နေ့စဉ်နေ့တိုင်း ဘယ်အိမ်ကမှန်းမသိရသည့်ပိုက်ဆံတွေကို အမြဲတမ်းခိုးယူလာတတ်လို့ ရဲစခန်းမှာ သခင်ဖြစ်သူ၏ သွားတိုင်ခြင်းကိုခံလိုက်ရသည့်ကြောင်ကလေး

လူတစ်ယောက်စီတိုင်းတွင် မွေးကတည်းကပင်အထုံပါလာသော စွဲမြဲနေသည့်အလေ့အကျင့်တစ်ခုစီတော့ရှိတတ်ကြပါတယ်။သို့သော်တိရိစ္ဆာန်လေးအချို့မှာလည်း အလေ့အကျင့်တစ်ခုခုစီပါလာတတ်သည်ဟုကြားသိလိုက်ရလျှင် လူတိုင်းအံ့သြသွားမှာသေချာပါတယ်။

ယခုတွင်အမေရိကန်နိုင်ငံမှကြောင်ကလေးတစ်ကောင်ဟာ မကောင်းသည့်အမူအကျင့်တစ်ခုကြောင့် ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ကြောင်ကလေးဟာ သူများ၏အိမ်မှပိုက်ဆံတွေကိုညတိုင်းသွားခိုးယူတတ်တာဟုသိရပါတယ်။အချိန်ကြာလာသော်လည်း ကြောင်လေး၏အကျင့်ဟာ မပျောက်သဖြင့်သခင်ဖြစ်သူကသည်းမခံနိုင်တော့ဘဲ ရဲစခန်းကိုတိုင်ကြားလိုက်တာဖြစ်ပါတယ်။

ထို့နောက်မှာတော့ကြောင်ကလေးဟာ ရဲစခန်းကနေပြီးလာရောက်ဖမ်းဆီးခြင်းကိုခံခဲ့ရတယ်လို့ သိရပါတယ်။

Shoon (Cele Daily)

Unicode





Shoon (Cele Daily)

Crd