
ဈေးကြီးပေးပြီးမှာယူထားတဲ့ မင်္ဂလာဆောင်ကိတ်ကို ခွဲလိုက်ရာမှ ဖော့ဖြစ်နေခဲ့လို့ အော်ငိုခဲ့တဲ့သတို့သမီး (ရုပ်သံ)

စုံတွဲတိုင်းဟာ ကိုယ်ချစ်ရတဲ့လူနဲ့မင်္ဂလာလက်ထပ်ပွဲပြုလုပ်ကျင့်ပကြသောအခါ မင်္ဂလာဆောင်ပွဲကိုခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ်ကျင့်ပလိုကြပါတယ်။

အများအားဖြင့်မင်္ဂလာဆောင်ပွဲကျင့်ပရင် သတို့သားနဲ့သတို့သမီး တို့အတွက်ကိတ်တူတူခွဲရန် ကိတ်များမပါမဖြင့်လိုအပ်ပါတယ်။

သို့ပေမယ့်လည်း ဖိလစ်ပိုင်နိုင်ငံကသတို့သမီးတစ်ဦးသည် သူမအတွက်ပျော်ရွှင်စရာ ခမ်းနားတဲ့မင်္ဂလာဆောင်ပွဲကျင့်ပရာတွင် မင်္ဂလာကိတ်ခွဲသည့်အချိန်၌ သူမဟာစိတ်ပျက်စရာနဲ့ကြုံပြီး အော်ငိုခဲ့ရပါတယ်။

ထိုမင်္ဂလာဆောင်ပွဲကျင့်ပရာတွင် အခန်းအနားနဲ့အစားအသောက်များ အလှဆင်ပစ္စည်းများအားလုံးအတွက် ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာဆောင်ပွဲကျင့်ပရန် အမေရိကန်ဒေါ်လာ ၂၆၆၇၀၀ ကိုအသုံးပြုခဲ့ပါတယ်။

ထိုသတို့သမီးဟာ မင်္ဂလာဆောင်ပွဲကိုသူ၏ဆွေမျိုးများအားလုံးနဲ့ ခင်မင်ရသောသူငယ်ချင်းမိတ်ဆွေများအားလုံး ပျော်ပါးနိုင်ရန်အတွက်လည်း စီစဉ်ခဲ့ပါတယ်။

သို့သော် မင်္ဂလာပွဲနေ့တွင် သူမမျှော်လင့်ထားသည့်အတိုင်းမဟုတ်ပဲ ပွဲစီစဉ်သူတွေဟာ အစားအသောက်နဲ့အချိုပွဲများဟာ စိတ်ကျေနပ်စရာမရှိပဲ စားလို့အဆင်မပြေတဲ့အပြင် အစားအစာပြင်ဆင်ပုံသည် အလွန်ကိုညစ်ပတ်ခဲ့ပါတယ်။

ထို့အပြင် ပွဲတစ်ခုလုံးတွင် အရေးကြီးတဲ့ မင်္ဂလာကိတ်ကို အပြင်ပိုင်းကကြည့်ရင် စားချင်စရာ လှပနေခဲ့ပြီးတကယ်ခွဲလိုက်ရာမှ ကိတ်တစ်ခုလုံးဟာ ကိတ်နဲ့ပြုလုပ်ထားခြင်းမရှိပဲ အပေါ်ပိုင်းလောက်သာ ကိတ်များနဲ့ပြုလုပ်ပြီး အောက်ပိုင်းတွင် ကိတ်အရွယ်အစားကြီးအောင် ဖော့များဖြင့်ပြုလုပ်ထားသည်ကို သတို့သမီးကတွေ့ခဲ့ပြီး စိတ်ပျက်စရာဖြစ်ပြီးသတို့သမီးဟာ မျက်ရန်မထိန်းနိုင်ပဲလူအများရှေ့မှာပင် အော်ငိုခဲ့ပါတယ်။

Credit

zawgyi









Crd