“ရုရှားအင်ပါယာကို အုပ်ချုပ်ဖို့ ဘုရားသခင်က ပူတင်ကို အမိန့်ပေးခဲ့ဟု”ရုရှား ရှေးဟောင်း ခရစ်ယာန် ခေါင်းဆောင်က ပြောဆို…

“ရုရှားအင်ပါယာကို အုပ်ချုပ်ဖို့ ဘုရားသခင်က ပူတင်ကို အမိန့်ပေးခဲ့ဟု”ရုရှား ရှေးဟောင်း ခရစ်ယာန် ခေါင်းဆောင်က ပြောဆို…

“ဘုရားသခင်က သင့်ကို အာဏာအပ်နှင်းထားတာ”လို့ ပူတင်ကို ရုရှား ရှေးဟောင်း ခရစ်ယာန် ခေါင်းဆောင်က ပြောကြား လိုက်ပါတယ်..

ကရင်မလင်နန်တော် အကြီးအကဲ ဗလာဒီမာ ပူတင်ရဲ့ အသက် ၆၉နှစ်ပြည့် မွေးနေ့အတွက် ရုရှား ရှေးဟောင်း ခရစ်ယာန် ဘုရားကျောင်း ခေါင်းဆောင် ကီရီးလ်က ချီးကျူးဂုဏ်ပြုပြီး နိုင်ငံကို အုပ်စိုးဖို့အတွက် သင့်ကို ဘုရားသခင်က ခွင့်ပြုပေးထားတာလို့ ပြောကြားပါတယ်။

နိုင်ငံရဲ့ ကံကြမ္မာအတွက် အထူးအရေးပါတဲ့ ကြီးကြီးမားမားတာဝန်ရှိတဲ့ အလုပ်တွေကို ဆောင်ရွက်နိုင်အောင် ဘုရားသခင်က သင့်ကို အာဏာအပ်နှင်းထားတာဖြစ်ပြီး သင့်ရဲ့ စောင့်ရှောက်မှုကို ပြည်သူတွေက ယုံကြည်ကြတယ်လို့ ရုရှားအရာရှိအများကြီးလိုပဲ ခရစ်ယာန်ခေါင်းဆောင် ကီရီးလ်က ပြောကြားပါတယ်။

ရုရှားရဲ့ ပုံရိပ်ကို အသွင်ပြောင်းလဲပေးတာ၊ အချုပ်အချာအာဏာ၊ ကာကွယ်ရေးစွမ်းပကားကို အားကောင်းလာအောင် လုပ်ဆောင်ပေးတာ၊ နိုင်ငံ့အကျိုးစီးပွားတွေကို ကာကွယ်ပေးတာအတွက် ပူတင်ကို ကီရီးလ်က ချီးကျူးပါတယ်။

အာဏာစွဲကိုင်ထားတာ နှစ်ပေါင်း ၂၀ကျော်ကြာပြီဖြစ်တဲ့ ရုရှားသမ္မန ပူတင် ကျန်းမာပြီး အသက်ရှည်စေကြောင်းလည်း ကီရီးလ်က ဆုတောင်းပေးပါတယ်။

နိုင်ငံတစ်ဝန်းက ဝတ်ပြုသူတွေအနေနဲ့ ပူတင်ရဲ့ ကျန်းမာရေးအတွက် ဆုတောင်းပေးကြပါလို့လည်း သူက တိုက်တွန်း ပြောကြားပါတယ်။

ရုရှား ရှေးဟောင်း ခရစ်ယာန်ဘုရားကျောင်းရဲ့ ခေါင်းဆောင်နေရာကို ၂၀၀၉ကတည်းက ရရှိခဲ့တဲ့ ကီရီးလ်ဟာ ယူကရိန်း စစ်ပွဲကို ထောက်ခံသူ တစ်ယောက် ဖြစ်ပါတယ်။

သူဟာ ပူတင်အစိုးရနဲ့ ရင်းနီးတဲ့ ဆက်ဆံရေးရှိပြီး အနောက်တိုင်းရဲ့ သဘောထားအလယ်အလတ်ရှိမှုကို လက်သင့်မခံဘဲ ရှေးရိုးစွဲ အယူတွေကို ထောက်ခံသူ ဖြစ်ပါတယ်။

Crd..MyanmaPlatform

Unicode










Crd..MyanmaPlatform

Crd

Crd

arkarta