မောင်းသူမဲ့ ဝေဟင်စိုးမိုးရေးပြိုင်ဆိုင်မှု့ မှ ဒရုန်းစစ်ပွဲများဆီသို့…..

မောင်းသူမဲ့ ဝေဟင်စိုးမိုးရေးပြိုင်ဆိုင်မှု့ မှ ဒရုန်းစစ်ပွဲများဆီသို့…..

အမေရိကန် တရုတ် အိန္ဒိယ ရုရှားနှင့် သြစတြေးလျနိုင်ငံတို့သည် ၎င်းတို့၏ သစ္စာရှိတောင်ပံလူ (loyal wingman) မောင်းသူမဲ့ဒရုန်းဒီဇိုင်းများကို လျင်မြန်စွာထုတ်လုပ်စမ်းသပ်နေကြပါသည်။စစ်ဘက်အင်အားကြီးနိုင်ငံများသည် ဝေဟင်စစ်ဆင်ရေးကို တော်လှန်ပြောင်းလဲ ရန် ကတိပြုထားသည့်

သစ္စာရှိတောင်ပံလူ(loyal wingman) မောင်းသူမဲ့လေယာဉ်များကို ဖြန့်ကျက်အသုံးပြုလာကြပြီး စစ်ဆင်ရေးများ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှု များကို တပြိုင်နက်တည်း လုပ်ဆောင်လာလျက်ရှိပါသည်။Boeing Airpower Teaming System (ATS) သည် Loyal Wingman ပရောဂျက် ဟုလည်း လူသိများသော

Boeing Australia မှတော်ဝင်ဩစတြေးလျလေတပ်(Royal Australian Air Force) အတွက် တီထွင်ဖန်တီးထားသော ကိုယ်ပျောက် ဘက်စုံသုံး မောင်းသူမဲ့လေယာဉ်ဖြစ်ပါသည်။လူလိုက်ပါမောင်းနှင်သော တိုက်လေယာဉ်များနှင့်အတူ အင်အားဖြည့် လိုက်ပါတာဝန်ထမ်းဆောင်နိုင်စေရန် ဒီဇိုင်းထုတ်လုပ်ထားခြင်းဖြစ်ပါသည်။

အဓိက ရည်မှန်းချက်တာဝန်မှာ ကင်းထောက်ခြင်းပင်ဖြစ်သည်။’သစ္စာရှိတောင်ပံ သမား’ အယူအဆ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အရိုးရှင်းဆုံးပြောရလျှင် ၎င်းမှာ တိုက် လေယာဉ်များနှင့်အတူ လိုက်ပါရန် လုံလောက်သော ပျံသန်းမှုစွမ်းရည်ရှိ စျေးသက်သာ သည့် မောင်းသူမဲ့လေယာဉ်ဖြစ်ပြီး တိုက်လေယာဉ်များကို Semi-Auto အလိုအလျောက် ပံ့ပိုးကူညီပေးရန် ဖြစ်ပါသည်။

သစ္စာရှိတောင်ပံလူ မောင်းသူမဲ့လေယာဉ်များသည် လူလိုက်ပါသော လေယာဉ်များ နှင့်အတူ ပျံသန်းနိုင်ရန် ဒီဇိုင်းထုတ်ထားပြီး၊ အင်အားဖြည့်စွမ်းအားတစ်ရပ်အဖြစ် တာဝန်ထမ်းဆောင်ကာ တိုက်လေယာဉ်များ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးပါသည်။သြစတြေးလျ တရုတ် အိန္ဒိယ ရုရှားနှင့် အမေရိကန်တို့သည်

