ေျမျပင္ ပစ္ကူသာမက ေလေၾကာင္းရန္ကာကြယ္ေရးအတြက္ပါ အသုံးျပဳနိုင္ေသာ တ႐ုတ္ထုတ္ QJZ-89 စက္ေသနတ္ႀကီး

ေျမျပင္ ပစ္ကူသာမက ေလေၾကာင္းရန္ကာကြယ္ေရးအတြက္ပါ အသုံးျပဳနိုင္ေသာ တ႐ုတ္ထုတ္ QJZ-89 စက္ေသနတ္ႀကီး

တ႐ုတ္တို႔မွ ဆိုဗီယက္စက္ေသနတ္ႀကီးမ်ား၏ ဒီဇိုင္းကို မွီျငမ္းကာ QJZ-89 စက္ေသနတ္ႀကီးကို ထုတ္လုပ္အသုံးျပဳ ခဲ့သည္။ QJZ-89 ကို Type-89 ဟုလည္း ေခၚဆိုၾကသည္။

၁၂.၇ × ၁၀၈ မမ က်ည္မ်ားကို က်ည္းခါးပတ္(Belt)ျဖင့္ တပ္ဆင္ပစ္ခတ္သည္။ QJZ-89 စတင္ထုတ္လုပ္စဥ္က ေမာင္းျပန္စနစ္အေနျဖင့္ ေနာက္ကန္အား မ်ားေနေၾကာင့္ အားနည္းခ်က္မ်ားကို ျပင္ဆင္ကာ ၿပီးျပည့္စုံေသာ QJZ-89 ကို ဆက္လက္ထုတ္လုပ္ခဲ့သည္။

QJZ-89 အေနျဖင့္ Heavy Machine Gun(HMG) အမ်ိဳးအစားျဖစ္သည္။ ၁၇.၅ ကီလိုဂရမ္ ရွိကာ အလ်ား ၂၁၉၂ မီလီမီတာ၊ ေျပာင္းအလ်ား ၁၀၀၃ မီတာ အရြယ္အစား ရွိသည္။ စက္ေသနတ္ႀကီးအား

အနိမ့္/အျမင့္လိုသလို ခ်ိန္ညႇိ နိုင္ရန္ သုံးေခ်ာင္းေထာက္(tripod)ကို တပ္ဆင္ေပးထား သည္။ အကြာအေဝး ၂၅၀၀ မီတာ အထိ ေရာက္ရွိပစ္ခတ္နိုင္ ေသာ္လည္း ထိေရာက္မႈအကြာအေဝးမွာ ၁၅၀၀ မီတာ သာ ျဖစ္သည္။

စတင္ထုတ္လုပ္စဥ္က တစ္မိနစ္လၽွင္ က်ည္ ၄၅၀ ေတာင့္ ႏႈန္းသာ ထြက္ရွိေသာ္လည္း ေနာက္ပိုင္းထုတ္စက္ ေသနတ္ႀကီးတြင္ တစ္မိနစ္လၽွင္ က်ည္ ၆၀၀ ေတာင့္ ႏႈန္း အထိ က်ည္ထြက္ႏႈန္း ျမန္ဆန္လာခဲ့သည္။

ေျမျပင္ပစ္ကူ ေပးအတြက္ Iron sight ကိုအသုံးျပဳေသာ္လည္း ျမန္ႏႈန္း နည္းသည့္ အနိမ့္ပ်ံ ေလယာဥ္/ရဟတ္ယာဥ္မ်ားကို ပစ္ခ် ရန္အတြက္ ျမင္ကြင္းၾကည္လင္ျပတ္သားၿပီး ခ်ဲ႕ဆအားမ်ား ျပားသည့္အျပင္

ညအခ်ိန္ပါပစ္ခတ္နိုင္ေသာ Scope ပါ တပ္ဆင္ပစ္ခတ္လာခဲ့သည္။ အဆိုးဆုံးမွာ သံခ်ပ္ကာ ေဖာက္ က်ည္(API)ႏွင့္ ေလာင္က်ည္(tracer)တို႔ကို အသုံးျပဳပစ္ ခတ္ပါက Mi-35

