ျမန္မာေငြ သိန္းငါးေထာင္ေက်ာ္တန္ေၾကးရွိတဲ့ သုံးဘီးကားပ်ံမ်ား မၾကာမီလာမည္။

ျမန္မာေငြ သိန္းငါးေထာင္ေက်ာ္တန္ေၾကးရွိတဲ့ သုံးဘီးကားပ်ံမ်ား မၾကာမီလာမည္။
အေမရိကန္ အေျခစိုက္ Samson Sky ေမာ္ေတာ္ယာဥ္လုပ္ငန္းကေန ယခုတစ္ႀကိမ္ လွ်ပ္စစ္ေလယာဥ္ (eVTOL) မဟုတ္ဘဲ ဒီဇိုင္းဆန္းတဲ့ ကားပ်ံကို မိတ္ဆက္လိုက္ပါတယ္။ ပ်ံသန္းႏိုင္ေသာ ကားအျဖစ္ေျပာင္းလဲႏိုင္သည့္ ဘီးသုံးဘီးပါရွိတဲ့ ယာဥ္ပ်ံဟာ လမ္းမႀကီးႏွင့္ လမ္းမ်ားမွာ တရားဝင္ေမာင္းႏွင္ခြင့္ရတဲ့ သုံးဘီးကားပ်ံ ျဖစ္လာမွာ ျဖစ္ပါတယ္။ ဒီသုံးဘီးကားပ်ံကို Switchblade လို႔အမည္ေပးထားၿပီး သုံးမိနစ္အတြင္း ကားကို ေလယာဥ္အျဖစ္ ေျပာင္းလဲ ပ်ံသန္းႏိုင္ပါတယ္။ ေလေပၚမွာ ပ်ံသန္းႏိုင္ဖို႔အတြက္
သူ႔မွာ ျဖန္႔ကား၊ ေခါက္သိမ္း လို႔ရတဲ့ အေတာင္ပံတစ္စုံႏွင့္ ေလယာဥ္အၿမီးတစ္ခု ပါရွိပါတယ္။ ပ်ံသန္းလိုပါက ေဒသဆိုင္ရာေလဆိပ္သို႔ သြားၿပီး ပ်ံသန္းႏိုင္ပါတယ္။ Switchblade ကားပ်ံဟာ ေလေပၚမွာ တစ္နာရီ မိုင္ ၂၀၀ ႏွင့္ အျမင့္ေပ ၁၃,၀၀၀ အထိ ပ်ံသန္းႏိုင္မွာ ျဖစ္ပါတယ္။ သုံးဘီးကားပ်ံဟာ ႏွစ္ေယာက္စီးယာဥ္ျဖစ္ပါတယ္။ ျမင္းေကာင္ေရ ၁၉၀ အား ထုတ္လုပ္ေပးႏိုင္တဲ့
ဆလင္ဒါ ၃ လုံးတပ္ အင္ဂ်င္ကို တပ္ဆင္ထားၿပီး 91-octane ပန္႔ဓာတ္ေငြ႕ကို အသုံးျပဳေမာင္းႏွင္ရမွာ ျဖစ္ပါတယ္။ ပ်ံသန္းၿပီးေနာက္ ေျမျပင္သို႔ ျပန္လည္သက္ဆင္းၿပီး အေတာင္မ်ားႏွင့္ အၿမီးမ်ားကို ျပန္လည္ ေခါက္သိမ္းကာ ၎ေလယာဥ္ကို ၿပိဳင္ကားအျဖစ္ ေျပာင္းလဲ ေမာင္းႏွင္ႏိုင္ပါတယ္။ Samson Sky ကုမၸဏီရဲ႕ အဆိုအရ Switchblade ကို လမ္းမေပၚတြင္ေမာင္းႏွင္ရန္အတြက္ ေမာ္ေတာ္ကား သို႔မဟုတ္ ေမာ္ေတာ္ဆိုင္ကယ္ လိုင္စင္ရွိရန္ လိုအပ္ေၾကာင္း သိရပါတယ္။ သို႔ေသာ္ ေလထဲမွာ ပ်ံသန္း ေမာင္းႏွင္ဖို႔အတြက္ေတာ့
ကိုယ္ပိုင္ေလယာဥ္မႉးလိုင္စင္ရွိရန္ လိုအပ္တယ္လို႔ ဆိုပါတယ္။ Samson Sky က ၎တို႔ရဲ႕ ‘Skybrid Flying Car Drive System’ ကို Switchblade ကားပ်ံမွာ ထည့္သြင္းထားပါတယ္။ အဆိုပါစနစ္ဟာ ကားရဲ႕ဘရိတ္ဖမ္းစနစ္အပါအဝင္ အျခားေသာ အဂၤါရပ္မ်ားကို ျပန္လည္ဆန္းသစ္ထားကာ ထည့္သြင္းထားတာ ျဖစ္ပါတယ္။ ေလေပၚမွ ေျမျပင္သို႔ ျပန္လည္ဆင္းသက္လာတဲ့အခါ ယာဥ္ေမာင္းမ်ား လုံၿခဳံစြာ ဆင္းသက္ႏိုင္ေစရန္အတြက္ ေလ-ဘရိတ္ကိုလည္း ထည့္သြင္းေပးထားပါတယ္။ Switchblade ကားပ်ံမွာ
