

ဝေဟင်က လေယာဉ် ကိုတောင် စုပ်ယူပစ်နိုင်တယ်ဆိုတဲ့ ရုရှားနိုင်ငံက ကမ္ဘာ့အကြီးဆုံး စိန်တွင်းကြီး ( အဲလောက်နဲ့တော့ တက်မလာနဲ့ ဖားကန့်က ကျောက်စိမ်းတွင်းတွေ ပြလိုက်ရင် ရူးခါသွားမလား..)
ရုရှားနိုင်ငံ၊ Mirny မြို့က Mirny Mine ကတော့ ကမ္ဘာပေါ်ရှိ ဒုတိယ အကြီးဆုံး လူလုပ်တွင်းများထဲမှ တစ်ခုဖြစ်ပြီး ဒီတွင်းကြီးဟာ အလွန်ကြီးမားပြီး ရဟတ်ယာဉ်တွေကိုပါ စုပ်ယူပစ်နိုင်တယ်လို့ ထင်မှတ်ရပါတယ်။ ကမ္ဘာပေါ်က အကြီးမားဆုံး စိန်တွင်းကြီးလည်းဖြစ်တဲ့ Miry Mine လူတွေဖန်တီးထားခဲ့ အလွန်ကြီးမား ကျယ်ပြန့်သော Kimberlite စိန်တွင်းတစ်ခုဖြစ်ပါတယ်။ ယခုအခါ ဆိုက်ဘေးရီးယား အရှေ့ပိုင်း၊ Yakut ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆိုဗီယက်ဆိုရှယ်လစ် သမ္မတနိုင်ငံဟောင်းမှာ
တည်ရှိပါတယ်။ စိန်ကြွယ်ဝတဲ့ ဒီဒေသကို ဆိုဗီယက် ဘူမိဗေဒပညာရှင်များက ၁၉၉၅ ခုနှစ်၊ဇွန်လက Yakut ASSR သို့ လေ့လာရေးခရီးစဉ်မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ မိုင်းတွင်းကြီးဟာ အနက် ၅၂၅ မီတာကျော်ရှိပြီး ကမ္ဘာပေါ်က မိုင်းတွင်းကြီးတွေမှာလည်း စတုတ္ထမြောက် အနက်ဆုံး ဖြစ်ပြီး အချင်း ၁,၂၀၀ မီတာ ရှိပါတယ်။ စိန်တူးဖော်ခြင်း လုပ်ငန်းကို ၂၀၀၁ ခုနှစ်မှာ
စတင် အလေးပေးလုပ်ကိုင်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ တူးဖော်ခြင်းလုပ်ငန်းကို ရပ်ဆိုင်းခဲ့ပါတယ်။ ရဟတ်ယာဉ်များကို ကောင်းကင်မှ စုပ်ယူနိုင်တယ်လို့ တချို့က ဆိုနေကြပေမဲ့လည်း ယနေ့အထိတော့ အဲဒီလို မတော်တဆမှုမျိုးကို အတည်ပြုထားနိုင်ခဲ့ခြင်း မရှိသေးပေ။ စွန့်ပစ်ထားတဲ့ အမိုးဖွင့်တွင်းကြီးကို အနာဂတ်မြို့သစ်အဖြစ် ပြန်လည်တည်ဆောက်ရန်အတွက် အစီအစဉ်သစ်များလည်း
ရှိနေပါတယ်။ ဒီတွင်းကထွက်တဲ့ Kimberlite စိန် ဖွဲ့စည်းမှုပုံစံဟာ အကြမ်းဖျင်းအားဖြင့် မုန်လာဥနီပုံသဏ္ဍာန် ရှိတတ်ပါတယ်။ ဒီမီးသင့်ကျောက် အမျိုးအစားများမှာ စိန်များနဲ့ အခြား xenolith များလည်း ပါဝင်နိုင်ပါတယ်။ Kimberlite နဲ့ သူ့ရဲ့ ဆက်စပ်တဲ့ စိန်များပါဝင်မှုဟာ ကမ္ဘာတစ်ဝှမ်းမှာ အလွန်ရှားပါးပါတယ်။ ဒါကြောင့် ဆိုဗီယက်အာဏာရပါတီဟာ ဒီနေရာကို
