ေဒၚလာကို ရေလ လိုေလျဖစ္လာတဲ့ စကစရဲ႕ ထူးဆန္းတဲ့ ေနာက္ဆုံးေပၚ ႏိုင္ငံျခားပို႔ကုန္မ်ား ( ေဒၚလာ လိုခ်င္လို႔ ပညာရွိနည္းနဲ႕ လူကုန္ ကူးေနတဲ့ စကစ )

Post Views:
464

ေဒၚလာကို ရေလ လိုေလျဖစ္လာတဲ့ စကစရဲ႕ ထူးဆန္းတဲ့ ေနာက္ဆုံးေပၚ ႏိုင္ငံျခားပို႔ကုန္မ်ား ( ေဒၚလာ လိုခ်င္လို႔ ပညာရွိနည္းနဲ႕ လူကုန္ ကူးေနတဲ့ စကစ )
ျပည္ပပို႔ကုန္ (Export) ကို အားမေပးပဲ နိင္ငံျခားေငြ လိုခ်င္တယ္ လုပ္မရပါဘူး။ လက္ရွိအေျခအေနကို သုံးသပ္ရရင္ တာဝန္ရွိသူေတြက ပစၥည္းပို႔ကုန္ (export) ထက္ လူပို႔ကုန္ (export) ကို ပိုအားေပးတဲ့သေဘာရွိတယ္။ ဒါေၾကာင့္ ပစၥည္းပို႔ကုန္ (export) က ရလာတဲ့ ေဒၚလာရဲ႕ ၆၅ ရာခိုင္ႏႈန္းကို ၂၁၀၀ က်ပ္နဲ႔ လဲလွယ္ေစၿပီး ၃၅ ရာခိုင္ႏႈန္းကိုသာ ျပင္ပေပါက္ေစ်းနဲ႔ လဲလွယ္ခြင့္ျပဳတာပါ။ လူပို႔ကုန္ (export) က ရလာတဲ့ ေဒၚလာကိုေတာ့ ၁၀၀ ရာခိုင္ႏႈန္း အေကာင့္လႊဲေျပာင္းခြင့္အျပင္
ဘဏ္ကလဲယူတာေတာင္ ၁ ေဒၚလာ ၃,၀၀၀ က်ပ္နဲ႔ လဲလွယ္ခြင့္ျပဳေနတာ ၾကည့္ျခင္းအားျဖင့္ ျမန္မာျပည္မွာ ကုန္ပစၥည္း ပို႔ကုန္ (export) ထက္ လူပို႔ကုန္ (export) ကို အားေပးေၾကာင္း သတိျပဳရမွာပါ။ ဒါေၾကာင့္ လူပို႔ကုန္ (export) အတြက္ လိုအပ္တဲ့ ပတ္စ္ပို႔ ႐ုံးေတြမွာ လူျပည့္ေနတာ သတိထားမိၾကမွာပါ။ ေလဆိပ္ေတြမွာ လူငယ္အမ်ားက နိင္ငံျခားေငြ အတြက္ နိင္ငံျခားကို အၿပိဳင္အဆိုင္ထြက္ေနတာ ေတြ႕ရမွာပါ။ ၂၀၁၆-၂၀၁၇ ဝန္းက်င္မွာ အလုပ္သမားမ်ားက နိင္ငံျခားမွ တရားဝင္ဘဏ္မွ
လႊဲေျပာင္းတဲ့ ေဒၚလာက တစ္လကို ေဒၚလာ သန္း ၆၀၀-၇၀၀ ရွိပါတယ္။ တရားမဝင္ ဟြန္းဒီနဲ႔ လႊဲတာပါ ထည့္တြက္ရင္ လစဥ္ တစ္ဘီလိယံေက်ာ္ ေဒၚလာ က ျပည္ပကေန ျပည္တြင္းကို ဝင္ေရာက္ေနပါတယ္။ ကုန္ပစၥည္း ပို႔ကုန္ (export) က တစ္ႀကိမ္ ပို႔ၿပီး ပို႔ကုန္တန္ဖိုးရၿပီးရင္ ေဒၚလာအဝင္က ၿပီးသြားေပ့မယ့္ လူပို႔ကုန္ (export) ကေတာ့ အဲဒီလူက နိင္ငံျခားမွာ အသက္ရွင္ အလုပ္လုပ္ေနသေ႐ြ႕ ေဒၚလာ အဝင္က ဆက္လက္ရရွိနိင္တဲ့အတြက္ ကုန္ပစၥည္းပို႔ကုန္ export ထက္
