အေမယ်ဖီကမ်းခြေမှာ သားသမီးများကို Jet Ski စီးနင်းစေမှုအတွက် အီတလီရဲရဲ့မေးခွန်းထုတ်ခံခဲ့ရတဲ့ ဘက်ဟမ်း

ဒေးဗစ်ဘက်ဟမ်းဟာအားလပ်ရက်အပန်းဖြေကာလအတွင်းတွင်ကလေးများကိုJet Skiစီးနင်းစေမှုအတွက်အီတလီရဲတစ်ဦးရဲ့မေးခွန်းထုတ်ခြင်းခံခဲ့ရပါတယ်။

အသက်၄၆နှစ်ရှိဘက်ဟမ်းဟာအပန်းဖြေလှေထက်မှာရဲများနှင့်၄၅မိနစ်ကြာစကားပြောခဲ့ရပြီးနောက်ဆုံးတွင် selfie ဓာတ်ပုံရိုက်ကူးပြီးအဆုံးသတ်သွားခဲ့ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဟာအေမယ်ဖီကမ်းခြေမှာအပန်းဖြေနေခဲ့တာဖြစ်ပြီးရဲမော်တော်တစ်ဦးရောက်လာကာမေးခွန်းထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဘက်ဟမ်းဟာသားဖြစ်သူအသက်၁၆နှစ်ရှိခရုဇ်နှင့်သမီးဖြစ်သူဟာပါတို့ကို Jet Skiးယာဉ်စီးနင်းစေမှုအတွက်မေးခွန်းထုတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

အသက်၁၈နှစ်အောက်ကလေးများအား Jet Ski စီးနင်းမှုပိတ်ပင်ထားပါတယ်။ဒါကြောင့်လည်းဘက်ဟမ်းဟာအီတလီရဲများရဲ့မေးခွန်းထုတ်ခြင်းခံခဲ့ရတာပါ။

မျက်မြင်တစ်ဦးက “ကလေးတွေကအရမ်းငယ်သေးတယ်။အီတလီမှာJet Skiးမောင်းဖို့အသက်၁၈နှစ်ပြည့်ဖို့လိုပါတယ်။ခရုဇ်နဲ့ဟာပါတို့စီးပြီးငါးမိနစ်လောက်ကြာတော့ရဲတွေပေါက်ချလာတော့တာပါပဲ။ဒေးဗစ်ကနေရောင်ခံနေတယ်။နောက်တော့ချက်ချင်းပဲဖြေရှင်းပဲဆင်းခဲ့ရတော့တယ်။ခရုဇ်ရောဟာပါပါအသက်ကယ်အင်္ကျီဝတ်ထားကြတယ်။လှေနားမှာဘဲမောင်းနေကြတာ။ဒီတော့မြင်ရဖို့တော့ခက်ခဲတယ်။ဒေးဗစ်လည်းမြင်သွားရောချက်ချင်းတက်စေခဲ့တယ်။ရဲတွေရဲ့၄၅မိနစ်လောက်မေးခွန်းထုတ်ခံခဲ့ရတယ်။ရဲတွေကစာရွက်စာတမ်းတွေတောင်းတယ်။ဘက်ဟမ်းကလည်းပြတယ်။မေးခွန်းထုတ်နေရင်းရဲတွေကဘက်ဟမ်းဆိုတာသိသွားတယ်။နောက်တော့စကားပြောကြတယ်။selfieဓာတ်ပုံရိုက်ဖို့တောင်တောင်းခဲ့ကြသေးတယ်”လို့ပြောကြားသွားပါတယ်။

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

ZawGyi