႐ုရွား ဆီသေဘၤာ ေရာက္မည့္ရက္ အတိအက်မသိရေသးဟု စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ေျပာျကား…

႐ုရွား ဆီသေဘၤာ ေရာက္မည့္ရက္ အတိအက်မသိရေသးဟု စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ေျပာျကား…



Post Views:
8

စစ်ကောင်စီက စက်တင်ဘာလဆန်းကတည်းက ရက်ပိုင်းအတွင်း ရောက်မည်ဟု ပြောနေသည့် ရုရှားနိုင်ငံမှ တင်သွင်းသော စက်သုံးဆီသင်္ဘောများ ရောက်ရှိမည့်ရက်ကို ယခုအခါ အတိအကျ မပြောနိုင်သေးကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်ပါသည်။

၎က “စက္သုံးဆီအားျဖင့္ လမ္းခရီးမွာ ၾကန႔္ၾကာမႈ ရွိပါတယ္။ ႐ုရွားကေန ထြက္လာၿပီးေတာ့ လမ္းခရီးမွာ ေရာက္ရွိေနၿပီ ျဖစ္တယ္။ ေရာက္ရွိလာမယ့္ ရက္နဲ႔ အခ်ိန္နဲ႔ ပတ္သက္လို႔ကေတာ့ မၾကာမီရက္ပိုင္းအတြင္း ေရာက္ရွိလာႏိုင္မယ္ပဲ ေျဖႏိုင္ပါတယ္။ ဘယ္ရက္မွာ ေရာက္မယ္လို႔ အတိအက် ေျဖႏိုင္ျခင္းေတာ့ မရွိေသးပါဘူး” ဟု ဆိုသည္။

ၿပီးခဲ့သည့္ စက္တင္ဘာ ၂၀ ရက္က ေနျပည္ေတာ္တြင္ ျပဳလုပ္သည့္ စစ္ေကာင္စီ သတင္းစာရွင္းလင္းပြဲတြင္ ထိုသို ေျပာဆိုခဲ့ျခင္း ျဖစ္သည္။တန္ခ်ိန္ ၁၅,၀၀၀ ပါ ဆီသေဘၤာ ၂ စီး ရန္ကုန္ဆိပ္ကမ္းသို႔ ဆိုက္ကပ္လာမည္ျဖစ္ၿပီး လက္ရွိေပါက္ေဈးထက္ သက္သာေသာေဈးႏႈန္းျဖင့္ ဝယ္ယူရရွိမည္ ျဖစ္ေၾကာင္းကို ၎အေနျဖင့္ စက္တင္ဘာလဆန္းပိုင္းကတည္းက ေျပာဆိုခဲ့သည္။

ထို့ပြင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံ အနေဖြင့် ရုရှားရေနံထွက်ကုန်များကို စတင်ဝယ်ယူနေပြီဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ရုရှားနိုင်ငံမှ ပထမဆုံးအကြိမ် တင်ပို့လာသော ဒီဇယ်လောင်စာဆီများကို လက်ခံရရှိတော့မည် ဖြစ်ကြောင်း ရုရှားအစိုးရပိုင်သတင်းဌာန RIA Novosti နှင့် စက်တင်ဘာ ရ ရက် တွေ့ဆုံမေးမြန်းခန်းတခုတွင် ပြောခဲ့သည်။

သို့သော် စက်တင်ဘာ ၂၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင်မူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတိအကျ မပြောနိုင်သေးကြောင်း ဆိုခဲ့ပြန်သည်။လက်ရှိတွင် စင်ကာပူမှတဆင့် စက်သုံးဆီ တင်သွင်းနေခြင်း ဖြစ်ပြီး ပြည်တွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်မှုနှင့် မလုံလောက်မှု ပြဿနာများအား ဖြေရှင်းနိုင်ရေး ရုရှားနိုင်ငံမှ စက်သုံးဆီများ တင်သွင်းခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုထားသည်။

အဆိုပါ ႐ုရွားစက္သုံးဆီ တင္သြင္းေရးအတြက္ ဦးေဆာင္ေကာ္မတီတရပ္ကိုလည္း ဖြဲ႕စည္းထားၿပီး ယင္းေကာ္မတီတြင္ စစ္တပ္ပိုင္ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း ဥကၠ႒ ဒုဗိုလ္ခ်ဳပ္ႀကီး ညိဳေစာက ဥကၠ႒အျဖစ္ တာဝန္ယူထားသည္။

