ဒေါက်ဖိနပ်စီးခြင်းကြောင့်မိန်းကလေးတိုင်းဟာ ခြေထောက်နာသည့်ဝေဒနာကိုအမြဲခံစားနေကြရပါတယ်။ဘယ်လောက်ပင်ခြေထောက်နာနေပါစေ ကောင်မလေးတွေဟာဘယ်ကိုဘဲသွားသွားဒေါက်ဖိနပ်များကိုသာစီးသွားတတ်တာဖြစ်ပါတယ်။
ယခုတွင်လည်းဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့တွင်စုံတွဲနှစ်ဦးသည်အားလပ်ရက်နေ့လေးတွင် နှစ်ယောက်အတူမြို့အနှံလျှောက်လည်ပြီးအချိန်တွေကုန်ဆုံးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ထိုသို့သွားလည်ရာတွင်ကောင်မလေးဟာဒေါက်ဖိနပ်လေးကိုစီးပြီးလမ်းလျှောက်ရတာဖြစ်သည့်အတွက်ခြေထောက်နာလာခဲ့တာဖြစ်ပါတယ်။
ထိုအခါချစ်သူကောင်လေးက ကောင်မလေးခြေထောက်နာနေတာကိုမကြည့်ရက်သည့်အတွက် ဖိနပ်ချင်းလဲလှယ်ပြီးစီးပေးခဲ့ကာ အတူတူလျှောက်လည်ပေးခဲ့ပါတယ်။ချစ်သူကောင်လေး၏ဂရုစိုက်ပုံလေးဟာလူတိုင်းကိုအားကျစေမှာသေချာပါတယ်။
Shoon (Cele Daily)
Unicode
Shoon (Cele Daily)