Post Views:
8
ရွှေဈေး ၂၆ သိန်းဝန်းကျင်နဲ့ ဒေါ်လာဈေး ၃၀၀၀ ကျပ် အထိ ဈေးပြန်ကျလာတဲ့ ယနေ့ ဈေးကွက်အခြေအနေ…. ( ဗဟိုဘဏ်ရဲ့ တစ်ဒေါ်လာ သတ်မှတ်ရည်ညွှန်းဈေးကတော့ ၂၁၀၀ ကျပ်ဖြစ်ပါတယ်။)
ပြင်ပငွေကြေးဈေးကွက်အတွင်း စက်တင်ဘာ ၂၈ ရက် ညနေ ၄နာရီ ဈေးကွက်ပိတ်ခါနီးမှာတော့ ရွှေဈေး တစ်ကျပ်သားကို ကျပ် ၂၆ သိန်းဝန်းကျင်နဲ့ တစ်ဒေါ်လာ ၃၀၀၀ ကျပ်အထိ ဈေးပြန်ကျခဲ့တယ်လို့ ရန်ကုန်မြို့ကရွှေဆိုင်တွေနဲ့ နိုင်ငံခြားငွေကြေးလဲလှယ်သူတွေဆီက သိရပါတယ်။ ဒီနေ့ဈေးကွက်စဖွင့်ချိန်မှာ ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ် ၂၇ သိန်းဝန်းကျင်နဲ့
ဈေးစဖွင့်ခဲ့ပြီး နာရီပိုင်းအတွင်း ကျပ်တစ်သိန်းဈေးကျခဲ့ကာ ညနေ ၄နာရီ ပေါက်ဈေးအရ ကျပ် ၂၆ သိန်းဝန်းကျင်မှာရှိခဲ့တယ်လို့ ရန်ကုန်မြို့က ရွှေဆိုင်တစ်ဆိုင်က သိရပါတယ်။ ပြင်ပဒေါ်လာဈေးအနေနဲ့ ဈေးကွက်စဖွင့်ချိန်မှာ အရင်နေ့တွေကလို
ကျပ် ၃၂၀၀ ဝန်းကျင်နဲ့ ဈေးစဖွင့်ခဲ့ပေမယ့် ညနေပိုင်းမှာတော့ တစ်ဒေါ်လာ ၃၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ပေါ်နေကာ ဈေးနှုန်းတည်ငြိမ်မှုမရှိသေးဘူးလို့ ပြင်ပနိုင်ငံခြားငွေကြေးလဲလှယ်သူတွေဆီက သိရပါတယ်။ ကမ္ဘာ့ရွှေဈေးနှုန်းကျတဲ့အပြင် ဒေါ်လာဈေးပါကျလို့ ပြည်တွင်းရွှေဈေးနှုန်းဆက်တိုက်ကျနေတာဖြစ်ပြီး လာမယ့်လတွေမှာ တွင်းတွေက ရွှေထွက်များလာနိုင်လို့ ရွှေဈေးအကျဘက်မှာပဲရှိမှာလို့
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောပါတယ်။ ဒီနေ့အတွက် YGEA အသင်းရဲ့ရွှေအပိတ်ဈေးဟာ အခေါက်ရွှေတစ်ကျပ်သားကို ၁၉၁၄၀၀၀ ကျပ်ဖြစ်ပြီး ဗဟိုဘဏ်ရဲ့ တစ်ဒေါ်လာ သတ်မှတ်ရည်ညွှန်းဈေးကတော့ ၂၁၀၀ ကျပ်ဖြစ်ပါတယ်။
crd-
ယူနီကုတ်
crd-
Crd
Crd
arkarta