
Post Views:
9

“ဒိုးကြပေတော့တဲ့”
crd
Pi Lon
Ref Politico
Unicode
မော်စကိုမှာရှိတဲ့ အမေရိကန်သံရုံးက ရုရှမှာရောက်နေကြတဲ့ US နိုင်ငံသားတွေကို အမြန်ဆုံးထွက်ခွာကြဖို့ တိုက်တွန်း
“ဒိုးကြပေတော့တဲ့”
မော်စကိုမှာရှိတဲ့ အမေရိကန်သံရုံးက ရုရှမှာရောက်နေကြတဲ့ US နိုင်ငံသားတွေကို အမြန်ဆုံးထွက်ခွာကြဖို့ တိုက်တွန်းနှိုးဆော်နေပါတယ်
” အမေရိကန်တွေရုရှကိုမသွားကြဖို့နဲ့ ရုရှထဲမှာရောက်ရှိနေပြီးသားသူတွေဟာလည်း လေယာဉ်ခရီးစဉ်တွေရှိနေတုန်း ရုရှကနေ အမြန်ထွက်ခွာကြဖို့ ” မော်စကိုသံရုံးက ဗုဒ္ဓဟူးနေ့မှာထုတ်ပြန်ကြေညာပါတယ်
ပူတင်ရဲ့ Partial Mobilization ထွက်ပေါ်လာပြီး နျူလက်နက်ခြိမ်းခြောက်မှုတွေဖြစ်ခဲ့ပြီးနောက်
တစ်ပတ်အကြာမှာ အခုလိုသတိပေးချက်ထွက်ပေါ်လာခဲ့တာပါ
ထောင်ပေါင်းများစွာနဲ့ချီတဲ့ရုရှတွေ နယ်စပ်ကိုထွက်ခွာပြီး အိမ်နီးချင်းနိုင်ငံတွေကိုထွက်ခွာနေကြဆဲအချိန်လည်းဖြစ်ပါတယ်
သံရုံးကြေညာချက်မှာ အမေရိကန်တွေဟာမိမိတို့အစီအစဉ်နဲ့ အမြန်ဆုံး စောနိုင်သမျှစောစောရုရှကနေထွက်ခွာကြဖို့ ပါရှိပါတယ်
အခုဆိုရင် လေကြောင်းခရီးစဉ်တွေဟာ ကန့်သတ်မှုတွေရှိနေပြီဖြစ်တယ် သို့သော် ကုန်းလမ်းကကားနဲ့ထွက်တဲ့လမ်းတွေကပွင့်နေဆဲဖြစ်ကြောင်းကိုလည်း ထည့်ပြောထားပါတယ်
သံရုံးက အမေရိကန်သံရုံးအနေနဲ့ အမေရိကန်နိုင်ငံသားတွေကိုရုရှထဲမှာ ကူညီပေးနိုင်ဖို့ ကန့်သတ်မှုတွေရှိနေတယ် ရုရှရဲ့သယ်ယူပို့ဆောင်ရေးစနစ်မှာ ကန့်သတ်ချက်တွေကပိုလို့ ဆိုးလာစရာရှိနေတယ် လို့လည်းပြောထားပါတယ်
ရုရှအနေနဲ့ အမေရိကန်နိုင်ငံသားဖြစ်မှုနဲ့ နှစ်နိုင်ငံသားခံယူထားမှုတွေကို အသိအမှတ်ပြုဖို့ရာ ငြင်းနိုင်စရာရှိနိုင်တယ် အဲ့သည့်လိုဖြစ်ခဲ့ရင် ရုရှကနေထွက်ခွာဖို့ တားမြစ်ခံရနိုင်တယ်
သူတို့ရဲ့ စစ်သားစုဆောင်းရေး mobilization မှာ ၂နိုင်ငံ နိုင်ငံသားခံယူထားတာကို ရုရှသားအဖြစ်နဲ့ဘဲ
စစ်ထဲလိုက်ခိုင်းနိုင်လာစရာရှိတယ်လို့ လည်းပြောထားပါတယ်
အဲ့သည့်အပြင် သံရုံးက ရုရှမှာအခြေခံလူ့အခွင့်အရေးဖြစ်တဲ့ လူစုဝေးခွင့်လွတ်လပ်စွာပြောဆိုရေးသားခွင့်တွေဟာ အာမခံချက်မရှိတော့ဘူးလို့ထည့်ဖော်ပြထားပါတယ်
” နိုင်ငံရေး လူမှုရေးကိစ္စတွေနဲ့ ဆန္ဒပြတာတွေ ကိုရှောင်ရှားပါ
အဲ့သည့်လိုတွေကြုံခဲ့ရင်လည်း လုံခြုံရေးသမားတွေကို ဓါတ်ပုံမရိုက်ပါနဲ့ ဆန္ဒပြတဲ့အထဲပါတဲ့ အမေရိကန်တွေကို ရုရှကဖမ်းထားတာတွေရှိတယ် ” လို့ကြေညာထားပါတယ်
crd
Pi Lon
Ref Politico
Crd
Crd