ၿမိဳ႕လူထု လက္မခံလို႔ ကေလာတန္ေဆာင္တိုင္ပြဲပ်က္ – Myanmar Globe

ၿမိဳ႕လူထု လက္မခံလို႔ ကေလာတန္ေဆာင္တိုင္ပြဲပ်က္ – Myanmar Globe

ၿမိဳ႕လူထု လက္မခံလို႔ ကေလာတန္ေဆာင္တိုင္ပြဲပ်က္ – Myanmar Globe

ၿမိဳ႕လူထု လက္မခံလို႔ ကေလာတန္ေဆာင္တိုင္ပြဲပ်က္
မဲေခါင္၊ ႏိုဝင္ဘာ ၃အာဏာသိမ္း စစ္ေကာင္စီ ဦးစီးျပဳလုပ္မယ့္ ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ကေလာၿမိဳ႕မွာ ႏိုဝင္ဘာလ ၇ ရက္ တန္ေဆာင္မုန္းလျပည့္ေန႔မွာ က်င္းပမယ့္ တန္ေဆာင္တိုင္ပြဲကို ၿမိဳ႕လူထုက လက္မခံတဲ့အတြက္ ပြဲပ်က္သြားတယ္လို႔ ေဒသခံေတြထံကေန သိရပါတယ္။
ၿမိဳ႕ေန လူထုေတြကို တန္ေဆာင္တိုင္ပြဲမွာ ပါဝင္ဖို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေတြက တဆင့္ စစ္ေကာင္စီက ဖိအားေပးေသာ္လည္း လူထုက ပါဝင္ဖို႔ကို ျငင္းဆန္ၾကတဲ့ အတြက္ ဒီကေန႔ ျပဳလုပ္တဲ့ တန္ေဆာင္တိုင္ပြဲ က်င္းပေရး ေကာ္မတီ အစည္းအေဝးက ပြဲလုံး၀ မလုပ္ေတာ့ဖို႔ ဆုံးျဖတ္လိုက္တယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။
“အခု ၿမိဳ႕ေပၚမွာ ရပ္ကြက္အလိုက္ လူစာရင္း စုလိုက္ေတာ့ ပြဲမွာ ပါဝင္မယ့္ ရပ္ကြက္က နည္းတယ္။ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး အမ်ားစုနဲ႔ ၿမိဳ႕မိၿမိဳ႕ဖေတြက လူထုဆႏၵအရ မလုပ္ေစခ်င္ဘူးလို႔ သေဘာထားေပးေတာ့ ပြဲက ပ်က္တယ္ေပါ့။ ဘယ္သူမွလည္း မပါခ်င္ၾကဘူး” လို႔ ၎က ေျပာပါတယ္။

