၂၀၂၃ ခုနှစ်တွင် စတင်ထုတ်လုပ်တော့မည့် Sukhoi S-70 Okhotnik အကြီးစားတိုက်ခိုက်ရေးဒရုန်း..

Post Views:
9
ရုရှားသည် ၂၀၂၃ ခုနှစ်တွင် Okhotnik (Hunter) အကြီးစား တိုက်ခိုက်ရေး ဒရုန်းကို ဆက်တိုက်ထုတ်လုပ်တော့မည်ဖြစ်ကြောင်း Rostec အမှုဆောင်အရာရှိချုပ် ဆာဂေးချက်မက်ဇ်က သမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံ စဉ် ပြောကြားခဲ့သည်။
Okhotnik တွင် ရေဒါများမှ မမြင်နိုင်စေရန် ပြားချပ်ချပ် နော်ဇယ် တွန်းစက် (flat nozzle thruster) ပါရှိသည်။Okhotnik (Hunter) အကြီးစား တိုက်ခိုက်ရေး ဒရုန်းများ၏ အမှတ်စဉ် (စီးရီး) လိုက်
ထုတ်လုပ်မှု ့ကို ၂၀၂၃ ခုနှစ်တွင် စတင်မည်ဟု နိုင်ငံပိုင် နည်းပညာကော်ပိုရေးရှင်း Rostec အကြီးအကဲ Sergey Chemezov က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။
“ရှေ့ပြေးပုံစံ၏ ပထမဆုံး စမ်းသပ်ပျံသန်းမှုကို ၂၀၂၁ ခုနှစ်မှာလုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်ပါတယ်၊၂၀၂၃ ခုနှစ်မှာ ကာကွယ်ရေးဝန်ကြီး ဌာနကို နံပါတ် စဉ်လိုက် ထုတ်လုပ်ပြီး ပေးပို့သွားမှာပါ” ဟု Chemezov မှ ပြောကြားခဲ့သည်။
၎င်း၏ သီးခြားအင်္ဂါရပ်အနေဖြင့် Okhotnik တွင် ရေဒါများကို မမြင်နိုင်စေရန် ပြားချပ်သော နော်ဇယ်တွန်းစက် (flat nozzle thruster) တစ်ခုပါရှိ သည် ဟု Rostec အကြီးအကဲက အလေးပေးပြောကြားခဲ့ပါသည်။
ထို့အပြင် ဒရုန်းအတွက် မြေပြင်ထိန်း ချုပ်ရေးစခန်းအသစ်ကိုလည်း ဖန်တီးထားကြောင်း ၎င်းကပြောဆိုထားသည်။Sukhoi Design Bureau မှ ထုတ်လုပ်သော S-70 Okhotnik ဒရုန်းသည် ကိုယ် ပျောက်နည်းပညာပါ၀င်ပြီး တောင်ပံဒီဇိုင်းသည်
၎င်း၏ ရေဒါအမှတ်အသားကို လျော့ပါး စေပါသည်။ပွင့်လင်းသတင်း ရင်းမြစ်များထံမှ အချက်အလက်များအရ ဒရုန်းသည် တန်ချိန် ၂၀ အလေးချိန် ရှိပြီး တစ်နာရီလျှင် ၁၀၀၀ ကီလိုမီတာအထိ အရှိန်မြှင့်ပျံ သန်းနိုင်သည်။
Okhotnik အကြီးစားတိုက်ခိုက်ရေးဒရုန်းသည် ၂၀၁၉ ခုနှစ်၊ဩဂုတ်လ ၃ ရက်နေ့တွင် ၎င်း၏ပွဲဦးထွက်ပျံသန်းမှုကို လုပ်ဆောင်ခဲ့သည်။ အော်ပရေတာ၏ ထိန်းချုပ် မှုအောက်တွင် မိနစ် ၂၀ ကျော်ကြာပျံသန်းနိုင်ခဲ့သည်။
၂၀၁၉ ခုနှစ်စက်တင်ဘာလ ၂၇ ရက် နေ့တွင် Okhotnik သည် Su-57 ပ ဉ္စမမျိုးဆက် တိုက်လေယာဉ်ဖြင့် တွဲဘက် ပျံသန်းပြ ခဲ့ကြသည်။ဒရုန်းသည် အမြင့်ပေ ၁၆၀၀ မီတာဝန်းကျင်တွင် အလိုအလျောက်ပျံသန်းသည့် နည်းလမ်းဖြင့် ဝေဟင်၌ ပျံသန်းခဲ့ပြီး မိနစ် ၃၀ ကျော်ကြာ ပျံသန်းနိုင်ခဲ့ပါသည်။
Crd..သက်ထူးခန့်ပိုင်
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့
ယူနီကုဒ်
သနေငျ်ဂမဟာဗြူဟာလေ့လာရေးအဖှဲ့
Crd
Crd