မြန်မာနိုင်ငံထုတ် ကားတာယာတွေ ဝယ်ယူဖို့ ဘရာဇီးလ်အခြေစိုက်ကုမ္ပဏီတစ်ခု ကမ်းလှမ်းလာ…

မြန်မာနိုင်ငံထုတ် ကားတာယာတွေ ဝယ်ယူဖို့ ဘရာဇီးလ်အခြေစိုက်ကုမ္ပဏီတစ်ခု ကမ်းလှမ်းလာ…

မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ ကားတာယာတွေကို ဝယ်ယူဖို့ ဘရာဇီးလ်အခြေစိုက် Sunamerica ကုမ္ပဏီက ကမ်းလှမ်းလာတယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။

ဘရာဇီးနိုင်ငံ၊ ဆော်ပိုလိုမြို့အခြေစိုက် Sunamerica ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် ကားတာယာတွေကို ဝယ်ယူတင်သွင်းလိုကြောင်း ကမ်းလှမ်းလာတာဖြစ်ပြီး မြန်မာနိုင်ငံဈေးကွက် အတွင်း ရရှိနိုင်မည့်

ကားတာယာများ၊ အထူးသဖြင့် အချင်းဝက် ၁၃ လက်မ၊ ၁၄ လက်မနှင့် ထရပ် ကားတာယာများကို ဝယ်ယူရန်စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။

အဆိုပါကုမ္ပဏီဟာ The National Institute of Metrology Quality and Technology အသိ အမှတ်ပြု လက်မှတ်ရရှိထားပြီး သီရိလင်္ကာ၊ တရုတ်၊

ပါကစ္စတန်နိုင်ငံတို့မှ မော်တော်ဆိုင်ကယ်နှင့် စက်ဘီးတာယာများ ဝယ်ယူတင်သွင်းလျက်ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံက တာယာထုတ်လုပ်တဲ့ စက်ရုံတွေအနေနဲ့

ဘရာဇီးနိုင်ငံသို့ တာယာတင်ပို့ ရောင်းချလို တယ်ဆိုရင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲကို ချိတ်ဆက်ဆောင် ရွက်နိုင်တယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

Crd..One New Myanmar

Unicode





အဆိုပါကုမ်ပဏီဟာ The National Institute of Metrology Quality and Technology အသိ အမှတျပွု လကျမှတျရရှိထားပွီး သီရိလငျ်ကာ၊ တရုတျ၊



Crd..One New Myanmar

Crd

Crd

arkarta