ယခု စက္တင္ဘာလအတြင္း စက္သုံးဆီတန္ခ်ိန္ ၂ သိန္း ၃ ေသာင္းေက်ာ္ ဝယ္ယူတင္သြင္းခြင့္ ျပဳေပးခဲ့ၿပီး ျဖစ္ေၾကာင္းႏွင့္ ျပည္တြင္း၌အမ်ားျပည္သူမ်ား စက္သုံးဆီဖူလုံမႈ ့ ရွိနေေသးေၾကာင္း စက္သုံးဆီ တင္သြင္းသိုေလွာင္ ျဖန႔္ျဖဴးျခင္းလုပ္ငန္းႀကီးၾကပ္မႈေကာ္မတီက ယမန္ေန႔၌ သတင္းထုတ္ျပန္ထားေလသည္။
Crd..moetaukpan

Unicode

ရုရှား ဆီသင်္ဘော ရောက်မည့်ရက် အတိအကျမသိရသေးဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား…

စစ်ကောင်စီက စက်တင်ဘာလဆန်းကတည်းက ရက်ပိုင်းအတွင်း ရောက်မည်ဟု ပြောနေသည့် ရုရှားနိုင်ငံမှ တင်သွင်းသော စက်သုံးဆီသင်္ဘောများ ရောက်ရှိမည့်ရက်ကို ယခုအခါ အတိအကျ မပြောနိုင်သေးကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်ပါသည်။

၎င်းက “စက်သုံးဆီအားဖြင့် လမ်းခရီးမှာ ကြန့်ကြာမှု ရှိပါတယ်။ ရုရှားကနေ ထွက်လာပြီးတော့ လမ်းခရီးမှာ ရောက်ရှိနေပြီ ဖြစ်တယ်။ ရောက်ရှိလာမယ့် ရက်နဲ့ အချိန်နဲ့ ပတ်သက်လို့ကတော့ မကြာမီရက်ပိုင်းအတွင်း ရောက်ရှိလာနိုင်မယ်ပဲ ဖြေနိုင်ပါတယ်။ ဘယ်ရက်မှာ ရောက်မယ်လို့ အတိအကျ ဖြေနိုင်ခြင်းတော့ မရှိသေးပါဘူး” ဟု ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတွင် ထိုသို ပြောဆိုခဲ့ခြင်း ဖြစ်သည်။တန်ချိန် ၁၅,၀၀၀ ပါ ဆီသင်္ဘော ၂ စီး ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်လာမည်ဖြစ်ပြီး လက်ရှိပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိမည် ဖြစ်ကြောင်းကို ၎င်းအနေဖြင့် စက်တင်ဘာလဆန်းပိုင်းကတည်းက ပြောဆိုခဲ့သည်။

ထို့ပြင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံ အနေဖြင့် ရုရှားရေနံထွက်ကုန်များကို စတင်ဝယ်ယူနေပြီဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ရုရှားနိုင်ငံမှ ပထမဆုံးအကြိမ် တင်ပို့လာသော ဒီဇယ်လောင်စာဆီများကို လက်ခံရရှိတော့မည် ဖြစ်ကြောင်း ရုရှားအစိုးရပိုင်သတင်းဌာန RIA Novosti နှင့် စက်တင်ဘာ ၇ ရက် တွေ့ဆုံမေးမြန်းခန်းတခုတွင် ပြောခဲ့သည်။

သို့သော် စက်တင်ဘာ ၂၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင်မူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတိအကျ မပြောနိုင်သေးကြောင်း ဆိုခဲ့ပြန်သည်။လက်ရှိတွင် စင်ကာပူမှတဆင့် စက်သုံးဆီ တင်သွင်းနေခြင်း ဖြစ်ပြီး ပြည်တွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်မှုနှင့် မလုံလောက်မှု ပြဿနာများအား ဖြေရှင်းနိုင်ရေး ရုရှားနိုင်ငံမှ စက်သုံးဆီများ တင်သွင်းခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုထားသည်။

အဆိုပါ ရုရှားစက်သုံးဆီ တင်သွင်းရေးအတွက် ဦးဆောင်ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းထားပြီး ယင်းကော်မတီတွင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ညိုစောက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

ယခု စက်တင်ဘာလအတွင်း စက်သုံးဆီတန်ချိန် ၂ သိန်း ၃ သောင်းကျော် ဝယ်ယူတင်သွင်းခွင့် ပြုပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ပြည်တွင်း၌အများပြည်သူများ စက်သုံးဆီဖူလုံမှု့ ရှိနေသေးကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီက ယမန်နေ့၌ သတင်းထုတ်ပြန်ထားလေသည်။
Crd..moetaukpan

Crd

Crd

arkarta