ဘီးလုံးဘရိတ္မ်ား၊ အဆင့္ျမင့္နည္းပညာသုံး ဒက္ရွ္ဘုတ္ႏွင့္ ကားအျပင္ဘက္ရွိ ရာသီဥတုႏွင့္အညီ လိုက္ေလ်ာညီေထြျဖစ္ေစေသာ ရာသီဥတုကို ထိန္းခ်ဳပ္အခန္းကို တပ္ဆင္ထားပါတယ္။ Switchblade Special ကားပ်ံကို က်ည္ဆန္ပုံသ႑ာန္တည္ေဆာက္ထားပါတယ္။ ကုမၸဏီရဲ႕ ေရးသားေဖာ္ျပခ်က္အရ ၎ကားပ်ံကို စစ္ဘက္ဆိုင္ရာ စစ္ဆင္ေရးမ်ားတြင္လည္း
အသုံးျပဳႏိုင္ပုံရပါတယ္။ ကန္႔သတ္ထုတ္ကုန္အျဖစ္ (Limited Edition) ယာဥ္မ်ားရဲ႕ အတြင္းခန္းကို သစ္သားႏွင့္ အဖိုးတန္ ေက်ာက္မ်က္ရတနာမ်ား သို႔မဟုတ္ ေက်ာက္မ်ားခင္းထားသည္အထိ ဝယ္သူစိတ္ႀကိဳက္ ဒီဇိုင္းျဖင့္ ထုတ္လုပ္ေပးမည္ ျဖစ္ပါတယ္။ ပိုမိုေကာင္းမြန္ေသာ အသံစနစ္မ်ား၊ display မ်ား၊ လုံၿခဳံေရးကိရိယာမ်ားႏွင့္ အကာအကြယ္မ်ားကိုလည္း တပ္ဆင္ေပးထားပါတယ္။
Samson Sky ကုမၸဏီဟာ Switchblades ကားပ်ံမ်ားကို စမ္းသပ္မႈမ်ား လုပ္ေဆာင္ထားၿပီး စိတ္ဝင္စားတဲ့ ေဖာက္သည္မ်ားအတြက္ ႀကိဳတင္စာရင္းသြင္းမႈကို လက္ခံေပးေနၿပီ ျဖစ္ပါတယ္။ Switchblade ကားပ်ံရဲ႕ ေစ်းႏႈန္းကေတာ့ အေမရိကန္ေဒၚလာ ၁၇၀,၀၀ (ျမန္မာက်ပ္ေငြ သိန္းငါးေထာင္ေက်ာ္) ကေန စတင္မွာျဖစ္ေၾကာင္း သိရပါတယ္။
crd-
ယူနီကုတ္
မြန်မာငွေ သိန်းငါးထောင်ကျော်တန်ကြေးရှိတဲ့ သုံးဘီးကားပျံများ မကြာမီလာမည်။
အမေရိကန် အခြေစိုက် Samson Sky မော်တော်ယာဉ်လုပ်ငန်းကနေ ယခုတစ်ကြိမ် လျှပ်စစ်လေယာဉ် (eVTOL) မဟုတ်ဘဲ ဒီဇိုင်းဆန်းတဲ့ ကားပျံကို မိတ်ဆက်လိုက်ပါတယ်။ ပျံသန်းနိုင်သော ကားအဖြစ်ပြောင်းလဲနိုင်သည့် ဘီးသုံးဘီးပါရှိတဲ့ ယာဉ်ပျံဟာ လမ်းမကြီးနှင့် လမ်းများမှာ တရားဝင်မောင်းနှင်ခွင့်ရတဲ့ သုံးဘီးကားပျံ ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီသုံးဘီးကားပျံကို Switchblade လို့အမည်ပေးထားပြီး သုံးမိနစ်အတွင်း ကားကို လေယာဉ်အဖြစ် ပြောင်းလဲ ပျံသန်းနိုင်ပါတယ်။ လေပေါ်မှာ ပျံသန်းနိုင်ဖို့အတွက်
သူ့မှာ ဖြန့်ကား၊ ခေါက်သိမ်း လို့ရတဲ့ အတောင်ပံတစ်စုံနှင့် လေယာဉ်အမြီးတစ်ခု ပါရှိပါတယ်။ ပျံသန်းလိုပါက ဒေသဆိုင်ရာလေဆိပ်သို့ သွားပြီး ပျံသန်းနိုင်ပါတယ်။ Switchblade ကားပျံဟာ လေပေါ်မှာ တစ်နာရီ မိုင် ၂၀၀ နှင့် အမြင့်ပေ ၁၃,၀၀၀ အထိ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။ သုံးဘီးကားပျံဟာ နှစ်ယောက်စီးယာဉ်ဖြစ်ပါတယ်။ မြင်းကောင်ရေ ၁၉၀ အား ထုတ်လုပ်ပေးနိုင်တဲ့