တိုက္ခိုက္ေရးရဟတ္ယာဥ္ကဲ့သို႔ ေလသူရဲ ေမာင္းႏွင္သည့္ေနရာအား သံခ်ပ္ကာအကာအကြယ္ေပး ထားသည့္ေနရာအား ေဖာက္ထြင္းနိုင္စြမ္းရွိသည္။ QJZ-89 (Type-89)စက္ေသနတ္ႀကီးအား ၿခိမ္းေျခာက္မႈေပးနိုင္ေသာ အဆင့္တြင္ ထည့္သြင္းထားသည္။

Crd..မင္းဟိန္းခန့္
Unicode

မြေပြင် ပစ်ကူသာမက လေကြောင်းရန်ကာကွယ်ရေးအတွက်ပါ အသုံးပြုနိုင်သော တရုတ်ထုတ် QJZ-89 စက်သေနတ်ကြီး

တရုတ်တို့မှ ဆိုဗီယက်စက်သေနတ်ကြီးများ၏ ဒီဇိုင်းကို မှီငြမ်းကာ QJZ-89 စက်သေနတ်ကြီးကို ထုတ်လုပ်အသုံးပြု ခဲ့သည်။ QJZ-89 ကို Type-89 ဟုလည်း ခေါ်ဆိုကြသည်။

၁၂.၇ × ၁၀၈ မမ ကျည်များကို ကျည်းခါးပတ်(Belt)ဖြင့် တပ်ဆင်ပစ်ခတ်သည်။ QJZ-89 စတင်ထုတ်လုပ်စဉ်က မောင်းပြန်စနစ်အနေဖြင့် နောက်ကန်အား များနေကြောင့် အားနည်းချက်များကို ပြင်ဆင်ကာ ပြီးပြည့်စုံသော QJZ-89 ကို ဆက်လက်ထုတ်လုပ်ခဲ့သည်။

QJZ-89 အနေဖြင့် Heavy Machine Gun(HMG) အမျိုးအစားဖြစ်သည်။ ၁၇.၅ ကီလိုဂရမ် ရှိကာ အလျား ၂၁၉၂ မီလီမီတာ၊ ပြောင်းအလျား ၁၀၀၃ မီတာ အရွယ်အစား ရှိသည်။ စက်သေနတ်ကြီးအား

အနိမ့်/အမြင့်လိုသလို ချိန်ညှိ နိုင်ရန် သုံးချောင်းထောက်(tripod)ကို တပ်ဆင်ပေးထား သည်။ အကွာအဝေး ၂၅၀၀ မီတာ အထိ ရောက်ရှိပစ်ခတ်နိုင် သော်လည်း ထိရောက်မှုအကွာအဝေးမှာ ၁၅၀၀ မီတာ သာ ဖြစ်သည်။

စတင်ထုတ်လုပ်စဉ်က တစ်မိနစ်လျှင် ကျည် ၄၅၀ တောင့် နှုန်းသာ ထွက်ရှိသော်လည်း နောက်ပိုင်းထုတ်စက် သေနတ်ကြီးတွင် တစ်မိနစ်လျှင် ကျည် ၆၀၀ တောင့် နှုန်း အထိ ကျည်ထွက်နှုန်း မြန်ဆန်လာခဲ့သည်။

မြေပြင်ပစ်ကူ ပေးအတွက် Iron sight ကိုအသုံးပြုသော်လည်း မြန်နှုန်း နည်းသည့် အနိမ့်ပျံ လေယာဉ်/ရဟတ်ယာဉ်များကို ပစ်ချ ရန်အတွက် မြင်ကွင်းကြည်လင်ပြတ်သားပြီး ချဲ့ဆအားများ ပြားသည့်အပြင်

ညအချိန်ပါပစ်ခတ်နိုင်သော Scope ပါ တပ်ဆင်ပစ်ခတ်လာခဲ့သည်။ အဆိုးဆုံးမှာ သံချပ်ကာ ဖောက် ကျည်(API)နှင့် လောင်ကျည်(tracer)တို့ကို အသုံးပြုပစ် ခတ်ပါက Mi-35

တိုက်ခိုက်ရေးရဟတ်ယာဉ်ကဲ့သို့ လေသူရဲ မောင်းနှင်သည့်နေရာအား သံချပ်ကာအကာအကွယ်ပေး ထားသည့်နေရာအား ဖောက်ထွင်းနိုင်စွမ်းရှိသည်။ QJZ-89 (Type-89)စက်သေနတ်ကြီးအား ခြိမ်းခြောက်မှုပေးနိုင်သော အဆင့်တွင် ထည့်သွင်းထားသည်။
Crd..မင်းဟိန်းခန့်