၎င်းတို့၏ လက်ရှိ လူလိုက်ပါမောင်းနှင်နိုင်သည့် တိုက်လေယာဉ်များကို အင်အားဖြည့်တင်းလုပ်ဆောင်ရန် ၎င်းတို့၏ သက်ဆိုင်ရာဒီဇိုင်းပုံစံများအသီးသီး ရေးဆွဲထုတ်လုပ်ထားကြပြီးဖြစ်ပါသည်။ပြီးခဲ့သည့်နှစ်တွင် သြစတြေးလျနိုင်ငံသည် Loyal Wingman drone ကိုစမ်းသပ် နိုင်ခဲ့ပြီး အဆိုပါဒရုန်းနှင့်

F-35A Lightning II၊ F/A-18F Super Hornet နှင့် E-7A Wedge tail ကဲ့သို့သော တော်ဝင်သြစတြေးလျလေတပ်၏ (RAAF)အကြား အရှိတိုက်လေယာဉ်များဖွဲ့လိုက်-အလိုအလျောက် ပျံသန်းလုပ်ဆောင်နိုင်သည့် နည်းပညာများ (crewed–autonomous teaming technologies) ကို မိတ်ဆက်ပြသနိုင်ခဲ့ပါသည်။

၎င်းသည် အဝေး ထိန်းစနစ်ဖြင့် မောင်းနှင်နိုင်သည့် ဒရုန်းမဟုတ်သော်လည်း လေယာဉ်မှူးများနှင့် မြေပြင် အမှုထမ်းများ၏ မလိုလားအပ်သော ဝန်ထုပ်ဝန်ပိုးများကို သက်သာစေရန် အလို အလျောက်လုပ်ဆောင်နိုင်စွမ်း မြင့်မားကောင်းမွန်သော အဆင့်တစ်ခုရှိပါသည်။ပင်မဆင်းသက်သည့်ဂီယာရှေ့တွင် ၁.၈ မီတာရှည်သော အရွယ်အစား လေယာဉ်

ကိုယ်ထည်၏ အောက်ဘက်ထောင့်များတွင် weapon bays နှစ်ခုအတွက် နေရာလွတ်ရှိ ပါသည်။ကနဦးတာဝန်ထမ်းဆောင်မှုများတွင် လက်နက်များ တပ်ဆင်အသုံးပြုဖွယ်မရှိ သေးချေ။Boeing သည် ATS တွင် “တိုက်လေယာဉ်နှင့်တူသော ပျံသန်းမှုစွမ်းဆောင်ရည်” ရှိ ကြောင်း ကြေငြာထားပြီး အမြန်နှုန်း 600kt (1,111km/h) နှင့်

အကွာအဝေး 2,000nm (3,700km) ကျော်ပျံသန်းနိုင်ကြောင်း သိရှိရပါသည်။အလွယ်တကူ တပ်ဆင်ဖြုတ်လဲနိုင် သော လေယာဉ်ထိပ်ဦးပိုင်း ကတော့ချွန်ပုံစံ(modular nose cone) ပါရှိပါသည်။ဩစတြေးလျလေတပ်သည် သစ္စာရှိသောတောင်ပံကစားသမား ဒရုန်း စုစုပေါင်း ၆ စင်းထိမှာ ယူထားပါသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်ကုန်တွင် ၃ စင်းရရှိနိုင်ရန် မျှော်မှန်း လုပ်ဆောင်လျက်ရှိပါသည်။နိုင်ငံ၏ ကာကွယ်ရေးစက်မှုကဏ္ဍကို မြှင့်တင်လုပ်ဆောင်နေသည့် ဩစတြေးလျနိုင်ငံသည် ကွင်းစလန်းရှိ Toowoomba အနီး Wellcamp လေဆိပ်တွင် နောက်ဆုံးတစ်စီးကို တပ်ဆင်ထုတ်လုပ်နေပြီဖြစ်ပါသည်။

