(၂၃)နှစ်အရွယ် Nicole Gee က အသေခံဗုံးခွဲမှုတွင်ကျဆုံးသွားလို့ ရပ်ထားခဲ့တဲ့သူမရဲ့ကားကို အလေးပြုနေကြတဲ့ အမေရိကန်မရိန်းတပ်ဖွဲ့ဝင်များ

(၂၃)နှစ်အရွယ် Nicole Gee က အသေခံဗုံးခွဲမှုတွင်ကျဆုံးသွားလို့ ရပ်ထားခဲ့တဲ့သူမရဲ့ကားကို အလေးပြုနေကြတဲ့ အမေရိကန်မရိန်းတပ်ဖွဲ့ဝင်များ

အာဖကန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေကြီးစိုးပြီးနောက် ပြီးခဲ့တဲ့အပတ် ဩဂုတ်လ (၂၆)ရက်နေ့တွင် အသေခံဗုံးခွဲမှုဖြစ်ပွါးခဲ့လို့ အမေရိကန်မရိန်းတပ်သား (၁၃)ဦး ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီထဲတွင် အသက် (၂၃)နှစ်အရွယ် Nicole Geeလည်း ပါဝင်ခဲ့ပြီး သူမကတော့ မြောက်ကယ်ရိုလိုင်းနားမှာရှိတဲ့ Camp Lejeune က 24th Marine Expedeitionary မှာ ပြုပြင်ထိန်းသိမ်းရေးပညာရှင်တစ်ဦးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့သေးတာဖြစ်ပါတယ်။

အာဖကန်ကိုမထွက်ခွါခင် (၃)ပတ်အလိုကလည်း သူမက ရာထူးတိုးခဲ့ပြီး သယ်ပို့လေယာဉ်ပေါ်တက်ဖို့စောင့်ဆိုင်းနေတဲ့ အာဖကန်ပြည်သူတွေကို စောင့်ကြပ်ပေးနေခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် Nicole Gee က ကလေးငယ်တွေအပေါ်မှာလည်း စေတနာထားပြီးဂရုစိုက်ပေးတာဖြစ်ပါတယ်။သူမကျဆုံးခဲ့ပြီးနောက်မှာတော့ အမေရိကန်မရိန်းတပ်ဖွဲ့ဝင်တွေအပြင် မိတ်ဆွေ၊သူငယ်ချင်းတွေကလည်း အရမ်းဝမ်းနည်းခဲ့ကြတာဖြစ်ပါတယ်။Nicole GeeကိုRoseville မြို့ရဲ့ သူရဲကောင်းတစ်ဦးလို့လည်း အသိအမှတ်ပြုခဲ့ကြပါတယ်။

အန္တရာယ်တွေကြားထဲမှာ အတူတူစွန့်စားလာတဲ့ ရဲဘော်ရဲဘက်တစ်ဦးဖြစ်လို့ အမေရိကန်မရိန်းတပ်ဖွဲ့ဝင်တွေကလည်း သူမကိုဘယ်တော့မှမမေ့ကြမှာပဲဖြစ်ပါတယ်။Nicole Gee အလုပ်လုပ်ခဲ့တဲ့ မြောက်ကယ်ရိုလိုင်းနားရှိ Camp Lejeune က ကားပါကင်မှာ သူမရပ်ထားခဲ့တဲ့ ကားကို အမေရိကန်မရိန်းတပ်ဖွဲ့ဝင်တွေက တစ်ဦးချင်းအလေးပြုနေကြတာဖြစ်ပါတယ်။အသက်ငယ်ငယ်လေးနဲ့ အသက်စွန့်သွားခဲ့ရတဲ့သူမကို လုပ်ဖော်ကိုင်ဖက်တွေက အလေးပြုနေကြတဲ့ဗီဒီယိုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:From Twitter
Source&Video Credit:From Twitter
Crd..MML
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi




Crd..MML

ဗွီဒီယိုဖိုင်ကြည့်ရန်https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F106559704436097%2Fvideos%2F172569591594422%2F&show_text=0&width=272

Crd..MML