ရေငုပ်သင်္ဘောပြီးတော့ ပြင်သစ်ရဲ့ ဖရီးဂိတ်စစ်သင်္ဘောရောင်းချမှုကို ကြားဝင်ဖြတ်လုခဲ့ပြန်တဲ့ အမေရိကန်

အမေရိကန်ဟာ ဖရီးဂိတ်စစ်သင်္ဘောအသစ်လေးစင်းနဲ့ ခေတ်မီအဆင့်မြှင့်တင်မှုဆိုင်ရာ Package တွေကို ဒေါ်လာ ၉.၄ ဘီလီယံနဲ့ ဂရိကို ရောင်းချဖို့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ဒါဟာ ပြင်သစ်နဲ့ ဂရိတို့ရဲ့ ပဏာ မသဘောတူညီချက်မှာ ပါဝင်တဲ့ တန်ဖိုးနဲ့ထပ်တူဖြစ်ပြီး….

အမေရိကန်ရဲ့ ဂရိကို ကြီးမားတဲ့လက်နက်ရောင်းချမှုက ပြင်သစ်အတွက် စိတ်ပျက်စရာဖြစ်လာခဲ့ရပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဂရိရဲ့ MEKO Class Frigates တွေကို အဆင့်မြှင့်တင်ဖို့ ဒေါ်လာ ၂.၅ ဘီလီယံတန်ဖိုးရှိတဲ့ Multi-Mission Surface Combatant (MMSC) အတွက် သီးခြားကမ်းလှမ်းမှုနဲ့အတူ အတည်ပြုခဲ့တာလည်းဖြစ်ပါတယ်။…

“ဒီရောင်းချမှုက ဥရောပမှာ နိုင်ငံရေးတည်ငြိမ်မှုနဲ့ စီးပွားရေးတိုးတက်မှုအတွက် အရေးပါတဲ့မိတ်ဖက်ဖြစ်တဲ့ နေတိုးမဟာမိတ်ရဲ့ လုံခြုံရေးကို မြှင့်တင်ပေးတာဖြစ်ပါတယ်””ဒါ့အပြင် အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးရည်မှန်းချက်တွေကို အထောက်အကူဖြစ်စေမှာပါ” လို့…

ကာကွယ်ရေး၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးအေ ဂျင်စီက ပြောဆိုခဲ့ပါတယ်။ ဒီအစီအစဉ်ကိုအကော င်အထည်ဖော်မယ်ဆိုရင် ဂရိရဲ့ ဖရီးဂိတ်ရေယာဉ်တွေကို အဆင့်မြှင့်တင်ရာမှာ ငါးလက်မအမြောက်တွေနဲ့အတူ အဆင့်မြှင့်တင်ထားတဲ့ ဆိုနာစနစ်လည်း ပါဝင်လာမှာဖြစ်ကာ Lockheed Martin, Rayeheon, VSE Corporation နဲ့ UK’s BAE Systems တို့က အဓိကကန်ထရိုက်တာတွေအဖြစ် ဆောင်ရွက်သွားမှာပါ။….

ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ပြင်သစ်က ဂရိကို ဒေါ်လာ ၃.၄ ဘီလီယံတန်ဖိုးရှိတဲ့ ဖရီးဂိတ်လေးစင်းအတွက် သဘောတူညီချက်ရခဲ့ပါတယ်။ဒါပေမယ့်လည်း တရား ဝင်စာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိသေးဘူးလို့ ပြင်သစ်စစ်တပ်ပြောရေး ဆိုခွင့်ရှိသူ Herve Garndjean က ပြောဆိုခဲ့ပြီး ၃လအတွင်း အပြီးသတ်သဘောတူညီမှုရယူနိုင်ဖို့ မျှော်လင့်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။….

အခုအခါ အမေရိကန်က သဘောတူညီမှုရယူနိုင်ခဲ့တာက ပြင်သစ်ကို ဒေါသထွက်စရာဖြစ်လာစေပြန်ပါတယ် ။ ပြင်သစ်ဟာ ဩစတြေးလျကို ရေငုပ်သင်္ဘောတွေရောင်းချဖို့သဘောတူညီချက်ကလည်း အမေရိကန်ရဲ့ ကြားဝင်မှုကြောင့်ပျက်ပြယ်ခဲ့ရပါတယ်။ အခုအခါ နောက်ထပ်တစ်ကြိမ် အလားတူဖြစ်ရပ်မျိုးကို ရင်ဆိုင်ရတာဖြစ်လို့ နှစ်နိုင်ငံကြား မပြေလည်မှုတွေက ထပ်မံကြီးထွားလာဖွယ်ရာရှိနေပါတယ်။…

ဇော်ဂျီဖောင့်ဖြင့် ဖတ်ရန်

ေရငုပ္သေဘၤာၿပီးေတာ့ ျပင္သစ္ရဲ႕ ဖရီးဂိတ္စစ္သေဘၤာေရာင္းခ်မႈကို ၾကားဝင္ျဖတ္လုခဲ့ျပန္တဲ့ အေမရိကန္

အေမရိကန္ဟာ ဖရီးဂိတ္စစ္သေဘၤာအသစ္ေလးစင္းနဲ႕ ေခတ္မီအဆင့္ျမႇင့္တင္မႈဆိုင္ရာ Package ေတြကို ေဒၚလာ ၉.၄ ဘီလီယံနဲ႕ ဂရိကို ေရာင္းခ်ဖိဳ႕ အတည္ျပဳလိုက္ၿပီျဖစ္ပါတယ္။ ဒါဟာ ျပင္သစ္နဲ႕ ဂရိတို႔ရဲ႕ ပဏာ မသေဘာတူညီခ်က္မွာ ပါဝင္တဲ့ တန္ဖိုးနဲ႕ထပ္တူျဖစ္ၿပီး….

