႐ုရွားတပ္ဖြဲ႕မ်ား သိမ္းပိုက္ထားခဲ့သည့္ တစ္ခုတည္းေသာ ေဒသဆိုင္ရာၿမိဳ႕ေတာ္ Kherson ၿမိဳ႕ကို ယူကရိန္းတပ္ဖြဲ႕မ်ားက ႐ုရွားထံမွ ျပန္လည္ သိမ္းပိုက္

႐ုရွားတပ္ဖြဲ႕မ်ား သိမ္းပိုက္ထားခဲ့သည့္ တစ္ခုတည္းေသာ ေဒသဆိုင္ရာၿမိဳ႕ေတာ္ Kherson ၿမိဳ႕ကို ယူကရိန္းတပ္ဖြဲ႕မ်ားက ႐ုရွားထံမွ ျပန္လည္ သိမ္းပိုက္
Kherson ၿမိဳ႕တြင္းသို႔ ယူကရိန္းတပ္ဖြဲ႕မ်ား စတင္ ဝင္ေရာက္ေနၿပီျဖစ္ၿပီး ထိုၿမိဳ႕တြင္ က်န္ရွိေနေသးသည့္ ႐ုရွားစစ္သားမ်ား လက္နက္ခ် အညံ့ခံၾကရန္ ယူကရိန္းကာကြယ္ေရး ေထာက္လွမ္းေရးဌာနက ႏိုဝင္ဘာလ (၁၁) ရက္တြင္ ေျပာသည္။
(၉) လနီးပါးၾကာ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ ႐ုရွားတပ္ဖြဲ႕မ်ားက ၎တို႔ သိမ္းပိုက္ထားခဲ့သည့္ တစ္ခုတည္းေသာ ေဒသဆိုင္ရာၿမိဳ႕ေတာ္ Kherson ကေန ဆုတ္ခြာမည္ဟု ေၾကညာခဲ့ရာ ယူကရိန္းကာကြယ္ေရးဝန္ႀကီးဌာနက အေရးပါေသာ ေအာင္ပြဲတစ္ခုအျဖစ္ ေျပာခဲ့သည္။
မတ္လ ကတည္းက သိမ္းပိုက္ခံခဲ့ရသည့္ Kheson ၿမိဳ႕ကို ျပန္လည္ ထိန္းခ်ဳပ္လိုက္ၿပီျဖစ္ေၾကာင္း ယူကရိန္းကာကြယ္ေရး ေထာက္လွမ္းေရးဌာနက ႐ုရွားဘာသာျဖင့္ ထုတ္ျပန္ခ်က္တြင္ ေျပာထားၿပီး လက္နက္မခ်ဘဲ ခုခံတိုက္ခိုက္သည့္ မည္သည့္ ႐ုရွားစစ္သားကိုမဆို ေခ်မႈန္းသြားမည္ဟု ၿခိမ္းေျခာက္ခဲ့သည္။
“မင္းတို႔မွာ ေသျခင္းကိုေရွာင္ဖို႔ အခြင့္အေရးပဲရွိတယ္။ ခ်က္ခ်င္း လက္နက္ခ်ပါ” ဟု ယူကရိန္း ဗဟိုေထာက္လွမ္းေရးဌာနက Telegram တြင္ တင္ထားသည့္ ထုတ္ျပန္ခ်က္၌ ေျပာထားသည္။ထိုထုတ္ျပန္ခ်က္က Kherson ၿမိဳ႕တြင္ ယူကရိန္းတပ္ဖြဲ႕မ်ား ေရာက္ရွိေနေၾကာင္း ပထမဆုံး တရားဝင္ အတည္ျပဳမႈျဖစ္ၿပီး လက္နက္ခ်သည့္ မည္သည့္ ႐ုရွားစစ္သားမဆို ေဘးအႏၲရာယ္ကင္းမည္ဟုလည္း အာမခံထားသည္။
ယူကရိန္း၏ ထုတ္ျပန္ခ်က္အရ Kherson ၿမိဳ႕တြင္ ႐ုရွားစစ္သားမ်ား ရွိေနဆဲျဖစ္ၿပီး ၎တို႔၏ တပ္မႉးမ်ားက အမိန႔္ေပးထားမႈေၾကာင့္ အရပ္ဝတ္မ်ားျဖင့္ ပုန္းေအာင္းေနၾကေၾကာင္း သိရသည္။႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနကမူ Kherson ၿမိဳ႕မွ ၎၏တပ္ဖြဲ႕မ်ား ဆုတ္ခြာၿပီးျဖစ္ေၾကာင္းႏွင့္ ဒီနီပ႐ိုျမစ္ အေနာက္ဘက္ကမ္းသို႔ ဆုတ္ခြာခဲ့ျခင္းျဖစ္ေၾကာင္း ႏိုဝင္ဘာလ (၁၁) ရက္ အေစာပိုင္း ေျပာသည္။
တပ္ဖြဲ႕မ်ား ျပန္ဆုတ္ခြာရာတြင္ စစ္သားမ်ား သို႔မဟုတ္ စစ္လက္နက္ပစၥည္းမ်ား ဆုံးရႈံးမႈမရွိခဲ့ေၾကာင္းလည္း ႐ုရွားက ဆိုသည္။တပ္ဖြဲ႕မ်ား ဆုတ္ခြာခဲ့ၿပီျဖစ္ေသာ္လည္း Kherson ၿမိဳ႕မွာ ႐ုရွား၏ အစိတ္အပိုင္းျဖစ္ေနဆဲဟု ႐ုရွားအစိုးရက အခိုင္အမာ ေျပာခဲ့ၿပီး Kherson ေဒသတစ္ခုလုံးကို သိမ္းယူခဲ့မႈအေပၚ ေနာင္တမရဟု ဆိုသည္။
႐ုရွားက စက္တင္ဘာလ ေႏွာင္းပိုင္းတြင္ အခမ္းအနားတစ္ရပ္ က်င္းပၿပီး Kherson ေဒသကို သိမ္းယူေၾကာင္း ကမာၻသိ ေၾကညာခဲ့ျခင္း ျဖစ္သည္။crd#TachileikNewsAgency
