အောက်ကိုမကြည့်ပဲ ဖုန်းထဲစာပို့ရင်း လမ်းလျှောက်ခဲ့ရာမှ ခြေချော်ပြီး လှေကားထစ်ထိပ်ဆုံးပေါ်ကနေ အောက်ဆုံးထိ မှောက်လျက်သားကျခဲ့ပြီး အရှက်ကွဲခဲ့ရသည့် မိန်းကလေး


Post Views:
29

ယနေ့ခေတ်တွင် လူငယ်အတော်များများသည် လမ်းလျှောက်ရင်း ဖုန်းကြည့်ခြင်းက အကျင့်တစ်ခုလို ဖြစ်လာကာ ပတ်ဝန်းကျင်ရှိ ဘယ်အရာကိုမှ စိတ်မဝင်စားတော့ပဲ ဖုန်းထဲ၌စိတ်နစ်နေရာ အန္တရာယ်များလှသော အဖြစ်အပျက်တွေနှင့် ကြုံခဲ့ရသည်။

သို့ဖြစ်၍ ထိုင်ဝမ်နိုင်ငံမှ မိန်းကလေးတစ်ဦးသည် ကုန်တိုက်တစ်ခုသို့ သွားရောက်ပြီး ဆိုင်ကယ်နားပြန်လာချိန်မှာတော့ အောက်ကိုသေချာမကြည့်တော့ပဲ စတိုင်လေးနဲ့ ဖုန်းထဲစာပို့ရင်း အလုပ်ရှုပ်နေခဲ့သည်။

ထိုစဥ် မိန်းကလေးသည် လှေကားထစ်နားဆင်းရာတွင် ဖုန်းထဲပဲ အာရုံရောက်နေ၍ စီးလာသော ဒေါက်မြင့်ဖိနပ်လေးမှ ချော်ပြီးမထိန်းနိုင်တော့ပဲ လှေကားထိပ်ဆုံးဆင့်ကနေ အောက်ဆုံးဆင့်ထိ လှိမ့်ကျရင်း နောက်ဆုံး အမှောက်လျက်လေးဖြစ်နေခဲ့သည်။

မိန်းကလေးသည် ကံကောင်းစွာပဲ ဆိုင်ကယ်ဦးထုပ်ဆောင်းထားသည့်အတွက် ဦးခေါင်းကိုတော့ ထိခိုက်သွားခြင်းမရှိပဲ ဝတ်စားထားသော စကတ်တိုလေးကြောင့် အရှက်ရစေသည့်အပြင် လူအများကြားထဲဖြစ်နေသည့်အတွက်ကြောင့် ပုံတွေရိုက်ခံထိခဲ့ရာ လမ်းလျှောက်ရင်း ဖုန်းကြည့်သောသူများအတွက် သင်ခန်းစာအဖြစ် မျှဝေခဲ့ကြသည်။

Hlaing (Love Feeling)

Zawgyi






Hlaing (Love Feeling)

Crd