အမေရိကန်ရေတပ်၏ ခေတ်အမှီဆုံးစစ်ရေယာဉ် USS Zumwalt ပစိဖိတ်သမုဒ္ဒရာအနောက်ဘက်သို့ ခရီးထွက်ခြင်း…

အမေရိကန်ရေတပ်၏ ခေတ်အမှီဆုံးစစ်ရေယာဉ် USS Zumwalt ပစိဖိတ်သမုဒ္ဒရာအနောက်ဘက်သို့ ခရီးထွက်ခြင်း…



Post Views:
8

အမေရိကန်ရေတပ်ဟာ ၎င်းတို့၏ ခေတ်အမှီဆုံးစစ်ရေယာဉ်များအထဲ၌ တစ်ခုအပါအဝင်ဖြစ်သည့် USS Zumwalt ကို ပစိဖိတ်သမုဒ္ဒရာအနောက်ဘက်ကို လွန်ခဲ့တဲ့ နှစ်ရက်ကစေလွှတ်ခဲ့ပြီး စစ်ဆင်ရေးတစ်ခုအတွက်လွှတ်တာဖြစ်ကြောင်း ကန်ရေတပ်ဘက်ကပြောပါတယ်။

ယခုနှစ်မေလတွင်မှ တရုတ်ရေတပ်၏ Liaoning လေယာဉ်တင်သင်္ဘောကြီးဦးဆောင်သည့် စစ်ရေယာဉ်စုကြီးဟာ ဂျပန်အနီးရှိ မီယာကိုရေလက်ကြားကို ဖြတ်ကာ အနောက်ပစိဖိတ်ဒေသတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါတယ်။

ထိုနောက် တရုတ်ရေတပ်ဟာ ရုရှားရေတပ်နှင့် ပူးပေါင်း၍ အဆိုပါဒေသ၌ ကင်းလှည့်မှုများ‌ပြုလုပ်ခဲ့ပါသေးတယ်။USS Zumwalt (1001) သည် Zumwalt အတန်းစားဘက်စုံသုံးပဲ့ထိန်းဒုံးပျံတင်ဖျက်ရေယာဉ်ကြီး 3စီးအနက် ပထမဆုံးဖြစ်ပြီး ၎င်းနှင့် တိုက်ပွဲဝင်ရမည့် ရန်သူ့အတွက် ရှုပ်ထွေးသည့် အလွှာတစ်ခုလိုဖြစ်နေမည်ဖြစ်ကြောင်း ဆိုထားပါတယ်။

အကယ်၍ Zumwalt ၌ ဟိုက်ပါဆောနစ်ဒုံးများတပ်ဆင်ထားပါက တရုတ်‌အား များစွာဆွဲဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း ‌အမေရိကန်တပ်မှုးအငြိမ်းစား Carl Schuster က CNN သတင်းဌာနကိုပြောကြားခဲ့ပါတယ်။

မစ္စစ္စပီအခြေစိုက် Huntington Ingalls Industries သင်္ဘောကျင်း မှ တည်ဆောက်ထားသည့် Zumwalt အတန်းစားဖျက်ရေယာဉ်သုံးစီး၌ မကြာမီတွင် ဟိုက်ပါဆောနစ်ဒုံးများတပ်ဆင်လာမည်ဟု Eurasian Time က အခိုင်အမာဖော်ပြခဲ့တာရှိပါတယ်။

USS Zumwalt (1000)ဟာ အနောက်ပစိဖိတ်ဒေသ၌ ကင်းလှည့်နိုင်ရန်အတွက် ကနဦးအဖြစ် စက်တင်ဘာ ၂၆ရက်၌ ဂျပန်နိုင်ငံ ယိုကိုဆူကာ သို့ ဦးစွာ ရောက်ရှိလာခဲ့ပြီး လိုအပ်သည့် ရိက္ခာနှင့် လောင်စာများဖြည့်တင်းခဲ့ပြီးကာမှ အ‌နောက်ပစိဖိတ်ဒေသသို့ခရီးဆက်လာခဲ့ပုံရပါတယ်။

USS Zumwalt ၌ ပါရှိသည့် AN/SPY-3 Multi-Function Radar ကြီးဟာ ‌တည်နေရာထောက်လှမ်းခြင်း အပြင် ပတ်လည်အကွာအဝေး 320km အတွင်းရှိ ပစ်မှတ်ရှာဖွေထောက်လှမ်းခြင်းပါ ပြုလုပ်နိုင်ပြီး ရေယာဉ်ပေါ်၌ တပ်ဆင်ထားသည့် RIM-66 နှင့် RIM-162 လေကာဒုံးများအတွက် ပစ်မှတ်ဆီရောက်အောင် ထိန်းကျောင်းလမ်းညွှန်မှုများပြုလုပ်နိုင်ကြောင်းဆိုထားပါတယ်။

