အ​မေရီကန်နိုင်ငံ​လေတပ်မှလွဲပြီးအခြားမည်သည့်နိုင်ငံများကို​ရောင်းချခွင့်မရှိသည့် ရုပ်ဆိုး (ခေါ ်) A-10

သူ့နာမည်ကို ရုပ်ဆိုးဟုချစ်စနိုးအမည်ပေးကြသည်။ ကြောက်စရာကောင်းသော စက်အမြောက်ပစ်ခတ်မှုအောက်တွင် မြေပြင်ရှိ ပစ်မှတ်များမှာ ပြားပြားဝပ်ဆင်းခဲ့သည်။သူ့ကို tank buster ဟုလည်းတင်စားပြန်သည်။

အမေရိကန်တို့သည် ဒုတိယကမ္ဘာစစ်အပြီး F-105 ,F-101 fanton များနေရာတွင် အစားထိုးရန် ကြံဆခဲ့သော်လည်းဗီယက်နမ်နှင့် ကိုရီးယား စစ်ပွဲအပြီးတွင် A-1 Sky rider များနေရာတွင် မြေပြင်အကူပေးလေယာဉ်

ထုတ်လုပ်ပေးရန် တောင်းဆိုရာမှ Fair Child Republic သည် A-10 Thunderbolt (Ground Attack Aircraft) ကိုထုတ်လုပ်ပေးခဲ့သည်။

သေမင်းတမန် လမ်းမကြီးဟု တင်စားခဲ့သည့် ပင်လယ်ကွေ့စစ်ပွဲတွင် ကူဝိတ်မှ ဆုတ်ခွာလာသော အီရတ်စစ်ယာဉ်တန်းအား ရာသီဥတုဆိုးရွားနေသည့်ကြားမှပင် နလံမထူအောင် ချေးမှုန်းပေးနိုင်ခဲ့သည်။အီရတ်တို့၏ တင့်ကား ၉၀၀ ကျော်

နှင့် သံချပ်ကာ ၂၀၀၀ ကျော်ကို A-10 မှဖြိုခွင်းပေးနိုင်ခဲ့သည်။တပ်ဆင်ထားသည့် ၃၀ မမ စက်အမြောက် ပစ်ခတ်မှုမှ တွန်းကန်အားကို ခံနိုင်ရည်ရှိသည့်အထိ Airframe မှာတောင်းတင်းလှသည်။တောင်ပံကို တိုက်တေနီယမ်သတ္တုများဖြင့် တည်ဆောက်ထားသည်။

A-10 သည် ပြေးလမ်းတို အတက်အဆင်း(short take-off)ကို စွမ်းဆောင်နိုင်သည်။ ၁၉၇၈ ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီး upgrade ပြုလုပ်ကာ ၂၀၄၀ အထိအသုံးပြုသွားမည်ဖြစ်ကာ tubro အင်ဂျင် ၂ လုံးတပ်ဖြစ်ကာ အသံထက် ၀.၇ ဆ(0.75 Mach) ဖြင့် ပျံသန်းနိုင်စွမ်းရှိသည်။

တပ်ဆင်ထားသည့် လက်နက်များအနေဖြင့် 30 mm GAU 8/A auto cannon မှ တစ်မီနစ်လျှင် ၂၁၀၀ တောင့်မှ ၄၂၀၀ တောင့် နှုန်း(2100 rounds/min,4200 rounds/min)အထိပစ်ခတ်နိုင်သော စက်အမြောက်

တပ်ဆင်ထားပြီး လေယာဉ်မှ ၃၀ မမ စက်အမြောက် ပစ်ခတ်မှုတွန်းကန်အားဒဏ်ခံနိုင်ရန် တစ်မီနစ်လျှင် ၃၉၀၀ တောင့်နှုန်းဖြင့် ပစ်ခတ်ရန်ပစ်ခတ်မှုစနစ်အား အလိုအလျောက်ချိန်ညှိပေးထားသည်။

ထို့အပြင် AGM-65 Maverick(Air to Surface Missiles) ဝေဟင်မှ မြေပြင်ပစ်ဒုံးများ၊ ကလပ်စတာဗုံး များ၊ လေဆာပဲ့ထိန်းဗုံးများ၊ MK 82 500 lbs bombsပေါင် ၅၀၀ ဗုံးများ၊Mk-84 2000 lbs bombs ပေါင် ၂၀၀၀

ဗုံးများနှင့် AIM-9 Sidewinder (Air to Air Missiles)ဟုခေါ်သည့် နာမည်ကျော် ဝေဟင်မှ ဝေဟင်ပစ် တာတိုဒုံးများကို ပြောင်းလဲတပ်ဆင်အသုံးပြုသည်။

A-10 Thunderbolt အား နှစ်ပေါင်းများစွာ ပြုပြင်ထိန်းသိမ်းရေးမလုပ်ဘဲ ပစ်ထားသော်လည်း သုံးစွဲနိုင်သည်ကို တွေ့ရှိရခြင်း
မှာထူးခြားမှုဖြစ်သည်။

A-10 Thunderbolt မြေပြင်အကူ ပေးလေယာဥ်ကို အမေရိကန်လေတပ်မှ တစ်ပါး ပြည်ပနိုင်ငံများသို့ ရောင်းချခြင်းမရှိဘဲ အစီးရေ ၇၀၀ ကျော် ထုတ် လုပ်သုံးစွဲ လျှက်ရှိသည်။
Crd..KokolinOo

zawgyi

သူ႔နာမည္ကို ႐ုပ္ဆိုးဟုခ်စ္စနိုးအမည္ေပးၾကသည္။ ေၾကာက္စရာေကာင္းေသာ စက္အေျမာက္ပစ္ခတ္မႈေအာက္တြင္ ေျမျပင္ရွိ ပစ္မွတ္မ်ားမွာ ျပားျပားဝပ္ဆင္းခဲ့သည္။သူ႔ကို tank buster ဟုလည္းတင္စားျပန္သည္။

