

ငွေလှူရင် မင်းသမီးလို့ နာမည်တပ်ပေးတဲ့ ရုပ်ရှင်အစည်းအရုံးနဲ့ မြန်မာ့ရုပ်ရှင် နိဂုံးအဆုံးသတ်နေပြီလား ( မင်းသမီးဖြစ်ချင်လား မင်းသားဖြစ်ချင်လား လွယ်လွယ်လေး အစည်းအရုံးကို ငွေသာလျူ..)

(၁၀၂) ကြိမ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၅) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ၀င်္ကဘာလမ်းမှာ ရှိတဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး တည်နေရာမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ကန်တော့ခံသက်ကြီး ၂၂ ဉီးသာ ဖိတ်ကြားကန်တော့ပြီး ကျန်ကန်တော့ခံ သက်ကြီးပညာရှင်များကို အောက်တိုဘာလ ၁၄ ရက်နေ့မှစ၍

လှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။ အဲဒီအခမ်းအနားမှာ မြန်မာ့ရုပ်ရှင် တစ်သတ်တာဂုဏ်ပြုဆုနှစ်ဆုကို ပေးအပ်ချီးမြှင့်ခဲ့ရာမှာ အကယ်ဒမီ ညွန့်ဝင်းနှင့် အကယ်ဒမီအောင်လွင်တို့က ရရှိခဲ့တယ်လို့ သိရပါတယ်။ သတင်းအနေနဲ့ ဖော်ပြပြီးတဲ့နောက်မှာ အတင်းအနေနဲ့ ထပ်ပြောရရင်တော့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ လာရောက်ကန်တော့ကြတဲ့ အနုပညာရှင်ဆိုတဲ့သူတွေထဲမှာ

အနုပညာရှင်အစစ် မပါသလောက်ဘဲလို့ ပြောချင်ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ပေါက်ကရလုပ်လို့ နာမည်ကြီးလာပြီး အနုပညာရှင်လို့ ကိုယ့်ဟာကိုယ် သတ်မှတ်ထားတဲ့သူတွေ၊ အနုပညာလုပ်ငန်း မလုပ်တာ ဆယ်စုနှစ်ပေါင်း များစွာ ကြာနေတဲ့သူတွေနဲ့ ‌ေ-ာမသက်တမ်း ကြာညောင်းနေတဲ့ သူတွေကိုပဲ တစုတဝေး တွေ့ခဲ့ရပါတယ်။ ကမ္ဘာမှာ အသံထွက်ရုပ်ရှင် စတင်ရိုက်ကူးပြီး

၄ နှစ်အကြာမှာ မြန်မာ့အသံထွက်ရုပ်ရှင်ကို ထုတ်လုပ်နိုင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်လောကဟာ ယခင်က အရှေ့တောင်အာရှမှာ ထိပ်ဆုံးက ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် အာဏာသိမ်းမှုတွေ ကြုံတွေ့ခဲ့ရတိုင်း မြန်မာ့ရုပ်ရှင်ရဲ့ အဆင့်အတန်းဟာ နောက်ပြန်ဆုတ်ခဲ့ရပါတယ်။ ဒီဖက်ခေတ် ၂၀၁၅ ခုနှစ်ဝန်းကျင်ကနေ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးလာတဲ့ မြန်မာ့ရုပ်ရှင်လောကဟာ ၂၀၁၉ ခုနှစ်မှာ

အအောင်မြင်ဆုံးကာလကို ရောက်ရှိခဲ့ပါတယ်။ ရုံတင်ရက်ရဖို့ ဇာတ်ကားအများအပြား တန်းစီစောင့်နေရတဲ့ အခြေအနေအထိ အောင်မြင်ခဲ့ပြီး ရုပ်ရှင်လုပ်ငန်းဟာ ဝင်ငွေကောင်းတဲ့ လုပ်ငန်းတခုအဖြစ် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုဗစ် ဖြစ်စဉ်နဲ့ အာဏာသိမ်းမှုကြောင့် မြန်မာ့ရုပ်ရှင်လောကရဲ့ တိုးတက်မှု အားလုံး ရေစုန်မျောခဲ့ရပြီး ပြည်သူ့ အနုပညာရှင်နဲ့ ‌ေ-ာမ အနုပညာရှင်ဆိုပြီး

နှစ်ခြမ်းကွဲခဲ့ပါတယ်။ ယနေ့ မြန်မာ့ရုပ်ရှင်လောကဟာ “ရုပ်ရှင်ဟာ ပြည်သူ့အတွက်” ဆိုတဲ့ ဝါဒဖြန့် ဆောင်ပုဒ်နဲ့ ပြောင်းပြန်ဖြစ်နေပြီး အာဏာရှင် အလိုကျ ကြိုးဆွဲရာ ကပြနေရတဲ့ အနေအထား ဖြစ်လာပါပြီ။ ဧပြီလကတည်းက အာဏာရှင် အလိုကျ ပြန်လည်ဖွင့်လှစ်ခဲ့တဲ့ ရုပ်ရှင်ရုံတွေဟာ တပွဲမှာ လူဆယ်ယောက်ပြည့်အောင် မဝင်ဘဲ ခွက်ခွက်လန်ပြီး

အရှုံးနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ အဲဒါကြောင့် ပြိုကျလုလု ဖြစ်နေတဲ့ မြန်မာ့ရုပ်ရှင်လောကထဲက ပေါ်ပင်အနုပညာရှင်တွေရဲ့ အားကိုးရာ ကောက်ရိုးတမျှင်ဟာ လူမှုကွန်ရက်ပေါ်မှာ ပေါက်ကရ လုပ်ခြင်းနဲ့ ဝါဒဖြန့် ရုပ်ရှင်တွေ ရိုက်ကူးပေးခြင်းတို့ပဲ ကျန်ရှိပါတော့တယ်။ ပုံမှန် ဖြစ်မနေတဲ့ နိုင်ငံမှာ ဖျော်ဖြေရေးကဏ္ဍတွေကလည်း ပုံမှန် ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ အချုပ်အားဖြင့် ပြောရရင်တော့

ရုပ်ရှင်သက်ကြီးပူဇော်ပွဲဟာ သက်ကြီးအနုပညာရှင်တွေအတွက် အထောက်အပံ့ ရပေမယ့်လည်း အစည်းအရုံးကို ငွေလှူရင် သရုပ်ဆောင်လို့ နာမည်တပ်ပေးတဲ့နေရာ၊ ပေါက်ကရ ဆယ်လီတို့ရဲ့ လူလုံးပြရာနေရာ၊ ‌ေ-ာမ အနုပညာရှင်တို့ရဲ့ လူကြားထဲ မရဲတရဲ တိုးစရာ နေရာ ဖြစ်နေပြီလို့ ဝမ်းနည်းစွာနဲ့ ပြောလိုက်ပါရစေ…

crd-

ယူနီကုတ်










crd-

Crd

Crd

arkarta