အများဆုံးပျံတက်နိုင်သည့် အလေးချိန်မှာ ၃၇၀၀၀ ပေါင်ရှိပြီး F-35 Lightning II တိုက်လေယာဉ်ထက် တစ်ဝက်ခန့်ရှိပါသည်။F-35 အတွက် ဒေါ်လာ သန်း ၁၀၀ နှင့် နှိုင်း ယှဉ်ပါက မောင်းသူမဲ့လေယာဉ်တစ်စင်းလျှင် ဒေါ်လာ ၉ သန်းမှ ၁၆ သန်း (ရွေးချယ်မှုများ ပေါ်မူတည်၍)သာကုန်ကျမည်ဟု ထုတ်လုပ်သူများက ပြောကြားခဲ့ပါသည်။

ထိုနှစ်တွင်ပင် တရုတ်နိုင်ငံသည် ၎င်း၏ FH-97 သစ္စာရှိသောတောင်ပံလူ မောင်းသူ မဲ့လေယာဉ်အယူအဆကို ထုတ်ဖော်ပြသခဲ့ပြီး လက်နက်အမျိုးအစား အမျိုးမျိုးကို သယ် ဆောင်ကာ ဒရုန်းအုပ်နှင့် အီလက်ထရွန်နစ်စစ်ဆင်ရေး စွမ်းဆောင်ရည်များပါရှိသည်။ ဩစတြေးလျနိုင်ငံထုတ် Loyal Wingman ဒရုန်းကဲ့သို့ပင်

၎င်းသည် ထောက်လှမ်းခြင်း၊ ပစ်မှတ်များညွှန်ပြခြင်း၊ အမြောက်ပစ်မှတ်များတည်နေရာဖော်ထုတ်ခြင်း၊ တိုက်ပွဲအတွင်း ပျက်စီးဆုံးရှုံးမှု အကဲဖြတ်ဆန်းစစ်ခြင်းနှင့် အရေးကြီးသောနေရာများနှင့် အခြေခံ အဆောက်အဦများကို တိုက်ခိုက်နိုင်သည့် အလယ်အလတ် မြန်နှုန်းမြင့် ဒရုန်းအမျိုးအစား ဖြစ်ပါသည်။

ထို့အပြင် FH-97 သည် သေးငယ်သော FH-901 မောင်းသူမဲ့လေယာဉ်ကို သယ်ဆောင်ပြီး ပစ်မှတ်များကို လှုပ်ရှားစစ်ကစားတိုက်ခိုက်ရန် သို့မဟုတ် pinpoint ပစ်မှတ်များကို တိကျစွာ တိုက်ခိုက်နိုင်ရန် ဒီဇိုင်းထုတ်လုပ်ထားပါသည်။အိန္ဒိယနိုင်ငံသည် ၎င်း၏ Tejas Mk1 Light Combat Aircraft (LCA) နှင့်အတူ လုပ်ဆောင်ရန် ရည်ရွယ်ထားသည့်

Combat Air Teaming System (CATS) မောင်းသူမဲ့ တောင်ပံလူအယူအဆကို ထုတ်ဖော်ပြသခဲ့ပါသည်။ ရန်သူ့လေကြောင်းရန်ကို လျှို့ဝှက်ထိုး ဖောက်ဝင်ရောက်နိုင်ပြီး ရန်သူနယ်မြေအတွင်း ကီလိုမီတာ ရ၀၀ အကွာအဝေးထိ ပစ်ခတ် တိုက်ခိုက် နိုင်စွမ်းရှိပါသည် ။
အာရုံခံကိရိယာများ၏ CATS သည် LCA တိုက်လေယာဉ်ပါ

အကွာအဝေးကို အဆင့်မြှင့်တင်ရန်မျှော်မှန်းထားပြီး ထောက်လှမ်းရေး၊ စောင့်ကြည့်ရေးနှင့် ကင်းထောက်မှု (ISR) နှင့် တိုက်ခိုက်ရေး စစ်ဆင်ရေးများ လုပ်ဆောင်ခြင်းဖြင့် ပြောင်းလွယ်ပြင်လွယ်ရှိစွာ အသုံးပြုနိုင်စေရန် မျှော်မှန်းထားပါသည်။၎င်းသည် ပြင်ပတွင် မျိုးဆက်သစ် တာတိုပစ် သို့မဟုတ် မြင်ကွင်းလွန် ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်နှစ်စင်း နှင့်