အေမရိကန္တို႔သည္ ဒုတိယကမၻာစစ္အၿပီး F-105 ,F-101 fanton မ်ားေနရာတြင္ အစားထိုးရန္ ႀကံဆခဲ့ေသာ္လည္းဗီယက္နမ္ႏွင့္ ကိုရီးယား စစ္ပြဲအၿပီးတြင္ A-1 Sky rider မ်ားေနရာတြင္ ေျမျပင္အကူေပးေလယာဥ္

ထုတ္လုပ္ေပးရန္ ေတာင္းဆိုရာမွ Fair Child Republic သည္ A-10 Thunderbolt (Ground Attack Aircraft) ကိုထုတ္လုပ္ေပးခဲ့သည္။

ေသမင္းတမန္ လမ္းမႀကီးဟု တင္စားခဲ့သည့္ ပင္လယ္ေကြ႕စစ္ပြဲတြင္ ကူဝိတ္မွ ဆုတ္ခြာလာေသာ အီရတ္စစ္ယာဥ္တန္းအား ရာသီဥတုဆိုးရြားေနသည့္ၾကားမွပင္ နလံမထူေအာင္ ေခ်းမႈန္းေပးနိုင္ခဲ့သည္။အီရတ္တို႔၏ တင့္ကား ၉၀၀ ေက်ာ္

ႏွင့္ သံခ်ပ္ကာ ၂၀၀၀ ေက်ာ္ကို A-10 မွၿဖိဳခြင္းေပးနိုင္ခဲ့သည္။တပ္ဆင္ထားသည့္ ၃၀ မမ စက္အေျမာက္ ပစ္ခတ္မႈမွ တြန္းကန္အားကို ခံနိုင္ရည္ရွိသည့္အထိ Airframe မွာေတာင္းတင္းလွသည္။ေတာင္ပံကို တိုက္ေတနီယမ္သတၱဳမ်ားျဖင့္ တည္ေဆာက္ထားသည္။

A-10 သည္ ေျပးလမ္းတို အတက္အဆင္း(short take-off)ကို စြမ္းေဆာင္နိုင္သည္။ ၁၉၇၈ ခုႏွစ္တြင္ ထုတ္လုပ္ခဲ့ၿပီး upgrade ျပဳလုပ္ကာ ၂၀၄၀ အထိအသုံးျပဳသြားမည္ျဖစ္ကာ tubro အင္ဂ်င္ ၂ လုံးတပ္ျဖစ္ကာ အသံထက္ ၀.၇ ဆ(0.75 Mach) ျဖင့္ ပ်ံသန္းနိုင္စြမ္းရွိသည္။

တပ္ဆင္ထားသည့္ လက္နက္မ်ားအေနျဖင့္ 30 mm GAU 8/A auto cannon မွ တစ္မီနစ္လၽွင္ ၂၁၀၀ ေတာင့္မွ ၄၂၀၀ ေတာင့္ ႏႈန္း(2100 rounds/min,4200 rounds/min)အထိပစ္ခတ္နိုင္ေသာ စက္အေျမာက္

တပ္ဆင္ထားၿပီး ေလယာဥ္မွ ၃၀ မမ စက္အေျမာက္ ပစ္ခတ္မႈတြန္းကန္အားဒဏ္ခံနိုင္ရန္ တစ္မီနစ္လၽွင္ ၃၉၀၀ ေတာင့္ႏႈန္းျဖင့္ ပစ္ခတ္ရန္ပစ္ခတ္မႈစနစ္အား အလိုအေလ်ာက္ခ်ိန္ညႇိေပးထားသည္။

ထို႔အျပင္ AGM-65 Maverick(Air to Surface Missiles) ေဝဟင္မွ ေျမျပင္ပစ္ဒုံးမ်ား၊ ကလပ္စတာဗုံး မ်ား၊ ေလဆာပဲ့ထိန္းဗုံးမ်ား၊ MK 82 500 lbs bombsေပါင္ ၅၀၀ ဗုံးမ်ား၊Mk-84 2000 lbs bombs ေပါင္ ၂၀၀၀

ဗုံးမ်ားႏွင့္ AIM-9 Sidewinder (Air to Air Missiles)ဟုေခၚသည့္ နာမည္ေက်ာ္ ေဝဟင္မွ ေဝဟင္ပစ္ တာတိုဒုံးမ်ားကို ေျပာင္းလဲတပ္ဆင္အသုံးျပဳသည္။

A-10 Thunderbolt အား ႏွစ္ေပါင္းမ်ားစြာ ျပဳျပင္ထိန္းသိမ္းေရးမလုပ္ဘဲ ပစ္ထားေသာ္လည္း သုံးစြဲနိုင္သည္ကို ေတြ႕ရွိရျခင္း
မွာထူးျခားမႈျဖစ္သည္။

A-10 Thunderbolt ေျမျပင္အကူ ေပးေလယာဥ္ကို အေမရိကန္ေလတပ္မွ တစ္ပါး ျပည္ပနိုင္ငံမ်ားသို႔ ေရာင္းခ်ျခင္းမရွိဘဲ အစီးေရ ၇၀၀ ေက်ာ္ ထုတ္ လုပ္သုံးစြဲ လၽွက္ရွိသည္။
Crd..KokolinOo