၁၃ ပေမြင့်တဲ့ ဧရာမဘီလူးကြီးကို ယူအက်စ်အထူးတပ်ဖွဲ့က သုတ်သင်ခဲ့တဲ့အကြောင်း

Post Views:
632
၁၃ ပေမြင့်တဲ့ ဧရာမဘီလူးကြီးကို ယူအက်စ်အထူးတပ်ဖွဲ့က သုတ်သင်ခဲ့တဲ့အကြောင်း
အာဖဂန်နစ္စတန်မှာ ၁၃ ပေလောက်မြင့်တဲ့ ဧရာမသတ္တဝါကြီးကို ပစ်သဝာ်ခဲ့တဲ့အကြောင်း အမေရိကန်စစ်သားတစ်ယောက်က ထုတ်ဖော်ပြောပြခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဧရာမသတ္တဝါကြီးကို သူ့တို့ ဘယ်လို တွေ့ခဲ့ရပြီး ဘယ်လို ရင်ဆိုင်သုတ်သင်ခဲ့တယ်ဆိုတာကို တင်ပြလိုက်ပါတယ်။
၂၀၀၂ ခုနှစ်က ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း၊ ကန်ဒါဟာဒေသက တောင်တန်းမှာ အမေရိကန် ကင်းလှည့်အဖွဲ့ တစ်ဖွဲ့ဟာ ရေဒီအဆက်အသွယ် ပြတ်တောက်ကာ ပျောက်ဆုံးသွားခဲ့ပါတယ်။
ပျောက်ဆုံးစစ်သားတွေကို ရှာဖွေဖို့ အဲဒီတောင်စောင်းကို ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ကင်းလှည့်အဖွဲ့ကို စေလွှတ်ခဲ့ပြီး ထိုကင်းလှည့်အဖွဲ့မှ စစ်သားတစ်ဦးက သူမြင်ခဲ့ရပုံကို အောက်ပါအတိုင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
တောင်စောင်းရဲ့ အကွေ့အကောက်ကို ကွေ့လိုက်တဲ့အခါ ဂူပေါက်ဝတစ်ခုကို မြင်လိုက်ရပါတယ်။ ထူးဆန်းတာက ကျောက်တုံးတွေ အများကြီး ရှိနေပါတယ်။
ပြီးတော့ အရိုးတွေအများကြီးဘဲဗျ။ ဘယ်လိုအရိုးတွေလဲဆိုတာ ကျွန်တော် မပြောနိုင်ပေမယ့် ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးပစ္စည်းအချို့နဲ့ ဆင်တူတာကို တွေ့လိုက်ရပါတယ်။
ကြီးမားတဲ့ အရိုးတွေပါ။ တချို့မှာ အသားစတွေ ကပ်နေပါသေးတယ်။ အနံ့တွေလဲ ဆိုးဝါးလှပါတယ်။
ဒါဟာ ချောင်းမြောင်းတိုက်ခိုက်တတ်တဲ့ သားရဲတိရိစ္ဆာန် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊၊ ဒါပေမယ့် တခြားတစ်ခုခုလဲဖြစ်နိုင်ပါတယ်။
ချုံခိုတိုက်ခိုက်ခံရတယ်လို့ ယူဆရတဲ့ လှိုဏ်ဂူရှေ့မှာ နေရာအလုံအလောက်ရှိသော်လည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ သဲသဲကွဲကွဲ အထဲကို မမြင်ရပါဘူး။
သူတို့က သတိကြီးကြီးထားပြီး ဂူထဲကို ချဥ်းကပ်ခဲ့ကြပါတယ်။ အော်ဟစ်သံအကျယ်ကြီး ကြားလိုက်ရပြီးနောက် ဂူထဲမှ တစ်စုံတစ်ရာ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရပါတော့တယ်။
