ရွှေဈေးကျလာချိန် ရွှေစင်အတုံး အခဲ ၃ ပိသာ ကို ရောင်းချပေးဦးမယ်လို့ ထုတ်ပြန်လာ…

ရွှေဈေးကျလာချိန် ရွှေစင်အတုံး အခဲ ၃ ပိသာ ကို ရောင်းချပေးဦးမယ်လို့ ထုတ်ပြန်လာ…



Post Views:
9

ပြီးခဲ့တဲ့လကထက် ရွှေတစ်ကျပ်သားကို ကျပ် ၈ သိန်းကျော်အထိ ကျလာပြီး မနေ့က (စက်တင်ဘာ ၂၈) ပြင်ပ ဈေးကွက်မှာ တစ်ကျပ်သားကို ကျပ် ၂၅ သိန်း နဲ့ ဈေးပိတ်ခဲ့တယ်လို့ ဈေးကွက်အတွင်းက သိရှိရပါတယ်။

ရန်ကုန် ရွှေအသင်း၏ စက်တင်ဘာ ၂၈ ရန်ကုန်အထိုင် ရည်ညွှန်း ရွှေဈေးနှုန်းမှာ အခေါက်ရွှေ(၁)ကျပ်သားကို (၁၉၁၄၀၀၀) ဖြစ်ပြီး ကမ္ဘာ့ရွှေ တစ်အောင်စဟာ အမေရိကန်ဒေါ်လာ (၁၆၂၀) ဒေါ်လာ ဖြစ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ထို့သို့အချိန်တွင် ရွှေစင်တုံးနှင့်ရွှေစင်ခဲ (၃)ပိဿာစီအား တင်ဒါစနစ်နဲ့ ရောင်းချပေးမှာဖြစ်လို့ သတ်မှတ် တင်ဒါ ပုံစံဖြည့်စွက်၍ ဈေးပြိုင်တင်ဒါစနစ်ဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်လာပါတယ်။

အဆိုပါ တင်ဒါစနစ်အတွက် ရန်ကုန်တိုင်း ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာ့ ကျောက်မျက်ရတနာ ပြတိုက် (ရန်ကုန်)နှင့် မန္တလေးတိုင်း၊ ၂၆ လမ်းနှင့် ၆၆ လမ်းထောင့်ရှိ Star Mart Mandalay တို့တွင်

စက်တင်ဘာ ၂၉ ရက်(ယနေ့)နေ့လည် ၁ နာရီမှ ၃ နာရီအထိ သတ်မှတ်ပုံစံနဲ့ ပတ်သက်လို့ အသေးစိတ်စုံစမ်းနိုင်တယ်လို့ ဝန်ကြီးဌာ နမှ ထုတ်ပြန်ထားပြီး ရောင်းချပေးမယ့် ဈေးနှုန်းကိုတော့ ထုတ်ပြန်ထားတာမရှိပါဘူး။

ထို့အပြင် ရွှေဒင်္ဂါးပြား များရောင်းချခြင်းအား ယခင်အတိုင်းဆက်လက်ရောင်းချသွားမည်ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်တွင်း ရွှေဈေးကွက်တွင်လည်း အခေါက် ရွှေတစ်ကျပ်သားလျင် ၃၇ သိန်းအထိ စံချိန်တင်မြင့်တက်ခဲ့ရာမှ စက်တာ ၂၈ ရက် ညနေပိုင်း ဈေးကွက် ပိတ်ချိန်တွင် ၂၅ သိန်းကျပ်အထိ ကျဆင်းသွားပြီး အရောင်းအဝယ်လည်း အေးနေခဲ့ကာ

ဆိုင်သမားများနှင့် ရောင်းလိုသူ၊ ဝယ်လိုသူများကလည်း မတည်ငြိမ်တဲ့ ရွှေဈေးကို ဆက်လက် စောင့်ကြည့်နေကြတယ်လို့ ရွှေလုပ်ငန်းရှင်များနှင့် ရွှေစုဆောင်းသူများထံက သိရှိရပါတယ်။

CRD..Myanmar Future News
Photos- Internet

Unicode










CRD..Myanmar Future News
Photos- Internet

Crd

Crd

arkarta