ဆလင်ဒါ ၃ လုံးတပ် အင်ဂျင်ကို တပ်ဆင်ထားပြီး 91-octane ပန့်ဓာတ်ငွေ့ကို အသုံးပြုမောင်းနှင်ရမှာ ဖြစ်ပါတယ်။ ပျံသန်းပြီးနောက် မြေပြင်သို့ ပြန်လည်သက်ဆင်းပြီး အတောင်များနှင့် အမြီးများကို ပြန်လည် ခေါက်သိမ်းကာ ၎င်းလေယာဉ်ကို ပြိုင်ကားအဖြစ် ပြောင်းလဲ မောင်းနှင်နိုင်ပါတယ်။ Samson Sky ကုမ္ပဏီရဲ့ အဆိုအရ Switchblade ကို လမ်းမပေါ်တွင်မောင်းနှင်ရန်အတွက် မော်တော်ကား သို့မဟုတ် မော်တော်ဆိုင်ကယ် လိုင်စင်ရှိရန် လိုအပ်ကြောင်း သိရပါတယ်။ သို့သော် လေထဲမှာ ပျံသန်း မောင်းနှင်ဖို့အတွက်တော့
ကိုယ်ပိုင်လေယာဉ်မှူးလိုင်စင်ရှိရန် လိုအပ်တယ်လို့ ဆိုပါတယ်။ Samson Sky က ၎င်းတို့ရဲ့ ‘Skybrid Flying Car Drive System’ ကို Switchblade ကားပျံမှာ ထည့်သွင်းထားပါတယ်။ အဆိုပါစနစ်ဟာ ကားရဲ့ဘရိတ်ဖမ်းစနစ်အပါအဝင် အခြားသော အင်္ဂါရပ်များကို ပြန်လည်ဆန်းသစ်ထားကာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ လေပေါ်မှ မြေပြင်သို့ ပြန်လည်ဆင်းသက်လာတဲ့အခါ ယာဉ်မောင်းများ လုံခြုံစွာ ဆင်းသက်နိုင်စေရန်အတွက် လေ-ဘရိတ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ Switchblade ကားပျံမှာ
ဘီးလုံးဘရိတ်များ၊ အဆင့်မြင့်နည်းပညာသုံး ဒက်ရှ်ဘုတ်နှင့် ကားအပြင်ဘက်ရှိ ရာသီဥတုနှင့်အညီ လိုက်လျောညီထွေဖြစ်စေသော ရာသီဥတုကို ထိန်းချုပ်အခန်းကို တပ်ဆင်ထားပါတယ်။ Switchblade Special ကားပျံကို ကျည်ဆန်ပုံသဏ္ဍာန်တည်ဆောက်ထားပါတယ်။ ကုမ္ပဏီရဲ့ ရေးသားဖော်ပြချက်အရ ၎င်းကားပျံကို စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးများတွင်လည်း
အသုံးပြုနိုင်ပုံရပါတယ်။ ကန့်သတ်ထုတ်ကုန်အဖြစ် (Limited Edition) ယာဉ်များရဲ့ အတွင်းခန်းကို သစ်သားနှင့် အဖိုးတန် ကျောက်မျက်ရတနာများ သို့မဟုတ် ကျောက်များခင်းထားသည်အထိ ဝယ်သူစိတ်ကြိုက် ဒီဇိုင်းဖြင့် ထုတ်လုပ်ပေးမည် ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်သော အသံစနစ်များ၊ display များ၊ လုံခြုံရေးကိရိယာများနှင့် အကာအကွယ်များကိုလည်း တပ်ဆင်ပေးထားပါတယ်။
Samson Sky ကုမ္ပဏီဟာ Switchblades ကားပျံများကို စမ်းသပ်မှုများ လုပ်ဆောင်ထားပြီး စိတ်ဝင်စားတဲ့ ဖောက်သည်များအတွက် ကြိုတင်စာရင်းသွင်းမှုကို လက်ခံပေးနေပြီ ဖြစ်ပါတယ်။ Switchblade ကားပျံရဲ့ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၇၀,၀၀ (မြန်မာကျပ်ငွေ သိန်းငါးထောင်ကျော်) ကနေ စတင်မှာဖြစ်ကြောင်း သိရပါတယ်။
crd-
The post ျမန္မာေငြ သိန္းငါးေထာင္ေက်ာ္တန္ေၾကးရွိတဲ့ သုံးဘီးကားပ်ံမ်ား မၾကာမီလာမည္။ appeared first on ဗဟုသုတ ဇုန္.
Crd
Crd