၁၈*မိနစ်အတွင်း ရုရှား🇷🇺ရဟတ်ယာဉ် (၄)စီးအား ပြစ်ချနိုင်ခဲ့သည့် ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့…

၁၈*မိနစ်အတွင်း ရုရှား🇷🇺ရဟတ်ယာဉ် (၄)စီးအား ပြစ်ချနိုင်ခဲ့သည့် ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့…

ယူကရိန်း🇺🇦ကာကွယ်ရေးဝန်ကြီးဌာနကတော့ နိုင်ငံတောင်ပိုင်း၌ ၎င်းတို့ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ဟာ ၁၈မိနစ်အတွင်းမှာပင် ရုရှား🇷🇺လေတပ်၏ ရဟတ်ယာဉ် (၄)စီးအား ပစ်ချနိုင်ခဲ့တယ်ဆိုပြီး Twitter မှာ အောင်ပွဲခံပို့စ်တင်ထားပါတယ်။

ဖျက်ချခံရသည့် ရုရှားလေတပ်၏ ရဟတ်ယာဉ်လေးစီးဟာ Ka-52 Alligator အမျိုးအစားများဖြစ်ကြောင်း ဆိုပါတယ်။အမှန်တကယ်ဟုတ်လားမဟုတ်လားဆိုတာကိုတော့ ဆက်ပြီးစောင့်ကြည့်ရဦးမည့်အနေအထားမှာရှိနေပါတယ်။

နိုင်ငံတောင်ပိုင်းဆိုတော့ Kherson ဒေသတစ်ဝိုက်ဖြစ်ဖို့များပါတယ်။ယနေ့ဖြစ်စဉ်မပါဘဲ ယူကရိန်းစစ်တပ်ဟာ ရုရှားလေတပ်၏ Ka-52 Alligator အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ် အနည်း‌ဆုံး (၁၆)စီးအထိ ပစ်ချထားကြောင်း အချို့သတင်းအရင်းအမြစ်များက ဆိုကြပါတယ်။

မြင်းအကောင်ရေ ၂၄၀၀အားရှိသော VK-2500 တာဘိုအင်ဂျင်(၂)လုံးပါရှိသည့် Ka-52 ဟာ တစ်နာရီကိုအမြန်ဆုံး 300km အထိ ပျံသန်းနိုင်ပြီး စစ်ဆင်ရေးအတွက်ဆို တစ်နာရီကို 260km နှုန်းဖြင့်ပျံကြပါတယ်။

၎င်းဟာ ရုတ်ချည်းဆွဲတင်ပါက တစ်စက္ကန့်ကို ၁၂မီတာအထိ အမြင့်ကိုရုန်းနိုင်ပြီး အများဆုံး မီတာ ၅၅၀၀(ပေ ၁၈၀၀၀ကျော်) အထိ ပျံနိုင်ကြောင်း ဆိုထားပါတယ်။

ဒါဟာ တစ်စက္ကန့်လျှင် ၁၄.၈မီတာအထိအမြင့်ကိုတက်နိုင်ပြီး ပေ ၂၀၀၀၀အထိ အမြင့်ဆုံးထားပျံနိုင်တဲ့ အမေရိကန်ထုတ် Apache ၏ စွမ်းရည်နှင့်ယှဉ်ရင် အနည်းငယ်နိမ့်နေပါတယ်။

Ka-52 ၌ ရန်သူ့တင့်ဖျက်ဒုံးနှင့် လေကြောင်းရန်ကာကွယ်ရေးဒုံးများကို ကာကွယ်ရန် Active IR စနစ်၊ လေဆာခြေရာခံစနစ်၊ ရန်သူ့ဒုံးပျံမှ မိမိရဟတ်ယာဉ်ဆီဦးတည်လာကာ ရဟတ်ယာဉ်အနီးသို့ရောက်ရှိလာပါက

