
Post Views:
8
ရုရှား Black Sea fleet ရဲ့ ဌာနချုပ်ရှိရာ Crimea Sevastopol ရေတပ်စခန်းနားက ကမ်းခြေမှာ မောင်းသူမဲ့ သင်္ဘောတစ်စီး (uncrewed surface vessel USV) သောင်တင်နေခဲ့တွေ့ရှိခဲ့ကြပါတယ်။
ယူကရိန်းဘက်က USV တစ်စီးဖြစ်နိုင်လို့ခန့်မှန်းထားကြတယ်။တစ်ခါမှ မမြင်ဘူးတဲ့ USV ဖြစ်နေတော့ ဘာ model လဲ၊ ဘာအမျိုးအစားလဲဆိုတာကိုတော့ အတိအကျ မပြောနိုင်ကြသေးပါဘူး။သိပ်အကြီးကြီးတော့မဟုတ်ပါဘူး။
Jet Ski, Kayak လှေ လောက်ပဲ ရှိမယ်။ Mission တစ်ခုခုအတွက် သီးသန့်လုပ်ထားတဲ့ custom made design မျိုးလဲ ဖြစ်နိုင်တယ်ပေါ့။အလယ်က ထောင်ထွက်နေတဲ့နေရာမှာ mast mounted camera နဲ့ အပူပုံရိပ်ဖော် ကင်မရာ FLIR (forward looking infrared) ပါနိုင်တယ်။
Crd…Tactical Raptor
RaptorOne
Unicode
ရုရှား လုံခြုံရေးအထပ်ထပ်ကို ဖြတ်ပီး Black Sea Fleet ရဲ့ စခန်းနားအထိရောက်လာသည့် မောင်းသူမဲ့ သင်္ဘောတစ်စီး…
ရုရှား Black Sea fleet ရဲ့ ဌာနချုပ်ရှိရာ Crimea Sevastopol ရေတပ်စခန်းနားက ကမ်းခြေမှာ မောင်းသူမဲ့ သင်္ဘောတစ်စီး (uncrewed surface vessel USV) သောင်တင်နေခဲ့တွေ့ရှိခဲ့ကြပါတယ်။
ယူကရိန်းဘက်က USV တစ်စီးဖြစ်နိုင်လို့ခန့်မှန်းထားကြတယ်။တစ်ခါမှ မမြင်ဘူးတဲ့ USV ဖြစ်နေတော့ ဘာ model လဲ၊ ဘာအမျိုးအစားလဲဆိုတာကိုတော့ အတိအကျ မပြောနိုင်ကြသေးပါဘူး။သိပ်အကြီးကြီးတော့မဟုတ်ပါဘူး။
Jet Ski, Kayak လှေ လောက်ပဲ ရှိမယ်။ Mission တစ်ခုခုအတွက် သီးသန့်လုပ်ထားတဲ့ custom made design မျိုးလဲ ဖြစ်နိုင်တယ်ပေါ့။အလယ်က ထောင်ထွက်နေတဲ့နေရာမှာ mast mounted camera နဲ့ အပူပုံရိပ်ဖော် ကင်မရာ FLIR (forward looking infrared) ပါနိုင်တယ်။
ရှေ့တည့်တည့်က သင်္ဘောဦးပိုင်းမှာလဲ sensor နှစ်ခုပါသေးတယ်။ အရွယ်အစားက ခပ်သေးသေးပဲဆိုတော့ ရေဒါမှာ ဖမ်းယူနိုင်ဖို့လဲ ခက်ခဲနိုင်တယ်။
ရှေ့တည့်တည့် bow နေရာမှာ sensor တွေပါတာ၊ ကိုယ်ထည်တည်ဆောက်ပုံအရ explosive warhead / payload ပါမယ်ယူဆတာ တွေကြောင့် ရန်သူ့သင်္ဘောကို ဝင်တိုက်ပီး ဖောက်ဖွဲမယ့် explosive boat ဖြစ်နိုင်တယ်ပြောကြတယ်။
ရုရှားဘက်ကလဲ ဒီ USV ကိုတွေ့ပီး မသိမ်းသွားပဲ ဖောက်ခွဲဖျက်ဆီးခဲ့လိုက်တယ်လို့ သတင်းထုတ်ပြန်တော့ အန္တရာယ်ရှိနိုင်တဲ့ explosive payload ပါတယ်ဆိုတာ ပိုဖြစ်နိုင်သွားနိုင်ဖွယ်ရှိပါတယ်။
ကမ်းစပ်မှာ အကောင်းအတိုင်းလာတင်နေတယ်ဆိုတော့ ဒီ USV ရဲ့ mission မအောင်မြင်ခဲ့ဘူး ပြောလို့ရမယ်။ဒါပေမယ့် ရုရှားရဲ့ လုံခြုံရေးအထပ်ထပ်ကို ဖြတ်ပီး Black Sea Fleet ရဲ့ စခန်းနားအထိရောက်လာတယ်ဆိုတာတော့ နည်းနည်းတော့ ကျောချမ်းစရာကောင်းနေခဲ့ကြပါတယ်။
Crd…Tactical Raptor
RaptorOne
Crd
Crd