Smart Anti-Airfield Weapon (SAAW) လေယာဉ်ပြေးလမ်းဖျက်လက်နက်တို့ကို လေယာဉ်ကိုယ်ထည် အတွင်း ပိုင်း၌ သယ်ဆောင်စစ်ဆင်နိုင်စွမ်းရှိပါသည်။တစ်ချိန်တည်းတွင်ပင် ရုရှားနိုင်ငံသည် Su-57 ကိုယ်ပျောက်တိုက်လေယာဉ်နှင့် လိုက်ဖက်ညီမှုကို အကဲဖြတ်ရန် ရည်ရွယ်ထားသည့် ၎င်း၏ Okhotnik-B

အကြီးစား တိုက်ခိုက်ရေးဒရုန်းကို Ashuluk လေ့ကျင့်ရေးကွင်းတွင် ဝေဟင်မှ ဝေဟင်တိုက်ခိုက်ရေး သရုပ်ပြမှုတွင် ယမန်နှစ်က စမ်းသပ်ပြခဲ့ပါသည်။စမ်းသပ်မှုများတွင် Okhotnik တိုက်ခိုက်ရေးဒရုန်းသည် အသွင်တူပြုလုပ်ထားသော ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်များဖြင့် Su-57 တိုက်လေယာဉ်များဦးဆောင်သည့် တိုက် လေယာဉ်များကို ဒရုန်းများ၊

ဒုံးကျည်လမ်းညွှန်စနစ်များနှင့် ချိတ်ဆက်မှုအား အကဲဖြတ် နိုင်စေရန် စမ်းသပ်ပျံသန်းနိုင်ခဲ့ပါသည်။ Okhotnik သည် အပြည့်အဝ “စက်ရုပ်” ဖြစ်သည်ဟုဆိုထားသည်၊ ဆိုလိုသည်မှာ ၎င်းသည် အော်ပရေတာလုပ်ဆောင်ရသည့် အမှန်တကယ် လက်နက်များ တပ်ဖြန့်ခြင်းမှလွဲ၍ သီးခြားလွတ်လပ်သော တိုက်ခိုက်ရေး ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သည့်အတွက်ကြောင့်ဖြစ်ပါသည်။

အမေရိကန်လေတပ်သည် မောင်းသူမဲ့တောင်ပံလူ ဒရုန်းများကို ဖြန့်ကျက်လေ့ကျင့် မှုများပြုလုပ်နိုင်ရေး ထိပ်တန်းဦးစားပေးလုပ်ဆောင်လျက်ရှိသည်။ မကြာသေးမီနှစ်များ အတွင်း US Air Force Research Laboratory (AFRL) သည် Kratos Defense XQ-58A Valkyrie သစ္စာခံတောင်ပံလူ တီထွင်ထုတ်လုပ်မှုအတွက် ဘဏ္ဍာရေးပိုင်းဆိုင်ရာ ချပေး ထားခဲ့ပြီးဖြစ်သည်။

Kratos XQ-58 Valkyrie သည် အမေရိကန်ပြည်ထောင်စု USAF Research Laboratory ၏ Low-Cost Attritable Aircraft Technology (LCAAT) ပရောဂျက်များ အောက်တွင် လေတပ်အတွက် ကုန်ကျစရိတ်သက်သာသော Attritable Strike Demonstrator ပရိုဂရမ်အတွက် Kratos မှ