သတိပေးနိုင်သည့် ဆင်ဆာစနစ်နှင့် ရန်သူ့ လေကာဒုံးများကို လမ်းကြောင်းလွှဲနိုင်ရန် UV-26 flares များပါရှိကြောင်းဆိုသော်လည်း လက်တွေ့မှာမူ ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၏ Stinger တာတိုလေကာဒုံးများမှ လွတ်မြောက်နိုင်ရန် ရုန်းကန်နေရပါတယ်။

ရုရှားတို့၏ အဆိုအရ Ka-52 ဟာ တိုက်လေယာဉ်များကဲ့သို့ ခုန်ထွက်နိုင်သည့် ထိုင်ခုံများပါရှိပြီး ပျက်ကျချိန်၌ လွယ်ကူစွာနှင့် အထိအခိုက်နည်းစွာ ခုန်ထွက်နိုင်ရန် Cockpit မှန်ပြင်၌ ယမ်းကြိုးများတပ်ဆင်ထားတာကို စာဖတ်သူတို့သတိထားမိမှာပါ။

ပျက်ကျချိန်၌ ရဟတ်ယာဉ်၏ ပင်မပန်ကာဒလက်များအားလုံးဟာ ကျွတ်ထွက်သွားမည်ဖြစ်ပါတယ်။ ထိုနောက် မှန်ပေါ်၌ တပ်ဆင်ထားသည့် ယမ်းကြိုးများကပေါက်ကွဲသွားပြီး မှန်ဖုံးဟာ ကြေမွသွားမည်ဖြစ်ကာ

ထိုအချိန်၌ ရဟတ်ယာဉ်မှူနှစ်ဦးစလုံး၏ ခုန်ထွက်ခုံများဟာ အလုပ်လုပ်လာမှာဖြစ်ပြီး နှစ်ဦးစလုံးခုန်ထွက်ကာ ခုံ၌ပါရှိသည့် လေထီးဖြင့် မြေပြင်ပေါ်သို့ဆင်းသက်နိုင်ကြမှာဖြစ်ပါတယ်။

Ka-50 နှင့် Ka-52 ဟာ ejection seat များပါရှိသည့် ကမ္ဘာ့ပထမဆုံးရဟတ်ယာဉ်များဖြစ်ကြောင်း ဆိုပါတယ်။သို့သော် လက်တွေ့၌ ရုရှားရဟတ်ယာဉ်မှုးတွေဟာ eject လုပ်တာကို မတွေ့ရပါဘူး။

ချီးကျူးရမည့်အချက်တစ်ချက်ရှိပါတယ်။ အဲ့ဒါကတော့ Ka-52 Alligator ဟာ ရန်သူ့ဒုံးထိမှန်ပါက ယိုင်ပြီးလှည့်ထွက်မသွားနိုင်ရန် ကောင်းကောင်းထိန်းချုပ်နိုင်လေ့ရှိကြပြီး ရဟတ်ယာဉ်ဟာ အတည်ငြိမ်ဆုံး

အနေအထားနဲ့ မြေပြင်ပေါ်ကို ပြန်ဆင်းနိုင်သည့် သာဓကများကိုတွေ့ခဲ့ရကာ ရဟတ်ယာဉ်မှုးနှင့် လက်ထောက်ရဟတ်ယာဉ်မှုးကို မြေပြင်ပေါ်ရောက်သည်အထိ အထိအခိုက်နည်းစေရန် ပြုလုပ်ထားနိုင်ကာ မြေပြင်ပေါ်ကို

ထိုးဆင်းပြီးကာမှ Cockpit ကိုဖွင့်၍ ထွက်ပြေးသွားသည့် ဖြစ်စဉ်မျိုးကို စာဖတ်သူတို့ခဏခဏမြင်ရမှာဖြစ်ပါတယ်။ယခုဖြစ်စဉ်၌ လေးစီးပျက်ကျသည်ဟုဆိုသော ပျက်စီးမှုအစအနကိုတော့ ယူကရိန်းဘက်မှ ထုတ်ပြန်လာခြင်းမရှိသေးပါဘူး။

Crd..JohnThu

Unicode

















Crd..JohnThu
Crd

Crd

arkarta