၀က်တစ်ကောင်မှ ဆွဲထားတဲ့ မြန်မာငွေ ၄၇သန်းနီးပါး တန်ဖိုးရှိပန်ချီကားမှ ကမ္ဘာ့စံချိန်အသစ်တစ်ခုကို ထပ်တင်နိုင်ခဲ့
ကမ္ဘာကျော် ပန်းချီဆရာ မဖြစ်လာမီ သတ်ဖြတ်ခံရခြင်းမှ လွတ်မြောက်ခဲ့တဲ့ Pigcasso အမည်ရှိ ပန်းချီဝက်ဟာ သူရဲ့ စိတ္တဇလက်ရာပန်ချီကို စံချိန်တင်ပေါင် ၂၀၀၀၀ ဖြင့် ရောင်းချနိုင်ခဲ့ပါတယ်။ ၀က်တစ်ကောင်အနေနဲ့ဆို ဒါဟာ လူသားတွေအတွက်တော့ အံ့ဩသင့်စရာပါပဲ။ Wild and Free ပန်းချီကားကို တနင်္လာနေ့က ၀ယ်ယူခဲ့တာဖြစ်ပါတယ်။၀ယ်ယူခဲ့သူကဂျာမန်ကဖြစ်ပြီးPeterEsserလို့သိရပါတယ်။ဒီပန်ချီကားဟာ ၂၀၀၅ခုနှစ်တွင်ကွန်ဂိုရှိချင်ပန်ဇီတစ်‌ေကာင်မှဆွဲထားတဲ့အနုပညာလက်ရာတစ်ခုအတွက်ယခင်စံချိန်ပေါင်14,400ကိုချိုးဖျက်ခဲ့တာဖြစ်ပါတယ်။
Pigcasso ဟာ ရက်သတ္တပတ်များစွာကြာအောင် အပြာရောင်၊ အစိမ်းနှင့် အဖြူရောင် အစရှိတဲ့ရောင်စုံများအသုံးပြုပြီးဆွဲခဲ့တာဖြစ်ပါတယ်။ တိရစ္ဆာန် ပန်းချီဆရာဟာ ပိုင်ရှင် Joanne Lefson ရဲ့ ၀က်ကလေးအဖြစ် တိရစ္ဆာန်သတ်ရုံမှ ကယ်တင်ခံခဲ့ရတာဖြစ်ပါတယ်။ အဲ့နောက် လွန်ခဲ့တဲ့ ငါးနှစ်အတွင်း ပန်းချီကား ရာနှင့်ချီ ဖန်တီးခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ တောင်အာဖရိကနိုင်ငံ Franschhoekတောင်ကြားထဲက ကယ်ဆယ်ရေးစခန်းရှိ မွေးမြူရေးတိရစ္ဆာန်များအတွက် ဘေးကင်းလုံခြုံတဲ့ နေရာဖြစ်တဲ့ Farm Sanctuary SA မှာနေထိုင်ကြပါတယ်။
Joanne ဟာ သူမအနေနဲ့ သူ့ရဲ့၀က်လေး စံချိန်မချိုးခင်က အရင်က စံချိန်တင်ထားတဲ့ ချင်ပန်ဇီမျောက်လေးရဲ့အနုပညာကို လေးစားကြောင်း ၀က်ကလေးကခုလိုစံချိန်တင်ထားတက် တိရစ္ဆာန်တွေကဘယ်လောက်တောင်ဉာဏ်ကောင်းပြီးဖန်တီးနိုင်စွမ်းဘယ်လောက်ရှိတယ်ဆိုတာကို ပြသချင်တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။သင့်အနေနဲ့လည်းဒီပန်းချီကာဟာပေါင်၂၀၀၀၀(မြန်မာငွေ၄၇သန်းနီးပါး)တန်ပြီး၀က်တစ်ကောင်ဆွဲထားတဲ့ ပန်းချီကားဆို မယုံနိုင်စရာပါပဲ မဟုတ်လား။
Zawgyi