ဒီဇိုင်း ထုတ်ပြီး တည်ဆောက် ထားသော စမ်းသပ်ဆဲ ကိုယ်ပျောက်မောင်းသူမဲ့ တိုက်ခိုက်ရေးလေယာဉ်ဖြစ်ပါသည်။LCAAT စီမံကိန်းအုပ်စုသည် နည်းဗျူဟာအရ သက်ဆိုင်ရာ လေယာဉ်များ၏ ကုန်ကျစရိတ် တိုးမြင့်လာနေသော လမ်းကြောင်းကို ချိုးဖျက်ပြီး မောင်းသူမဲ့ အစောင့်အကြပ် သို့မဟုတ် တောင်ပံလူလေယာဉ်များကို စစ်ဆင်ရေးတွင် တာဝန်ထမ်းဆောင်မည့်

တိုက်လေယာဉ် တစ်စင်းနှင့်အတူ လိုက်ပါတိုက်ခိုက်ရန်အတွက် စီမံကိန်းအုပ်စုများဖြစ်သည်။XQ-58A သည် တာဝေးပစ်အကွာအဝေး၊ မြန်နှုန်းမြင့်မောင်းနှင်နိုင်မှုတို့နှင့်အတူ ၎င်း၏ အတွင်း ပိုင်းတပ် ဗုံးနှင့် တောင်ပံနေရာများမှ သေစေလောက်သည့်လက်နက်များ ရောနှော အသုံးပြုနိုင်စွမ်းတို့နှင့် ပေါင်းစပ်လုပ်ဆောင်နိုင်သည့် မောင်းသူမဲ့တိုက်ခိုက်ရေး လေယာဉ် ဖြစ်ပါသည်။

၎င်းသည် အမေရိကန်နိုင်ငံ လေကြောင်းစွမ်းအားစာရင်းထဲရှိ နည်းဗျူဟာမြောက် လေယာဉ်အမျိုးအစားအချို့ကို အစားထိုးရန်နှင့် F-22 နှင့် F-35 တိုက်လေယာဉ်များ B-21 ဗုံးကြဲလေယာဉ်များ သို့မဟုတ် Next-Generation Air Dominance (NGAD) တိုက်လေယာဉ်တို့နှင့်အတူ မောင်းသူမဲ့ အစောင့်အကြပ်

သို့မဟုတ် တောင်ပံလူအဖြစ် ထမ်းဆောင်ရန် ရည်ရွယ်ထားသည့် တန်ဖိုးကြီးသော လျှို့ဝှက်ဒီဇိုင်းတစ်ခုလည်း ဖြစ်ပါသည်။သစ္စာရှိ တောင်ပံကစားသမား ဒရုန်းများ ပေါ်ပေါက်လာခြင်းသည် ကြီးမားသော ပါဝါပဋိပက္ခတွင်အသုံးပြုရန် အစုလိုက်အပြုံလိုက် ထုတ်လုပ်ပြီး ကုန်ကျစရိတ်သက်သာ သောလေယာဉ်များ လိုအပ်မှုကို များစွာထင်ဟပ်စေလျက်ရှိပါသည်။

ဤလေယာဉ်များ သည် အစုလိုက်အပြုံလိုက် လှည့်စားမှုများ၊ လူလိုက်ပါသည့် လေယာဉ်များကို ထပ်ဆောင်းအင်အားများအဖြစ် လုပ်ဆောင်သည့် ၎င်းတို့၏ အော်ပရေတာများအတွက် အားသာချက်များစွာ ပေးစွမ်းနိုင်ပါလိမ့်မည်။အဆင့်မြင့် မြေပြင်မှ ဝေဟင်ကာကွယ်ရေး သို့မဟုတ် ဝေဟင်မှ ခြိမ်းခြောက်မှုများ ရှိနေခြင်းကြောင့် နောက်ပိုင်းတွင်