ကေလာ တန္ေဆာင္တိုင္ပြဲဟာ မီးေရွာ္တိုင္ အလွၿပိဳင္ပြဲေၾကာင့္ စည္ကား ေက်ာ္ၾကားခဲ့တာျဖစ္ၿပီး ကိုဗစ္ကာလမွ အပ ႏွစ္ေပါင္းမ်ားစြာ မပ်က္မကြက္ က်င္းပလာတာ ျဖစ္ေပမယ့္ စစ္တပ္ အာဏာသိမ္းမႈေၾကာင့္ ပထမဆုံးအႀကိမ္ ပြဲပ်က္ရတာျဖစ္တယ္လို႔ ဆိုပါတယ္။
ကေလာၿမိဳ႕မွာ တန္ေဆာင္တိုင္ပြဲျပဳလုပ္ခဲ့ရင္လည္း ျပည္သူလူထုေတြ အေနနဲ႔ အသြားအလာဆင္ျခင္ဖို႔နဲ႔ ေတာ္လွန္ေရးႀကီး မၿပီးေသးဘူးဆိုတာကို သတိျပဳၾကဖို႔ ကေလာၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က သတိေပးေျပာဆိုထားပါတယ္။“ႏိုင္ငံက မေအးခ်မ္းေသးပါဘူး။ စစ္ေကာင္စီက သက္သက္ဝါဒျဖန႔္ေနတာပါ။ ဒါကိုလည္း ျပည္သူေတြ နားလည္ေပးၾကပါ။ လႈပ္ရွားမႈ လုပ္တဲ့အခ်ိန္မွာလည္း ျပည္သူေတြကို မထိခိုက္ေစခ်င္ပါဘူး”လို႔ ကေလာ PDF တာဝန္ရွိသူက မဲေခါင္သတင္းကို ေျပာပါတယ္။
ကေလာ မီးေရွာ္တိုင္ပြဲကို ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္က ေနာက္ဆုံးျပဳလုပ္ခဲ့တာျဖစ္ၿပီး ႏိုဝင္ဘာလ ၁၂ ရက္ကေန ၁ ၆ရက္အထိ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။
crdMK-007#MeKongNews
Unicodeမြို့လူထု လက်မခံလို့ ကလောတန်ဆောင်တိုင်ပွဲပျက်
မဲခေါင်၊ နိုဝင်ဘာ ၃အာဏာသိမ်း စစ်ကောင်စီ ဦးစီးပြုလုပ်မယ့် ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့မှာ နိုဝင်ဘာလ ၇ ရက် တန်ဆောင်မုန်းလပြည့်နေ့မှာ ကျင်းပမယ့် တန်ဆောင်တိုင်ပွဲကို မြို့လူထုက လက်မခံတဲ့အတွက် ပွဲပျက်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
မြို့နေ လူထုတွေကို တန်ဆောင်တိုင်ပွဲမှာ ပါဝင်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တဆင့် စစ်ကောင်စီက ဖိအားပေးသော်လည်း လူထုက ပါဝင်ဖို့ကို ငြင်းဆန်ကြတဲ့ အတွက် ဒီကနေ့ ပြုလုပ်တဲ့ တန်ဆောင်တိုင်ပွဲ ကျင်းပရေး ကော်မတီ အစည်းအဝေးက ပွဲလုံး၀ မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခု မြို့ပေါ်မှာ ရပ်ကွက်အလိုက် လူစာရင်း စုလိုက်တော့ ပွဲမှာ ပါဝင်မယ့် ရပ်ကွက်က နည်းတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူး အများစုနဲ့ မြို့မိမြို့ဖတွေက လူထုဆန္ဒအရ မလုပ်စေချင်ဘူးလို့ သဘောထားပေးတော့ ပွဲက ပျက်တယ်ပေါ့။ ဘယ်သူမှလည်း မပါချင်ကြဘူး” လို့ ၎င်းက ပြောပါတယ်။
ကလော တန်ဆောင်တိုင်ပွဲဟာ မီးရှော်တိုင် အလှပြိုင်ပွဲကြောင့် စည်ကား ကျော်ကြားခဲ့တာဖြစ်ပြီး ကိုဗစ်ကာလမှ အပ နှစ်ပေါင်းများစွာ မပျက်မကွက် ကျင်းပလာတာ ဖြစ်ပေမယ့် စစ်တပ် အာဏာသိမ်းမှုကြောင့် ပထမဆုံးအကြိမ် ပွဲပျက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ကလောမြို့မှာ တန်ဆောင်တိုင်ပွဲပြုလုပ်ခဲ့ရင်လည်း ပြည်သူလူထုတွေ အနေနဲ့ အသွားအလာဆင်ခြင်ဖို့နဲ့ တော်လှန်ရေးကြီး မပြီးသေးဘူးဆိုတာကို သတိပြုကြဖို့ ကလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးပြောဆိုထားပါတယ်။“နိုင်ငံက မအေးချမ်းသေးပါဘူး။ စစ်ကောင်စီက သက်သက်ဝါဒဖြန့်နေတာပါ။ ဒါကိုလည်း ပြည်သူတွေ နားလည်ပေးကြပါ။ လှုပ်ရှားမှု လုပ်တဲ့အချိန်မှာလည်း ပြည်သူတွေကို မထိခိုက်စေချင်ပါဘူး”လို့ ကလော PDF တာဝန်ရှိသူက မဲခေါင်သတင်းကို ပြောပါတယ်။
ကလော မီးရှော်တိုင်ပွဲကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က နောက်ဆုံးပြုလုပ်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၁၂ ရက်ကနေ ၁ ၆ရက်အထိ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
crdMK-007#MeKongNews

Crd




24

Crd

arkarta