိန္တြင္ တ႐ုတ္ေရတပ္သည္

တိုက္ခိုက္ေရးေရယာဥ္ငယ္မ်ား မပါဝင္ဘဲ အဓိက တိုက္ခိုက္ေရးစစ္ေရယာဥ္အစီးေရေပါင္း ၃၅၀ ေက်ာ္ရွိေနသည့္ ကမၻာ့ေပၚတြင္ စစ္ေရယာဥ္အမ်ားဆုံးပိုင္ဆိုင္သည့္ နိုင္ငံျဖစ္လာခဲ့သည္။

ယခုကဲ့သို႔ ကမၻာေပၚတြင္ စစ္ေရယာဥ္အမ်ားဆုံးပိုင္ဆိုင္သည့္ ေရတပ္အင္အားႀကီး နိုင္ငံတစ္ခုျဖစ္လာေစေရးအတြက္ တ႐ုတ္ျပည္တြင္း သေဘၤာက်င္းမ်ား၏

ေရယာဥ္တည္ေဆာက္ ေရးစြမ္းရည္ တိုးတက္ေအာင္ေဆာင္ရြက္ခဲ့မႈႏွင့္ အားသြန္ခြန္စိုက္ တည္ေဆာက္ေပးမႈသည္ အဓိကအက်ဆုံးေသာ အခန္းက႑ႀကီးတစ္ရပ္အျဖစ္ ရပ္တည္ေနလ်က္ရွိသည္။
Crd..Blue Ocean Diary