



Post Views:
8

ရုရှားကျုးကျော်စစ်အတွင်း ယူကရိန်းစစ်တပ်ကမ္ဘာ့အဆင့်၂၉ မှ အဆင့် ၂၂ သို့ရောက်ရှိလါ
(စတုရန်းကီလိုမီတာ ရာချီပြီး ထပ်မံ ပြန်လည်သိမ်းပိုက်)

ရုရှကျူးကျော်စစ်အတွင်းယူကရိန်းစစ်တပ်ရဲ့အင်အားကြီးမားလာပုံကတော့နိုင်ငံတိုင်းအားကျလောက်စရာပါ။စစ်ပွဲမဖြစ်မီကယူကရိန်းစစ်တပ်ဟာကမ္ဘာ့စစ်အင်အားအဆင့်သတ်မှတ်ချက် ၂၉ မှာရှိခဲ့တယ်။အခုစစ်အတွင်းမှာယူကရိန်းရဲ့စစ်အင်အားအဆင့်သတ်မှတ်ချက်ဟာ ၂၂ နေရာအထိခုန်တက်လာခဲ့တယ်။လာမယ့် ၂၀၂၃ ခုနှစ်ကျရင်ထိပ်ဆုံး ၂၀ နိုင်ငံထဲဝင်ဖို့သေချာသလောက်ပါ။

အခုလိုနေ့ချင်းညချင်းအင်အားကြီးထွားလာရတာကတော့အနောက်နိုင်ငံမဟာမိတ်တွေဆီကရရှိတဲ့စစ်လက်နက်အကူအညီနဲ့ရုရှတို့ဆီကသိမ်းဆည်းရမိတဲ့စစ်လက်နက်တွေကြောင့်ပါ။
ယူကရိန်းဟာမဟာမိတ်တွေဆီကရတဲ့အကူအညီထက်ရုရှတို့ဆီကအကောင်းပကတိသိမ်းဆည်းရမိတဲ့စစ်လက်နက်တွေကပိုများတယ်ဆိုတာကိုတွေ့ရပါမယ်။

၁။ အနောက်မဟာမိတ်တွေကတင့်ကား ၃၂၀ စီးပေးပို့ကူညီခဲ့ကြတယ်။ရုရှတို့အကောင်းပကတိစွန့်ပစ်ခဲ့တဲ့တင့်ကားပေါင်း ၄၂၁ စီးကိုယူကရိန်းစစ်သားတွေအသုံးပြုနေပါတယ်။
၂။ အနောက်မဟာမိတ်တွေက IFVs လို့ခေါ်တဲ့တိုက်ခိုက်ရေးယာဉ် ၂၁၀ စီးပေးပို့ခဲ့ကြတယ်။ရုရှတွေအကောင်းပကတိစွန့်ပစ်ခဲ့တဲ့ IFVS ယာဉ် ၄၄၅ စီးကိုယူကရိန်းစစ်သားတွေအသုံးပြုနေတယ်။

၃။ အနောက်မဟာမိတ်တွေကသံချပ်ကာယာဉ် ၄၀ စီးပေးပို့ကူညီကြတယ်။ရုရှတွေအကောင်းပကတိစွန့်ပစ်ခဲ့တဲ့သံချပ်ကာယာဉ် ၁၉၂ စီးကိုယူကရိန်းစစ်သားတွေအသုံးပြုနေတယ်။

ယူကရိန်းတောင်ပိုင်းဒေသစစ်ဆင်ရေးကွပ်ကဲမှု၊ပူးတွဲညှိနှိုင်းရေးဌာနအကြီးအကဲ Natalia Humeniuk က Kherson ဒေသအတွင်းနယ်မြေဧရိယာစတုရန်းကီလိုမီတာ ၄၀၀ ကျော်ကိုထပ်မံသိမ်းပိုက်နိုင်ကြောင်း(၆-၁၀-၂၂၊ကြာသပတေးနေ့)ထိုးစစ်ဦးတည်ရာကိုမဖော်ပြနိုင်သေးကြောင်းသတင်းစာရှင်းလင်းပွဲမှာပြောကြားလိုက်ပါတယ်။

crd
Bago-Watchnews

Unicode






crd
Bago-Watchnews

Crd

Crd

arkarta