






crd-

ယူနီကုတ်

ယေန့မှစပြီး အပတ်စဉ် ရန်ကုန်မှ တွံတေးခရီးစဉ် Yangon Water Bus မှ ပြေးဆွဲပေးမည်

စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင်တွံတေးခရီးစဉ်ကို Yangon Water Bus က ပြေးဆွဲရန်စီစဉ်ထားပြီး အပတ်စဉ်ခရီးမျိုး အဖြစ်ပြေးဆွဲသွားမည်ဟုသိရသည်။အဆိုပါခရီးစဉ်ကိုလွန်ခဲ့သောသီတင်းကျွတ်ကာလကစတင်ခဲ့သလို လာမည့် အောက်တိုဘာ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင်ပြေးဆွဲသွားရန်စီစဉ်ထားကြောင်းသိရသည်။“ခရီးစဉ်အတွက် အခုကာလမှာခရီးစဉ်အတွက်ပရိုမိုးရှင်းအဖြစ်ဈေးလျှော့ပေးထားပါတယ်၊

အရင်ကထက်လူကြီးတစ်ဦးကို ၇၀၀၀ ကျပ်နဲ့ ကလေးတစ်ဦးကို ၃၀၀၀ ကျပ်လျှော့ပေးထားပါတယ်”ဟု Yangon Water Bus မှ လက်မှတ်ရောင်းချသူတစ်ဦးကပြောသည်။ထိုခရီးစဉ်ကိုလမ်းသစ်ဆိပ်ကမ်းမှ နံနက် ၈ နာရီခွဲတွင်ထွက်ခွာမည်ဖြစ်ပြီး ညနေ ၃ နာရီတွင် ပြန်လည်ဆိုက်ရောက်မည် ဖြစ်ကြောင်း၊

တွံတေးသို့ရောက်သည့်အခါရွှေဆံတော်ဘုရားနှင့်ဗောင်းတော်ချုပ်စေတီတော်သို့သွားရောက်ဖူးမြော်ခြင်းနှင့် အိုးလုပ်ငန်းများနှင့်တွံတေးဈေးသို့ သွားရောက်လေ့လာခြင်းများလုပ်ဆောင်ရန် မော်တော်ယာဉ်ကို စီစဉ်ပေးထားကြောင်းသိရသည်။ယခင်ကလူကြီး တစ်ဦးလျှင် ၂၅၀၀၀ ကျပ်အစား ၇၀၀၀ လျှော့ကာ၁၈၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ကလေးတစ်ဦးလျှင် ၁၈၀၀၀ ကျပ်အစား ၃၀၀၀ လျှော့ကာ

၁၅၀၀၀ ကျပ်ဖြင့်လည်းကောင်း ပရိုမိုးရှင်းအဖြစ် ဈေးလျှော့သတ်မှတ်ထားပြီးခရီးစဉ်အတွင်း Lunch Box နှင့်အချိုရည်၊သောက်ရေသန့်များပေးမည်ဖြစ်သလိုတွံတေးတွင်သွားလာလည်ပတ်မှုများ အတွက်ကိုလည်း အဆင်သင့်စီစဉ်ပေးထားကြောင်း သိရသည်။

crd-

Crd



Post Views:
13

Crd

arkarta