လူပို႔ကုန္ export ကို အခြင့္အေရးေတြ ေပးၿပီး နိင္ငံျခားေငြ စဥ္ဆက္မျပက္ ရွာေဖြေပးမဲ့ လူ export ကို အားေပးတာကို နားလည္ လာသလို ရွိပါတယ္။ ကုန္ပစၥည္း export ထုတ္ကုန္ ကို မ်ားမ်ားလုပ္ရင္ ျပည္တြင္း စားသုံးမႈမွာ မလုံမေလာက္ျဖစ္ၿပီး ေစ်းတက္နိင္ပါတယ္။ လူ export ထုတ္ကုန္ ကို မ်ားမ်ားလုပ္ရင္ ျပည္တြင္းစားသုံးမူကိုလည္း ေလ်ာ့ခ်ရာ ေရာက္လို႔
ကုန္ေစ်းႏႈန္း က်ဆင္းမူကို တဖက္တလမ္းက စြမ္းေဆာင္ရာ ေရာက္လို႔ ကုန္ေစ်းႏႈန္းက် ဆင္းမူနဲ႔ အတူ လူမ်ားရင္ ျပသာနာ မ်ားတယ္၊ လူေတြ နည္းေလ ေကာင္းေလ အထူးသျဖင့္ လူငယ္ေတြ ျပည္တြင္းမွာ မရွိေလ ေကာင္းေလ အားလုံး ထြက္သြား တာ အေကာင္းဆုံး လို႔ ယူဆတာလည္း ျဖစ္ေကာင္းျဖစ္နိင္ပါတယ္။ ကုန္ပစၥည္း ထုတ္ကုန္ထက္ လူထုတ္ကုန္ကို
မ်ားမ်ားထုတ္လုပ္ဖို႔ လိုအပ္ပါတယ္။ နိင္ငံတကာ မွာေတာ့ ျပည္တြင္းအလုပ္အကိုင္ ဖြံၿဖိဳးတိုးတက္ေရး ျပည္တြင္းထုတ္ကုန္ တိုးပြါးေရး ျဖင့္ ထုတ္ကုန္ ၂ ဆ တိုးျမင့္ၾက အစီအစဥ္ျဖင့္ ျပည္တြင္းအလုပ္အကိုင္ရရွိေရး ျပည္ပပို႔ကုန္ တိုးျမင့္ ေစျခင္းျဖင့္ နိင္ငံျခားေငြ ရွာေဖြျမင့္တင္ၾကေပ့မယ့္ ျမန္မာျပည္မွာေတာ့..
crd-(Thein Aung Chen)
ယူနီကုတ္
ဒေါ်လာကို ရလေ လိုလေဖြစ်လာတဲ့ စကစရဲ့ ထူးဆန်းတဲ့ နောက်ဆုံးပေါ် နိုင်ငံခြားပို့ကုန်များ ( ဒေါ်လာ လိုချင်လို့ ပညာရှိနည်းနဲ့ လူကုန် ကူးနေတဲ့ စကစ )
ပြည်ပပို့ကုန် (Export) ကို အားမပေးပဲ နိင်ငံခြားငွေ လိုချင်တယ် လုပ်မရပါဘူး။ လက်ရှိအခြေအနေကို သုံးသပ်ရရင် တာဝန်ရှိသူတွေက ပစ္စည်းပို့ကုန် (export) ထက် လူပို့ကုန် (export) ကို ပိုအားပေးတဲ့သဘောရှိတယ်။ ဒါကြောင့် ပစ္စည်းပို့ကုန် (export) က ရလာတဲ့ ဒေါ်လာရဲ့ ၆၅ ရာခိုင်နှုန်းကို ၂၁၀၀ ကျပ်နဲ့ လဲလှယ်စေပြီး ၃၅ ရာခိုင်နှုန်းကိုသာ ပြင်ပပေါက်ဈေးနဲ့ လဲလှယ်ခွင့်ပြုတာပါ။ လူပို့ကုန် (export) က ရလာတဲ့ ဒေါ်လာကိုတော့ ၁၀၀ ရာခိုင်နှုန်း အကောင့်လွှဲပြောင်းခွင့်အပြင်
