■■■အမေရိကန်အပါအဝင်အခြားအင်အားကြီးနိုင်ငံတွေကို တုန်လှုပ်သွားစေခဲ့သည့် တရုတ်၏အသံထက်မြန်တဲ့ နူူ စွမ်းအင်သုံးဒုံးကျည်ကို ပစ်လွှတ်

စက်တင်ဘာလအတွင်းက တရုတ်ဟာ အသံထက်မြန်တဲ့ နူကလီးယားစွမ်းရည်ရှိ ဒုံးကျည် စမ်းသပ်ခဲ့ပြီး အမေရိကန်ထောက်လှမ်းရေးတွေကို အံ့အားသင့်စေခဲ့တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်ငါးခုကို ကိုးကားပြီး Financial Times က ဖော်ပြခဲ့ပါတယ်။

ဒီအစီရင်ခံစာဟာ စနေနေ့ညနေပိုင်းက ထွက်ပေါ်ခဲ့ပြီး တရုတ်ရဲ့ အခုတစ်ကြိမ်လျှို့ဝှက်စမ်းသပ်ခဲ့မှုဟာ အခြားအင်အားကြီးနိုင်ငံတွေကို တုန်လှုပ်စေခဲ့ပြီဖြစ်ပါတယ်။ဒုံးကျည်ဟာ ပစ်မှတ်ကိုမသွားခင် ၂၄ မိုင်ခန့်လှည့်ပတ်သွားလာဦးမှာဖြစ်ပြီး အဲဒီနောက်မှသာ ပစ်မှတ်ဆီ သွားမှာလည်းဖြစ်ပါတယ်။

ပစ်မှတ်ဆီကို မသွားခင် ကမ္ဘာပတ်လမ်းကြောင်းအတိုင်း လည်ပတ်နေမှာဖြစ်ပြီး အဲဒီအချိန်မှာ သူ့ရဲ့စွမ်းရည်ကို ပြသတာဖြစ်လို့ ဒီနည်းပညာပိုင်းဟာ တကယ်ကို ထိတ်လန့်အံ့အားသင့်စရာကောင်းနေတာ အမှန်ပဲဖြစ်ပါတယ်။

“ဒီစမ်းသပ်မှုက တရုတ်အနေနဲ့ အသံထက်မြန်တဲ့ လက်နက်တွေနဲ့ အံ့အားသင့်ဖွယ်ရာတိုးတက်မှုတွေကို လုပ်ပြနိုင်ခဲ့တာဖြစ်ပြီး အမေရိကန်ဘက်က သိထားတာထက် အများကြီးပိုအဆင့်မြင့်တယ်လို့ ထောက် လှမ်းရေးအရာရှိတွေက အကျဉ်းချုပ်ဖော်ပြခဲ့ပါတယ်” လို့ သတင်းရင်းမြစ်တစ်ခုက ပြောဆိုခဲ့ပါတယ်။

Reuters သတင်းဌာနက ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တရုတ်စစ်တပ်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တုံပြန်ဖြေကြားခြင်းမရှိဘူးလို့လည်း သိရပါတယ်။အမေရိကန်နဲ့ ရုရှားတို့ကလည်း အသံထက်မြန်တဲ့ဒုံးပျံတွေကို ပိုမိုအဆင့်မြှင့်တင်မှုတွေ ပြုလုပ်နေပြီး ပြီးခဲ့တဲ့လအတွင်းမှာ မြောက်ကိုရီးယားကလည်း သူတို့ရဲ့ တီထွင်မှုအသစ်တစ်ခုကို ပစ်လွှတ်ကာ စမ်းသပ်ခဲ့ပါသေးတယ်။

၂၀၁၉ ခုနှစ် စစ်ရေးပြပွဲတစ်ခုမှာ တရုတ်က DF-17 လို့ ခေါ်တဲ့ သူတို့ရဲ့ အသံထက်မြန်တဲ့ဒုံးကျည်အပါ အဝင် အခြားခေတ်မီလက်နက်တွေကို ပြသခဲ့ပါတယ်။ တရုတ်ဟာ ပုံမှန်အားဖြင့် Long March ဒုံးပျံကို ကမ္ဘာပတ်လမ်းကြောင်းကို လွှတ်တင်ဖို့ ကြေညာလေ့ရှိပေမယ့် ဒီတစ်ကြိမ်ပစ်လွှတ်မှုကိုတော့ ဖုံးကွယ်ထားခဲ့တာဖြစ်ပါတယ်။