အေမရိကန္ရဲ႕ ဂရိကို ႀကီးမားတဲ့လက္နက္ေရာင္းခ်မႈက ျပင္သစ္အတြက္ စိတ္ပ်က္စရာျဖစ္လာခဲ့ရပါတယ္။အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးဌာနက ဂရိရဲ႕ MEKO Class Frigates ေတြကို အဆင့္ျမႇင့္တင္ဖို႔ ေဒၚလာ ၂.၅ ဘီလီယံတန္ဖိုးရွိတဲ့ Multi-Mission Surface Combatant (MMSC) အတြက္ သီးျခားကမ္းလွမ္းမႈနဲ႕အတူ အတည္ျပဳခဲ့တာလည္းျဖစ္ပါတယ္။…

“ဒီေရာင္းခ်မႈက ဥေရာပမွာ နိုင္ငံေရးတည္ၿငိမ္မႈနဲ႕ စီးပြားေရးတိုးတက္မႈအတြက္ အေရးပါတဲ့မိတ္ဖက္ျဖစ္တဲ့ ေနတိုးမဟာမိတ္ရဲ႕ လုံၿခဳံေရးကို ျမႇင့္တင္ေပးတာျဖစ္ပါတယ္””ဒါ့အျပင္ အေမရိကန္ရဲ႕ နိုင္ငံျခားေရးမူဝါဒနဲ႕ အမ်ိဳးသားလုံၿခဳံေရးရည္မွန္းခ်က္ေတြကို အေထာက္အကူျဖစ္ေစမွာပါ” လို႔…

ကာကြယ္ေရး၊ လုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္ေရးေအ ဂ်င္စီက ေျပာဆိုခဲ့ပါတယ္။ ဒီအစီအစဥ္ကိုအေကာ င္အထည္ေဖာ္မယ္ဆိုရင္ ဂရိရဲ႕ ဖရီးဂိတ္ေရယာဥ္ေတြကို အဆင့္ျမႇင့္တင္ရာမွာ ငါးလက္မအေျမာက္ေတြနဲ႕အတူ အဆင့္ျမႇင့္တင္ထားတဲ့ ဆိုနာစနစ္လည္း ပါဝင္လာမွာျဖစ္ကာ Lockheed Martin, Rayeheon, VSE Corporation နဲ႕ UK’s BAE Systems တို႔က အဓိကကန္ထရိုက္တာေတြအျဖစ္ ေဆာင္႐ြက္သြားမွာပါ။….

ၿပီးခဲ့တဲ့ စက္တင္ဘာလမွာ ျပင္သစ္က ဂရိကို ေဒၚလာ ၃.၄ ဘီလီယံတန္ဖိုးရွိတဲ့ ဖရီးဂိတ္ေလးစင္းအတြက္ သေဘာတူညီခ်က္ရခဲ့ပါတယ္။ဒါေပမယ့္လည္း တရား ဝင္စာခ်ဳပ္ခ်ဳပ္ဆိုနိုင္ျခင္းမရွိေသးဘူးလို႔ ျပင္သစ္စစ္တပ္ေျပာေရး ဆိုခြင့္ရွိသူ Herve Garndjean က ေျပာဆိုခဲ့ၿပီး ၃လအတြင္း အၿပီးသတ္သေဘာတူညီမႈရယူနိုင္ဖို႔ ေမွ်ာ္လင့္ထားေၾကာင္း ဖြင့္ဟခဲ့ပါတယ္။….

အခုအခါ အေမရိကန္က သေဘာတူညီမႈရယူနိုင္ခဲ့တာက ျပင္သစ္ကို ေဒါသထြက္စရာျဖစ္လာေစျပန္ပါတယ္ ။ ျပင္သစ္ဟာ ဩစေၾတးလ်ကိဳ ေရငုပ္သေဘၤာေတြေရာင္းခ်ဖိဳ႕သေဘာတူညီခ်က္ကလည္း အေမရိကန္ရဲ႕ ၾကားဝင္မႈေၾကာင့္ပ်က္ျပယ္ခဲ့ရပါတယ္။ အခုအခါ ေနာက္ထပ္တစ္ႀကိမ္ အလားတူျဖစ္ရပ္မ်ိဳးကို ရင္ဆိုင္ရတာျဖစ္လို႔ ႏွစ္နိုင္ငံၾကား မေျပလည္မႈေတြက ထပ္မံႀကီးထြားလာဖြယ္ရာရွိေနပါတယ္။…