၂၄ နာရီမပြည့်ခင် အဓိက ခံတပ်နဲ့ ထောက်ပံ့ရေးစတေရှင်မြို့ လီမန်ကို ယူကရိမ်းဘက်က ပြန်လည်သိမ်းပိုက်လိုက်လို့ အရှက်တော်ကွဲခဲ့ရတဲ့ ပူတင်ကြီး….

၂၄ နာရီမပြည့်ခင် အဓိက ခံတပ်နဲ့ ထောက်ပံ့ရေးစတေရှင်မြို့ လီမန်ကို ယူကရိမ်းဘက်က ပြန်လည်သိမ်းပိုက်လိုက်လို့ အရှက်တော်ကွဲခဲ့ရတဲ့ ပူတင်ကြီး….



Post Views:
10

နယ်မြေလေးခုကို ရုရှထဲ ထည့်လိုက်ပြီး ကရင်မလင်မှာ အောင်ပွဲခံနေဆဲ နာရီပိုင်းအတွင်းမှာ မော်စကိုကကြေညာပါတယ် သူတို့တပ်တွေကို လီမန်မြို့ကနေ ဆုတ်ခွာခိုင်းထားပါတယ် ဗျူဟာအရတစိတ်တပိုင်းဆုတ်ခွာမှုဆောင်ရွက်တာဖြစ်တယ်တဲ့ မကြာပါဘူး ယူကရိန်းတပ်ဖွဲ့တွေက ရုရှထဲကိုသွတ်သွင်းလိုက်ပါတယ်

ဆိုတဲ့ ဒွန်းညက်စ်ဒေသရဲ့ အဓိက ခံတပ်နဲ့ ထောက်ပံ့ရေးစတေရှင်မြို့ လီမန်ကို သိမ်းပိုက်လိုက်ကြောင်းသတင်းထွက်လာပါတယ် မနေ့ကအထိတော့ လီမန်မှာရုရှတွေကို ယူကရိန်းကတပ်တွေ ဝိုင်းထားတယ်လို့သိထားခဲ့ရာကနေအခုသိမ်းပိုက်လိုက်တာဖြစ်ပါတယ် အဲ့သည့်သိမ်းပိုက်လိုက်တဲ့မြို့ဟာ ရုရှတို့ရဲ့ကြေညာချက်အရ

ရုရှဖယ်ဒရေးရှင်းနိုင်ငံထဲကမြို့ဖြစ်သွားတာနာရီပိုင်းသာရှိသေးတော့ ယူကရိန်းက ရုရှနိုင်ငံထဲက မြို့ကိုသိမ်းရာကျနေပါပြီ ရုရှဖက်ကဝင်တိုက်ပေးနေတဲ့ ချေချင်းခေါင်းဆောင်က ရုရှအနေနဲ့ နျူကလီးယားလက်နက်အသေးလေးလောက်ဖြစ်ဖြစ်တော့သုံးမှကိုဖြစ်တော့မယ်လို့ သတိပေးသလိုလို မြှောက်ပေးသလိုလို ပြောပါသတဲ့ ဒွန်ညက်စ်ဒေသရဲ့မဟာခံတပ်မြို့

လီမန်ကို ယူကရိန်းကသိမ်းတော့ အမေရိကန်ကာကွယ်ရေးဝန်ကြီး အော်စတင်က ချီးကျူးဂုဏ်ပြုလိုက်တယ်ဆိုပြီးလက်ခုပ်တီးသလို ယူကရိန်းကိုရောက်နေတဲ့ ဂျာမန်ကာကွယ်ရေးဝန်ကြီးက ယူကရိန်းကာကွယ်ရေးဝန်ကြီးကို ဒရုန်းတွေကာကွယ်ဖို့ ဂျာမန်IRIS-Tလေကြောင်းရန်ကာကွယ်ရေး စနစ်တွေနဲ့ surface to air missiles တွေရက်ပိုင်းအတွင်းပေးဖို့ကတိပေးခဲ့တယ်လို့ သိရပါတယ်

စိတ်အားတက်ကြွနေတဲ့ ယူကရိန်းသမ္မတ ဇယ်လန်စကီးက မဟာမိတ်တွေကို စိတ်သာချပါ အောင်ပွဲတွေဆက်တိုက်ရပါစေ့မယ်လို့ကတိပေးလိုက်သလို အခုတန်ပြန်ထိုးစစ်ဆင်နေတဲ့ကာလအတွင်းမှာ ရုရှတို့ဆီကသိမ်းပိုက်ထားတဲ့နယ်မြေတွေထဲမှာကို ယူကရိန်းအလံတွေတထောင်ထောင်နဲ့ပေါ်လာနေပါတယ်

အဲ့သည့်လိုဖြစ်နေချိန်မှာရုရှတို့ဟာ Ihor Murashov ဆိုတဲ့ သူတို့ရုရှထဲကိုထည့်လိုက်တဲ့ Zaporizhzhiaမြို့က နျူစက်ရုံအကြီးအကဲကို ပြန်ပေးဆွဲသွားပြီး ဘယ်ကိုပို့လိုက်မှန်းမသိဖြစ်နေပါတယ်လို့ နိုင်ငံတကာကဝိုင်းစွပ်စွဲနေကြပါတယ် ရုရှထဲကိုထည့်သွင်းပူးပေါင်းစေခဲ့နိုင်လို့ ကရင်မလင်မှာ အောင်ပွဲခံနေချိန်နဲ့မရှေးမနှောင်းမှာ ခုလိုအဖြစ်အပျက်တွေပေါ်လာခဲ့ပါတယ်

အဲ့သည့်ဒေသလေးခုက နေထိုင်သူတွေဟာ ပူတင်ရဲ့ ကြွေးကြော်ကြေညာချက်အရ ထာဝရရုရှနိုင်ငံသားတွေ ဖြစ်ခဲ့တာနာရီပိုင်းရက်ပိုင်းမကြာသေးခင်မှာပဲ ယူကရိန်းနိုင်ငံရဲ့ တရားမဝင်လာရောက်နေထိုင်သူ Illegal immigrantsတွေဖြစ်ကုန်ပြန်တယ်လို့ သရော်စာတွေ ရေးနေကြပြန်ပါတယ်

နျူကလီးယားသေးသေးလေးလောက်တော့သုံးဖို့ကောင်းနေပါပြီ လို့ ဘီးတပ်နေသူတွေလည်း ပူတင့်အနားမှာ ညှောင့်နေကြပါတယ်လို့ သတင်းတွေကတွန်းပို့နေပါတယ် အမေရိကန်ကလည်း သုံးရဲသုံးကြည့်စမ်းပါလို့တော့ပြောနေတာကြားခဲ့ရပါတယ်။

Crd…Pi Lon

Unicode










Crd…Pi Lon
Crd

Crd

arkarta