
၁၁/၉



crd
Burma News Network

Unicode
ရုရှားနယ်စပ်အထိ ပြန်လည် သိမ်းပိုက်လိုက်သည့် ယူကရိန်းတပ်များ

၁၁/၉
ရုရှားနယ်စပ်နဲ့ ၂ ကီလိုပဲဝေးကွာတဲ့ ဟိုတီဗကာ နယ်ခြားဂိတ်ကို ယူကရိန်းတပ်တွေက စက်တင်ဘာ ၁၁ ရက်နေ့က ပြန်လည် သိမ်းပိုက်လိုက်ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ခါကိဗ်ဒေသကို တန်ပြန်ထိုးစစ်ဆင်သိမ်းပိုက်နေတဲ့ ယူကရိန်း တပ်တွေဟာ ဒေသတွင်းအဓိကကျတဲ့ မြို့ကြီး ၃ မြို့ကို ပြန်လည် သိမ်းယူနိုင်ခဲ့ပြီး ရုရှားနိုင်ငံ ဘယ်ဂိုရောဗ်မြို့နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဟိုတီဗကာ နယ်ခြားဂိတ်ထိ ရောက်ရှိလာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်တွေကတည်းက ယူကရိန်းကွန်မန်ဒိုတွေက ဘယ်ဂို ရောဗ်မြို့ပြင်က ရုရှားတပ်တွေကို သွားရောက်တိုက်ခိုက်ခဲ့တဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အခုလို ယူကရိန်းတပ်တွေ နယ်စပ်အထိရောက်လာတဲ့အပေါ် မစိုးရိမ်ကြဖို့ ဘယ်ဂိုရောဗ်မြို့အာဏာပိုင်တွေက သတိပေးနေပေမဲ့ မြို့ခံရုရှားတော်တော်များများကတော့ မြို့ကနေ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြပြီလို့ ရုရှားလူမှုကွန်ယက်တွေမှာ ဖေါ်ပြနေကြပါတယ်။

Crd

Crd

Crd

arkarta