အန္တရာယ်များလွန်းသည်ဟု ယူဆရသည့် ဧရိယာများ တွင် တာဝန်ထမ်းဆောင်ရမည့် လူလိုက်ပါသည့် လေယာဉ်များ၏ အာရုံခံကိရိယာ ဆန့် ထုတ်နိုင်မှု အတိုင်းအတာများကို တိုးချဲ့ရန်အတွက်လည်း အဆိုပါဒရုန်းများကို အသုံးပြု လာနိုင်ဖွယ်ရှိပါသည်။သစ္စာရှိတောင်ပံလူ မောင်းသူမဲ့လေယာဉ်များသည် ကြီးမားသော ကာကွယ်ရေး ဧရိယာများတွင် ဒေတာစုဆောင်းနိုင်ပြီး

ရန်သူ၏ လေကြောင်းရန်ကာကွယ်ရေး အကွာ အဝေးထက်ကျော်လွန်၍ ၎င်းတို့၏အော်ပရေတာများထံ အဆိုပါအချက်အလက်များကို ပြန်လည်ပေးပို့နိုင်ပါသည်။ ၎င်းတို့သည် လေယာဉ်ကိုယ်ထည်ပေါ်ပါရှိလာမည့် ပစ်မှတ်ရှာ ဖွေထောက်လှမ်းရေးစနစ်များမှ ပစ်မှတ်များကိုစိစစ်ခွဲခြားသတ်မှတ်ပေးခြင်းဖြင့် လက် နက်အကွာအဝေးကို တိုးမြှင့်လုပ်ဆောင်နိုင်သော်လည်း

ပစ်လွှတ်ခြင်းတွင် လူလိုက် ပါသော တိုက်လေယာဉ်မှာမူ အီလက်ထရွန်နစ်နည်းစနစ်အားဖြင့် အသံတိတ်နေရပြီး ရန်သူလက်နက်အကွာအဝေးမှ ရုန်းမထွက်နိုင်ပါ။သို့သော် သစ္စာစောင့်သိသောတောင်ပံလူ မောင်းသူမဲ့ဒရုန်းများအနေဖြင့် ၎င်းတို့ အားအသုံးပြုမှုသည် သိသာထင်ရှားသော ကိုယ်ကျင့်တရားဆိုင်ရာပြဿနာများကို ပေါ်ပေါက်စေနိုင်ပါသည်။

သစ္စာရှိသောတောင်ပံလူ မောင်းသူမဲ့လေယာဉ်များတွင် လေယာဉ်မှူးများ၏ သိမြင်နိုင်စွမ်းမရှိပါ၊ ဒရုန်းအော်ပရေတာများသည် မောင်းသူမဲ့ လေယာဉ်များ၏ ရှုထောင့်မှ ချက်ချင်းသိနိုင်သော အခြေအနေဆိုင်ရာ သိမြင်မှုကင်းမဲ့ကာ ဒရုန်းများသည် လူလိုက်ပါသောတိုက်လေယာဉ်များကိုပင် အန္တရာယ်ဖြစ်စေနိုင်ပါသည်။

AI သည် လူသားတို့၏ ဉာဏ်ပညာ၊ ဇွဲလုံ့လနှင့် ရှင်သန်မှုစွမ်းရည်တို့ကို ပုံတူပွား၍ မရနိုင်ပါ။ထို့ကြောင့် နည်းပညာဆိုင်ရာ တိုးတက်မှုများသည် လူ့စိတ်၏ ရှုပ်ထွေးနေသော ပရမ်းပတာအတွင်း အတွေးလုပ်ငန်းစဉ်များကို ထပ်ပွားစေနိုင်ခြင်းမရှိပါက AI သည် ပြတ်ပြတ်သားသား အစားထိုးခြင်းထက် လူသား၏ဆုံးဖြတ်ချက်ချခြင်းကို မြှင့်တင်ရန် စွမ်းအားမြှင့် ကိရိယာတစ်ခုအဖြစ် ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။