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

စက္တင္ဘာလအတြင္းက တ႐ုတ္ဟာ အသံထက္ျမန္တဲ့ ႏူကလီးယားစြမ္းရည္ရွိ ဒုံးက်ည္ စမ္းသပ္ခဲ့ၿပီး အေမရိကန္ေထာက္လွမ္းေရးေတြကို အံ့အားသင့္ေစခဲ့တယ္လို႔ အမည္မေဖာ္လိုတဲ့ သတင္းရင္းျမစ္ငါးခုကို ကိုးကားၿပီး Financial Times က ေဖာ္ျပခဲ့ပါတယ္။

ဒီအစီရင္ခံစာဟာ စေနေန႔ညေနပိုင္းက ထြက္ေပၚခဲ့ၿပီး တ႐ုတ္ရဲ့ အခုတစ္ႀကိမ္လၽွို႔ဝွက္စမ္းသပ္ခဲ့မႈဟာ အျခားအင္အားႀကီးနိုင္ငံေတြကို တုန္လႈပ္ေစခဲ့ၿပီျဖစ္ပါတယ္။ဒုံးက်ည္ဟာ ပစ္မွတ္ကိုမသြားခင္ ၂၄ မိုင္ခန႔္လွည့္ပတ္သြားလာဦးမွာျဖစ္ၿပီး အဲဒီေနာက္မွသာ ပစ္မွတ္ဆီ သြားမွာလည္းျဖစ္ပါတယ္။

ပစ္မွတ္ဆီကို မသြားခင္ ကမၻာပတ္လမ္းေၾကာင္းအတိုင္း လည္ပတ္ေနမွာျဖစ္ၿပီး အဲဒီအခ်ိန္မွာ သူ႔ရဲ့စြမ္းရည္ကို ျပသတာျဖစ္လို႔ ဒီနည္းပညာပိုင္းဟာ တကယ္ကို ထိတ္လန႔္အံ့အားသင့္စရာေကာင္းေနတာ အမွန္ပဲျဖစ္ပါတယ္။

“ဒီစမ္းသပ္မႈက တ႐ုတ္အေနနဲ႔ အသံထက္ျမန္တဲ့ လက္နက္ေတြနဲ႔ အံ့အားသင့္ဖြယ္ရာတိုးတက္မႈေတြကို လုပ္ျပနိုင္ခဲ့တာျဖစ္ၿပီး အေမရိကန္ဘက္က သိထားတာထက္ အမ်ားႀကီးပိုအဆင့္ျမင့္တယ္လို႔ ေထာက္ လွမ္းေရးအရာရွိေတြက အက်ဥ္းခ်ဳပ္ေဖာ္ျပခဲ့ပါတယ္” လို႔ သတင္းရင္းျမစ္တစ္ခုက ေျပာဆိုခဲ့ပါတယ္။

Reuters သတင္းဌာနက ဒီအေၾကာင္းအရာနဲ႔ပတ္သက္ၿပီး တ႐ုတ္စစ္တပ္ကို ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ တုံျပန္ေျဖၾကားျခင္းမရွိဘူးလို႔လည္း သိရပါတယ္။အေမရိကန္နဲ႔ ႐ုရွားတို႔ကလည္း အသံထက္ျမန္တဲ့ဒုံးပ်ံေတြကို ပိုမိုအဆင့္ျမႇင့္တင္မႈေတြ ျပဳလုပ္ေနၿပီး ၿပီးခဲ့တဲ့လအတြင္းမွာ ေျမာက္ကိုရီးယားကလည္း သူတို႔ရဲ့ တီထြင္မႈအသစ္တစ္ခုကို ပစ္လႊတ္ကာ စမ္းသပ္ခဲ့ပါေသးတယ္။

၂၀၁၉ ခုႏွစ္ စစ္ေရးျပပြဲတစ္ခုမွာ တ႐ုတ္က DF-17 လို႔ ေခၚတဲ့ သူတို႔ရဲ့ အသံထက္ျမန္တဲ့ဒုံးက်ည္အပါ အဝင္ အျခားေခတ္မီလက္နက္ေတြကို ျပသခဲ့ပါတယ္။ တ႐ုတ္ဟာ ပုံမွန္အားျဖင့္ Long March ဒုံးပ်ံကို ကမၻာပတ္လမ္းေၾကာင္းကို လႊတ္တင္ဖို႔ ေၾကညာေလ့ရွိေပမယ့္ ဒီတစ္ႀကိမ္ပစ္လႊတ္မႈကိုေတာ့ ဖုံးကြယ္ထားခဲ့တာျဖစ္ပါတယ္။

TRNs
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။