“သူဟာ အရပ်ရှည်ပြီး အနည်းဆုံး ၃.၆ မှ ၄.၅ မီတာ (၁၂ ပေမှ ၁၅ ပေ) အရပ်မြင့်တယ်” လို့ ဇာတ်ကြောင်းပြောသူက ပြောပါတယ်။
ဒီကောင်ကြီးက ဘီလူးကြီးလိုဘဲဗျ။ မြန်လဲမြန် သန်မာလိုက်တာကလဲအရမ်းဘဲ။သူရဲ့ မုတ်ဆိတ်မွေးတွေ ဆံပင်တွေက နီမြန်းနေပြီး ဆံပင်တွေက သူ့ပခုံးကို ကျော်ပြီး ကျောပေါ်အထိ ရှည်တယ်ဗျ။
ကျနော်တို့အဖွဲ့ထဲက Dan က သူ့ကို စတင်ပစ်ခတ်လိုက်ပါတယ်။ ကျွန်တော်တို့ အားလုံးကို နောက်ဆုတ်ဖို့ အော်ပြောခဲ့တယ်။ အဲဒါက သိပ်ကို ဆန်းကြယ်လွန်းတာကြောင့်ပါ။
Dan က သူ့အနားကို ရောက်တဲ့အခါ ညီအကို တစ်ယောက်က ကာပစ် ပစ်ပေးတယ်။ သူက Dan ကို လှံလို တုတ်တစ်ချောင်းနဲ့ထိုးပြီး သူ့ကိုပုခုံးပေါ် တင်လိုက်ပါတယ်။
သူ့အနားကို ဖြတ်သွားတဲ့သူတွေကို ခြေရာခံပြီး ရှာနေသလိုဘဲ။ ငါတို့အားလုံး ချက်ချင်း နောက်ဆုတ်ရမယ်။
ဘာလဲဆိုတာတော့ သေချာမသိပေမယ့် တစ်စုံတစ်ယောက်က “သူ့ရဲ့ ရင်ဘတ်ကို ပစ်လိုက် ရင်ဘတ်ကို ပစ်လိုက်” လို့ အော်နေတာကို သတိရမိတယ်။ သေနတ်သံတွေ ယမ်းငွေ့တွေနဲ့ ဂူတခုလုံး ဖုံးလွှမ်းနေပါတယ်။
နောက်ဆုံးမှာတော့ အကောင်ကြီးဟာ လဲကျသေဆုံးသွားပါတယ်။ Danကအသဝာ်ခံလိုက်ရပါတယ်။
ခဏအကြာမှာတော့ ရဟတ်ယာဉ်တစ်စင်း ရောက်လာပါတယ်။ ကုန်တင် ပိုက်ကွန် အောက်ချပေးခဲ့ပြီး ဒီကောင်ကြီးကို ချည်နှောင်လိုက်ပါတယ်။
မကြာမီမှာ ပိုကြီးတဲ့ ရဟတ်ယာဉ်တစ်စင်း ထပ်ရောက်ရှိလာကာ ကြိုးကိုလျှော့ချကာ ဧရာမအကောင်ကြီးကို သယ်ဆောင်သွားပါတယ်။
ဒီသတ္တဝါကြီးဟာ ဖြူစင်သော အသားအရည်ရှိပြီး ဆံပင်အနီရောင် ရှိပါတယ်။သူရဲ့ အလေးချိန်က ပေါင် ၁,၁၀၀ ကျော်ရှိပြီး ၁၃ ပေအမြင့် ရှိပါတယ်။
လက်နှင့်ခြေတစ်ဖက်စီမှာ လက်ခြောက်ချောင်းနှင့် ခြေခြောက်ချောင်းစီပါရှိကြောင်း စစ်သားတစ်ဦးက ဆိုထားပါတယ်။
ထုံးစံအတိုင်းပါဘဲ အဲဒီတပ်ဖွဲ့ဟာ အထက်ကို အစီရင်ခံဖို့ ညွှန်ကြားခံခဲ့ရပါတယ်။ စာထဲမှာတော့ ဒီသတ္တဝါကြီးအကြောင်း တလုံးတပါဒမှ မပါဖို့ ညွှန်ကြားခဲ့ပါတယ်တဲ့။
ဒီဧရာမသတ္တဝါကြီးဟာ ကန်ဒါဟာ တောင်တန်းတွေမှာ နေထိုင်တဲ့ ကျမ်းစာနဲ့ ဒဏ္ဍာရီလာ “ကန်ဒါဟာ လူ့ဘီလူးကြီး”လို့ ဆိုကြပါတယ်။
ပေါက်ကြားလာတဲ့ ဓါတ်ပုံတွေကို အစစ်အမှန် ဟုတ်မဟုတ် ကြည့်ရှုပြီး မန့်ခဲ့ကြပါအုံးလို့။
Knight News Team
Kandahar Giant
Crd
Crd