အငြင်းပွားစရာမှာ သစ္စာရှိတောင်ပံလူ မောင်းသူမဲ့လေယာဉ်များသည် တိုက်ခိုက် ရေးမစ်ရှင်များကို အလိုအလျောက်လုပ်ဆောင်ခြင်းမှ ဆော့ဖ်ဝဲလ်အဆင့်မြှင့်တင်မှု တစ်ခုမျှသာဖြစ်ပြီး အကောင်းဆုံးလေယာဉ်မှူးများထက်ပင် ကောင်းမွန်နိုင်ပါသေးသည်။ မောင်းသူမဲ့ယာဉ်များသည် လူသားတို့၏ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များနှင့် မကိုက်

ညီသောကြောင့် ပိုမိုမြန်ဆန်စွာ ပျံသန်းနိုင်ကာ ပိုမိုကောင်းမွန်အောင် ထိန်းကျောင်းနိုင်ပြီး အစဉ်အမြဲ တိုးတက်နေသော အာရုံခံကိရိယာများ၊ ကွန်ပျူတာများနှင့် AI မောင်းနှင်သည့် အက်ပ်လီကေးရှင်းများကို ထည့်သွင်းစဉ်းစားကာ ပိုမိုတိကျစွာ ရိုက်ကူးနိုင်ပါသည်။သေချာသည်မှာ လူသားတို့၏ခြိမ်းခြောက်မှုများကို အလိုအလျောက် ပစ်မှတ် ထားပြီး ဆွဲဆောင်မှုရှိသော AI လက်နက်တစ်ခု၏စိတ်ကူးသည် ကျင့်ဝတ်ဆိုင်ရာ မေးခွန်း များ ထွက်ပေါ်လာလျက်ရှိပါသည်။

တစ်ချိန်တည်းမှာပင် သစ္စာရှိတောင်ပံလူ မောင်းသူမဲ့လေယာဉ်များ အသုံးပြုခြင်း သည် အခြားမောင်းသူမဲ့လေယာဉ်များ ပြန့်ပွားလာမှုနှင့်အတူ ၎င်းအား လျှော့ချမည့် အစား သေစေတတ်သောစွမ်းအားကို အသုံးပြုခြင်းအတွက် ပိုမိုအဆင့်မြင့်လာနေပြီဖြစ်ပါ သည်။၎င်းတို့သည် ၎င်းတို့၏အော်ပရေတာများအား အန္တရာယ်မရှိဘဲ အင်အား အသုံးပြုမှု ကို ခွင့်ပြုပေးပြီး၊

သံတမန်နည်းလမ်းအရ ရွေးချယ်မှုများကို ဦးစွာအချိန်မကုန်ဆုံးစေဘဲ အကျပ်အတည်းတစ်ခုအား လျင်မြန်စွာနှင့် ပြတ်ပြတ်သားသားအဆုံးသတ်ရန် သေကြေ ပျက်ဆီးစေလောက်သည့်စွမ်းအားကို အသုံးပြုရန် မက်လုံးများ တိုးပေးလာနေကြပြီဖြစ် သည်။ဆိုလိုသည်မှာ စစ်ပွဲ၏ “dronification”(ဒရုန်းပြန့်ပွားရေး) ၏ ကြီးမားသောဖြစ်စဉ် တစ်ခုအဖြစ်

သစ္စာရှိတောင်ပံလူမောင်းသူမဲ့လေယာဉ်များ တိုးပွားလာခြင်းသည် သိသာ ထင်ရှားသော နည်းဗျူဟာ၊ စစ်ဆင်ရေးနှင့် မဟာဗျူဟာဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများ ကိုပြဆိုထားပြီး ၎င်းတို့အားလုံးသည် အနာဂတ်စစ်ပွဲများကို နောက်ဆုံးတွင် တိုက်ခိုက် သည့်ပုံစံကို ပြောင်းလဲသွားစေနိုင်သည်အထိ တိုးတက်ကြီးထွားလာနေပြီဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတော့သည်။

Crd..Thet Htoo Khant Paing

Unicode







































Crd..Thet Htoo Khant Paing

Crd

Crd

arkarta