ဘဏ်ကလဲယူတာတောင် ၁ ဒေါ်လာ ၃,၀၀၀ ကျပ်နဲ့ လဲလှယ်ခွင့်ပြုနေတာ ကြည့်ခြင်းအားဖြင့် မြန်မာပြည်မှာ ကုန်ပစ္စည်း ပို့ကုန် (export) ထက် လူပို့ကုန် (export) ကို အားပေးကြောင်း သတိပြုရမှာပါ။ ဒါကြောင့် လူပို့ကုန် (export) အတွက် လိုအပ်တဲ့ ပတ်စ်ပို့ ရုံးတွေမှာ လူပြည့်နေတာ သတိထားမိကြမှာပါ။ လေဆိပ်တွေမှာ လူငယ်အများက နိင်ငံခြားငွေ အတွက် နိင်ငံခြားကို အပြိုင်အဆိုင်ထွက်နေတာ တွေ့ရမှာပါ။ ၂၀၁၆-၂၀၁၇ ဝန်းကျင်မှာ အလုပ်သမားများက နိင်ငံခြားမှ တရားဝင်ဘဏ်မှ
လွှဲပြောင်းတဲ့ ဒေါ်လာက တစ်လကို ဒေါ်လာ သန်း ၆၀၀-၇၀၀ ရှိပါတယ်။ တရားမဝင် ဟွန်းဒီနဲ့ လွှဲတာပါ ထည့်တွက်ရင် လစဉ် တစ်ဘီလိယံကျော် ဒေါ်လာ က ပြည်ပကနေ ပြည်တွင်းကို ဝင်ရောက်နေပါတယ်။ ကုန်ပစ္စည်း ပို့ကုန် (export) က တစ်ကြိမ် ပို့ပြီး ပို့ကုန်တန်ဖိုးရပြီးရင် ဒေါ်လာအဝင်က ပြီးသွားပေ့မယ့် လူပို့ကုန် (export) ကတော့ အဲဒီလူက နိင်ငံခြားမှာ အသက်ရှင် အလုပ်လုပ်နေသရွေ့ ဒေါ်လာ အဝင်က ဆက်လက်ရရှိနိင်တဲ့အတွက် ကုန်ပစ္စည်းပို့ကုန် export ထက်
လူပို့ကုန် export ကို အခွင့်အရေးတွေ ပေးပြီး နိင်ငံခြားငွေ စဉ်ဆက်မပြက် ရှာဖွေပေးမဲ့ လူ export ကို အားပေးတာကို နားလည် လာသလို ရှိပါတယ်။ ကုန်ပစ္စည်း export ထုတ်ကုန် ကို များများလုပ်ရင် ပြည်တွင်း စားသုံးမှုမှာ မလုံမလောက်ဖြစ်ပြီး ဈေးတက်နိင်ပါတယ်။ လူ export ထုတ်ကုန် ကို များများလုပ်ရင် ပြည်တွင်းစားသုံးမူကိုလည်း လျော့ချရာ ရောက်လို့
ကုန်ဈေးနှုန်း ကျဆင်းမူကို တဖက်တလမ်းက စွမ်းဆောင်ရာ ရောက်လို့ ကုန်ဈေးနှုန်းကျ ဆင်းမူနဲ့ အတူ လူများရင် ပြသာနာ များတယ်၊ လူတွေ နည်းလေ ကောင်းလေ အထူးသဖြင့် လူငယ်တွေ ပြည်တွင်းမှာ မရှိလေ ကောင်းလေ အားလုံး ထွက်သွား တာ အကောင်းဆုံး လို့ ယူဆတာလည်း ဖြစ်ကောင်းဖြစ်နိင်ပါတယ်။ ကုန်ပစ္စည်း ထုတ်ကုန်ထက် လူထုတ်ကုန်ကို
များများထုတ်လုပ်ဖို့ လိုအပ်ပါတယ်။ နိင်ငံတကာ မှာတော့ ပြည်တွင်းအလုပ်အကိုင် ဖွံဖြိုးတိုးတက်ရေး ပြည်တွင်းထုတ်ကုန် တိုးပွါးရေး ဖြင့် ထုတ်ကုန် ၂ ဆ တိုးမြင့်ကြ အစီအစဉ်ဖြင့် ပြည်တွင်းအလုပ်အကိုင်ရရှိရေး ပြည်ပပို့ကုန် တိုးမြင့် စေခြင်းဖြင့် နိင်ငံခြားငွေ ရှာဖွေမြင့်တင်ကြပေ့မယ့် မြန်မာပြည်မှာတော့..
crd-(Thein Aung Chen)
Crd
Crd