ထို့အပြင် အသံအာရုံခံရေဒါကြီးနှင့် ဂြိုဟ်တုဆက်သွယ်ရေးစနစ်များပါဝင်ပါတယ်။ပင်မလက်နက်စနစ်အဖြစ် 155မမ ကျည်သုံး ရေတပ်သုံး အဆင့်မြင့်အမြှောက်ကြီး (၂)လက်ကို ကိုယ်ပျောက်ကိုယ်ထည်ဖြင့်တပ်ဆင်ထားသော်လည်း ထည့်သွင်းပစ်ခတ်သည့် 155မမကျည်တစ်တောင့်မှာ အမေရိကန်ဒေါ်လာတစ်သန်း (မြန်‌မာငွေဖြင့်တွက်ပါ သိန်း ၂၉၈၀၀ကျော်) ရှိပါတယ်။

ထိုကြောင့် ရေတပ်ဟာ ထို ၁၅၅မမအမြှောက်စနစ်အတွက် ကျည်တစ်တောင့်မှမထည့်ထားကြောင်းဆိုပါတယ်။ ထိုကြောင့်ပင်မလက်နက်စနစ်ဟာ ‌တန်ဖိုးမြင့်ကားအကောင်းစားကြီးဝယ်ပြီးမှ ဆီဈေးအဆမတန်မြင့်နေတာကြောင့် ထုတ်မစီးဘဲ သိမ်းထားရသလိုဖြစ်နေပါတယ်။
M-57 အမျိုးးအစား ဒေါင်လိုက်ပစ်ဒုံးပြွန် (၈၀)အထိတပ်ဆင်ထားပြီး အဆိုပါဒုံးပြွန်များထဲ၌

1. တစ်နာရီကိုအမြန်ဆုံး 4290km နှုန်းဖြင့် အကွာအဝေး 167km နှင့် အမြင့်ပေ 82000အထိရောက်ရှိနိုင်သည့် RIM-66 (SM-2) တာလတ်လေကာဒုံးပျံများ2. တစ်နာရီကိုအမြန်ဆုံး 4900km နှုန်းဖြင့် အကွာအဝေး 50kmကျော် အထိသည့် RIM-162F တာလတ်လေကာဒုံးပျံများ

3. တစ်နာရီကိုအမြန်ဆုံး 913km နှုန်းဖြင့် အကွာအဝေး 2500km အထိ ရောက်ရှိနိုင်သည့် Tomahawk အမျိုးအစား Cruise ဒုံးပျံများ နှင့်4. တော်ပီဒိုပြွန်မပါရှိတာကြောင့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးအတွက် တစ်နာရီကိုအမြန်ဆုံး 1225km နှုန်းဖြင့် အကွာအဝေး 22km ကျော် အထိ ရောက်ရှိနိုင်သည့် RUM-139 ရေငုပ်သင်္ဘောဖျက်ဒုံးပျံများတပ်ဆင်ထားပါတယ်။

အနီးကပ်လေကြောင်းရန်ကာကွယ်ရေးအတွက် တစ်မိနစ်ကို 30 mmကျည်အတောင့်ရေ 200နှုန်းဖြင့် အကွာအဝေး မီတာ 2000အထိ တိတိကျကျပစ်ခတ်နိုင်သော Mk 46 စက်အမြှောက်ကြီး (၂)လက်ကို တပ်ဆင်ထားပါတယ်။

ရေယာဉ်အနောက်၌ ရဟတ်ယာဉ်ကွင်းကြီးတစ်ကွင်းပါရှိပြီး ၎င်းအရှေ့၌ Hangar တစ်ခုလည်းပါရှိကာ ၎င်းအတွင်း၌ SH-60F အပေါ့စားရေကြောင်းဘက်စုံသုံးရဟတ်ယာဉ် (၂)စီး ဒါမှမဟုတ် MH-60R ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရဟတ်ယာဉ် (၁)စီး ဒါမှမဟုတ် MQ-8 အမျိုးအစား ရေကြောင်းကင်းထောက်ရဟတ်ယာဉ် (၃)စီး တင်ဆောင်ထားပါတယ်။

Zumwalt ကြီး‌တစ်စီး၏ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာသန်း ၄၄၀၀ကျော်ရှိခဲ့တာ‌ကြောင့် အမေရိကန်တို့ လက်တွန့်ခဲ့ရပြီး သုံးစီးသာတည်ဆောက်ပြီးစီးခဲ့ပါတယ်။

ယခု အနောက်ပစိဖိတ်သို့ရောက်လာသည့် USS Zumwalt (1000)ကို တရုတ်ရေတပ်မှ အနီးကပ်စောင့်ကြည့်သွားနိုင်ကြောင်း အချို့ကဆိုကြတာကြောင့် ထိပ်တိုက်တွေ့ဦးမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Crd..Military Reviewer

Unicode

















Crd..Military Reviewer

Crd

Crd

arkarta