အမေရိကန် နဲ့ ဥရောပကို မိနစ် ၃ဝ အတွင်းမှာ ရုရှားက ဖျက်ဆီးနိုင်စွမ်းရှိကြောင်း ကမ္ဘာ့အချမ်းသာဆုံးသူဋ္ဌေးကြီး အီလွန်မတ် သုံးသပ်…

Post Views:
5
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်က ရုရှားနိုင်ငံဟာ အမေရိကန်နိုင်ငံ နဲ့ ဥရောပကို နျူကလီးယားလက်နက်တွေနဲ့တိုက်ခိုက်မယ်ဆိုရင် မိနစ် ၃ဝ အတွင်း ဖျက်ဆီးနိုင်စွမ်းရှိကြောင်း သုံးသပ်ပြောဆိုလိုက်ပါတယ်။
အီလွန်မတ်ဟာ ရုရှားနိုင်ငံက နျူကလီးယားလက်နက်များ အသုံးပြုခြင်း ရှိ/မရှိ ဆိုတဲ့ ဆွေးနွေးမှုများနဲ့ပတ်သက်ပြီး အခုလိုမျိုးထည့်သွင်းပြောဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အီလွန်မတ်က “ရုရှားဟာ နျူကလီးယားလက်နက်များ အသုံးပြုတိုက်ခိုက်လာမယ်ဆိုရင် အ မေရိကန် နဲ့ ဥရောပကို မိနစ် ၃ဝ အတွင်းမှာ ဖျက်ဆီးအနိုင်ယူနိုင်စွမ်းရှိတယ်။
ဒီအကြောင်း အရာကို လူအများအပြား မသိကြဘူး။ ရုရှားဟာ အမေရိကန်နဲ့ ဥရောပကို တိုက်ခိုက်ဖို့ ဖျက်အားပြင်း လက်နက်များ အသုံးပြုလာဖွယ်ရှိနေတယ်” လို့ပြောပါတယ်။
ဒါကြောင့်လည်း ရုရှားဟာ ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုများ ပြုလုပ်နေတဲ့အနောက် အုပ်စုနိုင်ငံများကို မကြာခဏခြိမ်းခြောက်နေခြင်းဖြစ်တယ်လို့ အီလွန်မတ်က ပြောပါတယ်။
ယူကရိန်းဟာ နေတိုးအုပ်စုနိုင်ငံများထဲ ဝင်ရောက်ခဲ့မယ်ဆိုရင် တတိယကမ္ဘာစစ်ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ရုရှားလုံခြုံရေးကောင်စီ ဒုတိယအတွင်းရေးမှူး အလက်ဇန်ဒါ ဗီနီဒစ်တော့ဗ်က ပြောပါတယ်။
ဒါ့အပြင် ရုရှားသမ္မတပူတင်က နေတိုးစစ်ရေးမဟာမိတ်အုပ်စုဟာ ရုရှားနဲ့ ထိပ်တိုက်တွေ့ဆုံဖို့ကြိုးပမ်းလာမယ်ဆိုရင် ကမ္ဘာမှာ ကပ်ဆိုးဖြစ်လာဖွယ်ရှိနေကြောင်း သတိပေးထားပါတယ်။
အီလွန်မတ်ဟာ မကြာသေးမီကလည်း ယူကရိန်းနဲ့ ရုရှားစစ်ပွဲအဆုံးသတ်ရေးအပြင် ထိုင်ဝမ် ငြိမ်းချမ်ရေးနဲ့ပတ်သက်ပြီး အကြံပြုပြောစကားများပြောဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။
ယူကရိန်းစစ်ပွဲ၊ ထိုင်ဝမ်ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အီလွန်မတ်ရဲ့အကြံပေးချက်များကို ယူကရိန်းသမ္မတဇီလန်စကီး အပါအဝင် အနောက်အုပ်စုနိုင်ငံများက ဝေဖန်ပြစ်တင်မှုများလုပ်ဆောင်ခဲ့ပါတယ်။
အီလွန်မတ်က ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ခရိုင်းမီးယားဒေသကို ရုရှားပိုင်နက်အဖြစ်ထောက်ခံခဲ့သလို ရုရှားသိမ်းပိုက်ခဲ့တဲ့ ယူကရိန်းပိုင်နက်လေးခုမှာလုပ်ခဲ့တဲ့ ဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး
ယူကရိန်းအစိုးရကိုယ်တိုင် ကြားနေကာ၊ ကုလသမဂ္ဂရဲ့ကြီးကြပ်မှုနဲ့ အဆိုပါဒေသလေးခုမှာ ရုရှားနဲ့ ပူးပေါင်းလိုခြင်း ရှိ/မရှိ ဆိုတဲ့အချက်ကို ဆန္ဒခံယူပွဲလုပ်သင့်ကြောင်း မကြာသေးမီက အကြံပြုပြောဆိုခဲ့ဖူးပါတယ်။
Crd..M D N
Unicode
Crd..M D N
Crd
Crd