ရှာဖွေတွေ့ရှိခဲ့တဲ့ အဖွဲ့ကို အထူးနှစ်သက်ခဲ့ပြီး အလွန်မက်မောဖွယ်ကောင်းတဲ့ လီနင်ဆုကို ချီးမြှင့်ခဲ့ပါတယ်။ ဒါကြောင့် Kimberlite စိန်သိုက်ဟာ ဆိုဗီယက်ယူနီယံအတွက် ပိုမိုကောင်းမွန်တဲ့ အနေအထားမျိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးရဲ့ ပျက်စီးယိုယွင်းမှုများကြောင့် နက်နက်ရှိုင်းရှိုင်း နစ်မွန်းခဲ့လို့ စီးပွားရေး ယိုယွင်းခဲ့ချိန်မှာ ဒီသိုက်ကြောင့်
ရုရှားတို့ နာလံထူနိုင်ခဲ့ပါတယ်။ ရုရှားအတွက်တော့ အဆိုပါနေရာရှိ အရင်းအမြစ်တွေဟာ နိုင်ငံတော်ကို ပြန်လည်တည်ဆောက်ရန်အတွက် အဖိုးမဖြတ်နိုင်ပေ။ အခုလို စိန်ခေါ်မှုတွေကြားမှ မိုင်းတွင်းက လည်ပတ်နိုင်ခဲ့ပြီး မကြာမီမှာ ရုရှားတို့အတွက် အမှန်တကယ် အကျိုးအမြတ်ရရှိလာခဲ့ပါတယ်။ ဒါ့အပြင် Mirny Mine ဟာလည်း ရုရှားရဲ့ အကြီးဆုံးစိန်တွင်း ဖြစ်လာခဲ့ပါတယ်။ ဒီစိန်တွင်းဟာ ၁၉၆၀ ခုနှစ်များမှာ တစ်နှစ်ကို Kimberlite စိန် ၁၀,၀၀၀,၀၀၀ ကာရက် (၂,၀၀၀ ကီလိုဂရမ်) ကို
ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။ အံ့သြစရာကောင်းတာက အဲ့ဒီစိန် ၂၀% လောက်က ကျောက်မျက်ရတနာရဲ့ အရည်အသွေးတွေ ပိုင်ဆိုင်ခဲ့ပါတယ်။ မိုင်းရဲ့ အထက်အလွှာ ( ၃၄၀ မီတာခန့်အထိ) က စိန်ပါဝင်မှု အလွန်မြင့်မားပါတယ်။ အများစုက သတ္တုရိုင်းတစ်တန်ကို ၄ ကာရက် (၀.၈ ဂရမ်) ခန့် ထုတ်ယူကြပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ တစ်တန်လျှင် ၂ ကာရက် သို့မဟုတ် ၀.၄ ဂရမ်အထိ
ကျဆင်းသွားခဲ့ပြီး အဖွင့်သွန်းမိုင်းထဲ့ အောက်ခြေအနီးမှာ တစ်နှစ်ကို ထုတ်လုပ်မှုနှုန်း သိသိသာသာ လျော့ပါးသွားခဲ့ပါတော့တယ်။ အဲဒီတွင်းက ထွက်ရှိခဲ့တဲ့ စိန်အချို့ဟာ ၁၉၈၀ ခုနှစ် ဒီဇင်ဘာလက “ဆိုဗီယက်ယူနီယံ ကွန်မြူနစ်ပါတီရဲ့ ၂၆ ကြိမ်မြောက်ကွန်ဂရက်” မှာ အကြီးဆုံးသော စံချိန်ချိုးနိုင်တဲ့ စိန်များဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှာ တွေ့ရှိဖူးသမျှ