Unicodeရုရှားတပ်ဖွဲ့များ သိမ်းပိုက်ထားခဲ့သည့် တစ်ခုတည်းသော ဒေသဆိုင်ရာမြို့တော် Kherson မြို့ကို ယူကရိန်းတပ်ဖွဲ့များက ရုရှားထံမှ ပြန်လည် သိမ်းပိုက်
Kherson မြို့တွင်းသို့ ယူကရိန်းတပ်ဖွဲ့များ စတင် ဝင်ရောက်နေပြီဖြစ်ပြီး ထိုမြို့တွင် ကျန်ရှိနေသေးသည့် ရုရှားစစ်သားများ လက်နက်ချ အညံ့ခံကြရန် ယူကရိန်းကာကွယ်ရေး ထောက်လှမ်းရေးဌာနက နိုဝင်ဘာလ (၁၁) ရက်တွင် ပြောသည်။
(၉) လနီးပါးကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ရုရှားတပ်ဖွဲ့များက ၎င်းတို့ သိမ်းပိုက်ထားခဲ့သည့် တစ်ခုတည်းသော ဒေသဆိုင်ရာမြို့တော် Kherson ကနေ ဆုတ်ခွာမည်ဟု ကြေညာခဲ့ရာ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက အရေးပါသော အောင်ပွဲတစ်ခုအဖြစ် ပြောခဲ့သည်။
မတ်လ ကတည်းက သိမ်းပိုက်ခံခဲ့ရသည့် Kheson မြို့ကို ပြန်လည် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ယူကရိန်းကာကွယ်ရေး ထောက်လှမ်းရေးဌာနက ရုရှားဘာသာဖြင့် ထုတ်ပြန်ချက်တွင် ပြောထားပြီး လက်နက်မချဘဲ ခုခံတိုက်ခိုက်သည့် မည်သည့် ရုရှားစစ်သားကိုမဆို ချေမှုန်းသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။
“မင်းတို့မှာ သေခြင်းကိုရှောင်ဖို့ အခွင့်အရေးပဲရှိတယ်။ ချက်ချင်း လက်နက်ချပါ” ဟု ယူကရိန်း ဗဟိုထောက်လှမ်းရေးဌာနက Telegram တွင် တင်ထားသည့် ထုတ်ပြန်ချက်၌ ပြောထားသည်။ထိုထုတ်ပြန်ချက်က Kherson မြို့တွင် ယူကရိန်းတပ်ဖွဲ့များ ရောက်ရှိနေကြောင်း ပထမဆုံး တရားဝင် အတည်ပြုမှုဖြစ်ပြီး လက်နက်ချသည့် မည်သည့် ရုရှားစစ်သားမဆို ဘေးအန္တရာယ်ကင်းမည်ဟုလည်း အာမခံထားသည်။
ယူကရိန်း၏ ထုတ်ပြန်ချက်အရ Kherson မြို့တွင် ရုရှားစစ်သားများ ရှိနေဆဲဖြစ်ပြီး ၎င်းတို့၏ တပ်မှူးများက အမိန့်ပေးထားမှုကြောင့် အရပ်ဝတ်များဖြင့် ပုန်းအောင်းနေကြကြောင်း သိရသည်။ရုရှားကာကွယ်ရေးဝန်ကြီးဌာနကမူ Kherson မြို့မှ ၎င်း၏တပ်ဖွဲ့များ ဆုတ်ခွာပြီးဖြစ်ကြောင်းနှင့် ဒီနီပရိုမြစ် အနောက်ဘက်ကမ်းသို့ ဆုတ်ခွာခဲ့ခြင်းဖြစ်ကြောင်း နိုဝင်ဘာလ (၁၁) ရက် အစောပိုင်း ပြောသည်။
တပ်ဖွဲ့များ ပြန်ဆုတ်ခွာရာတွင် စစ်သားများ သို့မဟုတ် စစ်လက်နက်ပစ္စည်းများ ဆုံးရှုံးမှုမရှိခဲ့ကြောင်းလည်း ရုရှားက ဆိုသည်။တပ်ဖွဲ့များ ဆုတ်ခွာခဲ့ပြီဖြစ်သော်လည်း Kherson မြို့မှာ ရုရှား၏ အစိတ်အပိုင်းဖြစ်နေဆဲဟု ရုရှားအစိုးရက အခိုင်အမာ ပြောခဲ့ပြီး Kherson ဒေသတစ်ခုလုံးကို သိမ်းယူခဲ့မှုအပေါ် နောင်တမရဟု ဆိုသည်။
ရုရှားက စက်တင်ဘာလ နှောင်းပိုင်းတွင် အခမ်းအနားတစ်ရပ် ကျင်းပပြီး Kherson ဒေသကို သိမ်းယူကြောင်း ကမ္ဘာသိ ကြေညာခဲ့ခြင်း ဖြစ်သည်။crd#TachileikNewsAgency
Crd
10
Crd