အကြီးဆုံးစိန်များထဲမှလည်း တစ်ခုဖြစ်ပါတယ်။ အဲဒီလိုနဲ့ တွင်းအောက်ခြေမှာ ရေမြုပ်ပြီးနောက် ၁၉၉၀ ပြည့်လွန်နှစ်များမှာ သတ္တုတူးဖော်ရေး လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းခဲ့ရပါတယ်။ သတ္တုတွင်းရဲ့ သက်တမ်းတစ်လျှောက် ထုတ်လုပ်မှုတန်ဖိုးဟာ ထုတ်ယူထားသော စိန်အားလုံးရဲ့ စုစုပေါင်း စျေးကွက်တန်ဖိုးမှာ ပေါင် ၁၃ ဘီလီယံ သို့မဟုတ် ထို့ထက်မက ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ Mirny Mine ဟာ ဆိုဗီယက်ယူနီယံမှာ စတင်လည်ပတ်ခဲ့တဲ့ ပထမဆုံးနှင့် အကြီးဆုံး၊
စိန်တွင်းလည်း ဖြစ်ပါတယ်။ ဆယ်စုနှစ်အနည်းငယ်အတွင်း စိန်များရဲ့ အရည်အသွေး ပြန်လည်ကောင်းမွန်လာဖို့ကိုလည်း မြေအောက် ဥမင်လိုဏ်ခေါင်း ဆောက်လုပ်ရေး အစီအစဉ်ကို ၁၉၇၀ ပြည့်လွန်နှစ်များမှာ စတင်ခဲ့ပါသေးတယ်။ ဒီစီမံကိန်းဟာ ၁၉၉၉ ခုနှစ်မှာ ပြီးစီးခဲ့ပြီး စိန်တူးဖော်မှုအပြီးမှာ မြေအောက်ပင်လယ်ပြင်မှာ အပြည့်အဝ လည်ပတ်နိုင်ခဲ့ပါတယ်။
ဒီလိုအောင်မြင်ဖို့အတွက် တွင်းရဲ့အောက်ခြေကို အပျက်အစီး ၄၅ မီတာ နဲ့ ဖုံးအုပ်ထားခဲ့ရပါတယ်။ ၁၉၉၁ ခုနှစ်မှာတော့ ဆိုဗီယက်ပြည်ထောင်စု ပြိုလဲပြီးနောက် သတ္တုတွင်းလုပ်ငန်းကို Sakha Diamond ကုမ္ပဏီသို့ လွှဲပြောင်းပေးခဲ့ရပါတယ်။ အဆိုပါ ကုမ္ပဏီကလည်း စိန်ရောင်းချမှု တစ်ခုတည်းမှ ကန်ဒေါ်လာ သန်း ၆၀၀ ကျော် အထိ နှစ်စဉ်အမြတ်အစွန်း
ရှာဖွေနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မိုင်းတွင်းလုပ်ငန်းများကို ရုရှားတွင် အကြီးမားဆုံး စိန်ကျွမ်းကျင်သူ Alrosa သို့ လွှဲပြောင်းပေးခဲ့ပါတယ်။ Alrosa က ၂၀၀၉ ခုနှစ်မှာ တွင်းကို ပြန်လည် လည်ပတ်စေခဲ့ပါတယ်။ ဒါ့အပြင် Mirny Mine မှာ အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ သီအိုရီတစ်ခု ရှိနေပါတယ်။ ဒါကတော့ ဒီစိန်တွင်းဟာ
ရဟတ်ယာဉ်များနဲ့ လူများအတွက် အလားအလာရှိတဲ့ သေမင်းထောင်ချောက်ဆိုတဲ့ သီအိုရီပါ။ ယခု စွန့်ပစ်ထားခံရပြီဖြစ်တဲ့ Mirny Mine တွင်းဟာ အလွန်နီးကပ်ပါက ရဟတ်ယာဉ်များကို ကောင်းကင်ယံမှ စုပ်ယူပစ်နိုင်တယ်ဆိုတဲ့ အဆိုပြုချက်မျိုးတွေ ပေါ်ထွက်လာခဲ့ပါတယ်။
crd-
Crd
Crd